What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 08 November 2018 17:42

ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် ကလေးများတွင် လက်၊ ခြေဖဝါးနှင့် ပါးစပ်တို့၌ ရောဂါများဖြစ်ပွားမှု သတိပေးထား

ဗြိတိန်နိုင်ငံရှိ ကလေးများ၏ လက်၊ ခြေဖဝါးနှင့် ပါးစပ်တို့တွင် အနာရောဂါများဖြစ်ပွားလျက်ရှိပြီး ယင်းမှာဗိုင်းရပ်စ်ပိုးတစ်မျိုး ပျံ့နှံ့မှုကြောင့်ဖြစ်ကြောင်း မိဘများကို သတိပေးချက်ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်များမှာ ဗြိတိန်နိုင်ငံ၏ ကျောင်းအချို့တွင် အမြောက်အများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းဗိုင်းရပ်စ်သည် အနီရောင်အနာများဖြစ်ပေါ်ကာ ကလေးများသာမက အရွယ်ရောက်ပြီးသူများကိုပင်လျှင် နာကျင်မှုဝေဒနာ ခံစားရစေကြောင်း ဖော်ပြထားသည်။

 

ထို့အပြင် ယင်းဗိုင်းရပ်စ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ပထမသုံးလပတ်အတွင်း ဖြစ်ပွားခဲ့မည်ဆိုပါက စိုးရိမ်ဖွယ်ရှိကြောင်း၊ ရောဂါလက္ခဏာများထဲမှ တစ်ခုမှာ အပူချိန်မြင့်မားလွန်းခြင်းဖြစ်ပြီး သားလျှောခြင်းအထိ ဖြစ်စေနိုင်သည်ဟု ဆိုထားသည်။ ထို့ကြောင့် ဗြိတိန်နိုင်ငံ၊ ဆမ်းမားဆက်ရှိ ကျောင်းအများစုတွင် ထိုကဲ့သို့ဖြစ်စဉ်များ တိုးပွားလာလျက်ရှိရာ မိဘများအား မိမိတို့၏ရင်သွေးများကို စောင့်ကြည့်ခိုင်းထားရသည်ဟု ဆိုသည်။

aaf88420 e1af 11e8 8c2c af67044c18ce 166e8975562 min

ယင်းဖြစ်စဉ်မှာ စပိန်နိုင်ငံရှိ ထင်ရှားသည့် Majorca ဒေသတွင် ဖြစ်ပေါ်ခဲ့ပြီးကြောင်း၊ ဆက်လက်၍ ဗြိတိန်နိုင်ငံရှိ ကလေးများမှာ ရောဂါဆိုးကူးစက်ခံနေရပြီး အမြွှာကလေးနှစ်ဦးမှာ အဆိုးဆုံးဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုထားသည်။

 

ယင်းအမြွှာနှစ်ဦးမှာ ပြီးခဲ့သည့်လက Majorca ဒေသတွင် ရက်သတ္တပတ်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးနောက် ယင်းကဲ့သို့ နာကျင်မှုဝေဒနာများနှင့် အနီရောင်အနာစက်များ ကူးစက်ခံခဲ့ရသည်ဟု ဆိုသည်။ ယင်းအမြွှာလေးများ၏ မိသားစုမှာ ပြီးခဲ့သည့် စက်တင်ဘာလက စပိန်သို့သွားရောက်ခဲ့ရာမှ ၃ ရက်အကြာတွင် ယင်းကဲ့သို့ရောဂါလက္ခဏာများဖြစ်ပေါ်ခဲ့ပြီး နေထိုင်မကောင်းဖြစ်ခဲ့သည်ကို သတိထားမိသည်ဟု ဆိုသည်။

 

၎င်းတို့မိသားစုသည် နေရပ်ဖြစ်ရာ Solihull သို့ပြန်လာပြီးနောက် ဆရာဝန်နှင့်ပြသရာ တစ်ခါမျှမကြုံဖူးသော ရောဂါတစ်မျိုးဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် အဆိုပါမိသားစုအနေနှင့် သတိပေးချက်တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါရောဂါမှာ ဗိုင်းရပ်စ်ပိုးအုပ်စုတစ်ခုကြောင့်ဖြစ်ပြီး မမွေးဖွားရသေးသော ကလေးများ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေပြီဖြစ်သည်။ ယင်းရောဂါဖြစ်ပွားခဲ့လျှင် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ အစာစားချင်စိတ်ပျော်ကဆုံးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် ပါးစပ်များနာကျင်ခြင်းတို့ ဖြစ်ပေါ်ခံစားရသည်ဟု ဆိုထားသည်။ ယင်းနောက် ၂ ရက်အကြာခန့်တွင် လက်၊ ခြေနှင့် ပါးစပ်တွင်းတို့တွင်သာမက တင်ပါးတို့တွင်ပါ အနီရောင် အစက်များ၊ ပြင်များ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

 

ယင်းသို့ဖြစ်ပေါ်ခဲ့လျှင် မည်သည့်ပဋိဇီဝဆေးနှင့်မျှ ကုသနိုင်မည်မဟုတ်ဘဲ မိမိအိမ်တွင်သာ ကလေးအား အနီးကပ်ပြုစုစောင့်ရှောက်၍ ပျောက်ကင်းသည်အထိ ဂရုစိုက်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် အစာပျော့ပျော့ကျွေးခြင်း၊ ရေများများတိုက်ခြင်း၊ အဖျားသက်သာရန် ပါရာစီတမောတိုက်ခြင်းတို့ပြုလုပ်ကာ ရောဂါမကူးစက်စေရန်အတွက် သန့်ရှင်းသောလက်ကိုအသုံးပြုခြင်းနှင့် ကလေးအား ကျောင်းသို့စေလွှတ်ခြင်း မပြုရန် သတိပေးထားသည်။

Source:mingalarbarmorning

Read:ဓမ္မာတာလာချိန် နောက်ကျတတ်တဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ အကြောင်းအရာများ

ဓမ္မာတာလာချိန် နောက်ကျတတ်တဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ အကြောင်းအရာများ

 

Read times
Rate this item
(0 votes)