What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 February 2019 12:46

ဗီဇပြောင်းကြက်ဥကနေ ကင်ဆာကို သတ်နိုင်တဲ့ အသားဓာတ်တွေ ထုတ်လုပ်နိုင်ပြီး

ဗီဇကို အထူးစီမံပြောင်းလဲထားတဲ့ ကြက်ဥကနေ ဆေးဝါးတွေကို ထုတ်နိုင်ပြီးဖြစ်တာကြောင့် ဆေးဝါးထုတ်လုပ်စရိတ်ကို အများကြီးလျှော့ချနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ 

ဆေးဝါးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းကို အဲ့သည်ကြက်ဥကနေ ထုတ်ယူနိုင်ပြီဖြစ်တဲ့ အတွက် ပိုမိုဈေးချိုတဲ့ ဆေးဝါးတွေကို ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

 

ကင်ဆာဆေးနဲ့ အချို့ ဆေးဝါးထုတ်လုပ်တဲ့နေရာမှာ လိုအပ်တဲ့ အသားဓာတ်တစ်မျိုးဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ ကိုယ်ခံအားစနစ်ရဲ့ အသားဓာတ်ပါဝင်တဲ့ ဥတွေ ဥပေးနိုင်တဲ့ ဗီဇပြောင်းကြက်တွေကို အီဒင်ဘတ်ရှိ ရိုစ်လင်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သည်သုတေသနကြောင့် ပိုမိုသက်သာတဲ့ ဆေးတွေကို ထုတ်လုပ်ပေးနိုင်တော့မှာ ဖြစ်တဲ့အပြင် သည်းနည်းပညာဟာ ကြက်တွေအပေါ်မှာ ဆိုးကျိုးမရှိပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သိပ္ပံစမ်းသပ်မှုတွေအတွက်ငာ အသုံးပြုသေးတာဖြစ်ပြီး လူနာတွေမှာ အမှန်တကယ်အသုံးပြုဖို့အတွက် နှစ်နဲ့ချီ အချိန်ယူုပြီးလေ့လာစမ်းသပ်ရမှာ ဖြစ်ပါတယ်။

 

အသားဓာတ်ကို အခြေခံပြီးထုတ်လုပ်တဲ့ ဆေးဝါးဖြစ်တဲ့ Avastin နဲ့ Herceptin ကို ကင်ဆာနဲ့ အခြားရောဂါကုသမှုအတွက် အကျယ်တဝင့်သုံးစွဲလျက် ရှိပါတယ်။ အချို့ဆေးတွေကို တိရိစ္ဆာန်ဆီက ဆဲလ်တွေကို ယူပြီး ဖန်တီးထားတဲ့ ပတ်ဝန်ကျင်မှာ မွေးမြူးပွားများတဲ့နည်းနဲ့ ထုတ်လုပ်ခဲ့တာကြောင့် အချိန်ကုန်သလို စရိတ်စကလည်း များပါးတယ်။

 

ဒါ့အပြင် ပမာဏအနည်းငယ်ကိုသာ ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် သည်နည်းအသစ်ဟာ ပိုမိုအကျိုးရှိတဲ့အပြင် ကုန်ကျစရိတ်သက်သာတယ်လို့ ပြောကြားခဲ့ပါတယ်။ ကြက်ဥတွေကနေ ရိုးရှင်းတဲ့သန့်စင်မှုစနစ်နဲ့ လိုအပ်တဲ့ အသားဓာတ် ပမာဏကို ထုတ်ယူနိုင်ပါတယ်။ ကြက်ဥသုံးလုံးက ဆေးတစ်လုံးစာ အသားဓာတ်ကို ရရှိနိုင်ပါတယ်။ ကြက်ဥတစ်ကောင်ဟာ တစ်နှစ်ကို ဥ ၃၀၀ အထိ ဥပေးနိုင်တာကြောင့် ဆေးပမာဏအမြောက်အမြား ထုတ်လုပ်နိုင်တယ်လို့ သူတေသီတွေက ပြောပါတယ်။

 

အရင်ကလည်း ကြက်ဥတွေကို အသုံးပြုပြီး ဗိုင်းရပ်စ်ဆေးဝါးတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရိုစ်လင်တက္ကသိုလ်က ထုတ်လုပ်တဲ့ နောရီရူးဆဲလ်ဆေးမျိုးတွေအတွက် လိုအပ်တဲ့ ပရိုတင်းတွေကို ကြက်မရဲ့ ဒီအင်န်အေထဲမှာ တိုက်ရိုက်ပြောင်းလဲ ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ကင်ဆာကိုတိုက်ဖျက်နိုင် စွမ်းရှိတဲ့ IFNalpha2 အသားဓာတ်ကို ထုတ်ယူနိုင်ဖို့ သုတေသီတွေကကြိုးပမ်းခဲ့ တာဖြစ်ပါတယ်။ အရင်က ဆိတ်နဲ့ ယုန်နို့တွေကနေ ထုတ်လုပ်ခဲ့ဖူးပေမဲ့ သည်နည်းကပိုမိုအ ကျိုးများကြောင်း သုတေသီတွေက ပြောပါတယ်။ “ဒီ နည်း ပညာ အောင် မြင် အောင်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ စိတ်လှုပ် ရှားနေကြတယ်၊ လူသားတွေကိုကုသဖို့အ တွက်သာမကပါဘူး၊ သုတေသနနယ်ပယ် နဲ့တိရစ္ဆာန်ကျန်းမာရေးအတွက်ပါ ဆောင် ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်”လို့ ရိုစ်လင် နည်းပညာဌာနမှ အဗီယန်ဘိုင်အိုဖမ်းမီး စီးပွားရေးဌာနခေါင်းဆောင် ဒေါက်တာလီ ဆာဟာရွန်ကပြောကြားခဲ့ပါတယ်။

Source:Kumudra Journal

 

Read: အမျိုးသမီးတိုင်းသိချင်ကြမယ့် အာရှအသားအရေအတွက် အလှအပဆိုင်ရာ နည်းလမ်းကောင်းများ

အမျိုးသမီးတိုင်းသိချင်ကြမယ့် အာရှအသားအရေအတွက် အလှအပဆိုင်ရာ နည်းလမ်းကောင်းများ

 

Read times Last modified on Wednesday, 27 February 2019 14:10
Rate this item
(0 votes)