What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 March 2019 16:48

ရောဂါမျိုးစုံ ဖြစ်လာကြပြီ ဆိုရင်

လူ အများစုဟာ ရောဂါ လက္ခဏာ တွေပေါ်လာ ပြီဆိုရင် ပထမ ဦး ဆုံး မေးတာကတော့ “ ဘာဆေး သောက် ရမှာလဲ ” ဆိုတာကို ရှေးဦးစွာ မေးလေ့ရှိပါတယ်။

လူတိုင်း လိုလို မေးလေ့ရှိတဲ့ မေးခွန်း ဖြစ်ပါတယ်။

 

အဖြေကတော့ “ အစာ သည် ဆေး ” ပဲ ဖြစ်ပါတယ်။ အစာဟာ ဆေး ဖြစ်နိုင်သလို၊ ရောဂါ လည်းရ စေနိုင်ပါတယ်။ အစား အသောက်ကို အရင်ဦးဆုံးပြင်ရ မှာဖြစ်ပါတယ်။ အူကျန်းမာရေး ကောင်း အောင်ပြင်ရမှာ အဓိက အစားအသောက် ဖြစ်ပါတယ်။

 

အူကျန်းမာရေး နဲ့ autoimmune diseases တွေဟာ လက်တွဲပြီးသွားနေကြပါတယ်။ ထိုနည်းတူစွာ ၊ စိတ်ရောဂါမျိုးစုံ ( Autism ရေယဉ်ကြောတည်း ဟူသော စိတ်ရောဂါမျိုးစုံ ) ကလည်း အူ ကျန်းမာရေး ချို့ယွင်းနေတာ အဓိက ဖြစ်ပါတယ်။ သတိမေ့တာ ၊ သူငယ်ပြန် သလိုဖြစ်တာ တွေဟာလည်း B12 နည်းနေတာ နဲ့ လဲ ပတ်သက်နေတော့ ဒါကလဲ အစား အသောက် အဓိက ပဲဖြစ်ပါတယ်။

Read More :  နှလုံးရောဂါ စဉ်းစားစရာ အပိုင်းများ

အချိုတွေ အများကြီးစားရင် insulin hormone ယဉ်ပါးခြင်း ဖြစ်မယ်။ ဆီးချို ဖြစ်တတ်တယ်။ သွေးတိုး ရောဂါ ၊ ကျောက်ကပ် ရောဂါ ၊ မျက်လုံးမှာ တိမ် ဖြစ်မယ် ၊ ကင်ဆာ ရောဂါ စသည်ဖြင့် သေသေချာချာ စဉ်းစားလိုက်မယ် ဆိုရင် ရောဂါ အကုန်လုံး နီးပါး ပဲ ဖြစ်ပါတယ်။

 

အဓိကရှောင်ရမှာ ကတော့ ပြုပြင်ပြီး အစား အသောက်တွေ ဖြစ်ပါတယ်။ အင်္ဂလိပ် လို processed food လို့ ခေါ်ပါတယ်။ သန့်ရှင်း လတ်ဆပ် တဲ့ သဘာဝ အတိုင်း အစား အစာတွေ ကို ရွေးချယ်ပြီး စားသုံးရမှာ ဖြစ်ပါတယ်။

 

တတ်နိုင်မယ်ဆိုရင် အိမ်မှာ ကိုယ်တိုင် ချက်စား စေချင်ပါတယ်။ ဗီတာမင် တို့ ၊ ဖြည့်စွက် ဓာတ်စာ တို့ ဟာ အထိုက်အလျောက် ပံ့ပိုးပေးနိုင် ပေမဲ့လို့ ၊ အဓိက ကတော့ အစားအသောက် ၊ အနေအထိုင် ဖြစ်ပါတယ်။ အစားအသောက်ဟာ အလွန်အရေး ကြီးတာမို့ ၊ သေသေချာချာ လေ့လာကြပါစို့။

 

Source: ဒေါက်တာ ခင်နွယ်ဝင်း

Health Products Directory

Read times
Rate this item
(1 Vote)