What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 May 2019 14:45

ေက်ာက္ဖ႐ံုသီး၏ အက်ဳိးအာနိသင္မ်ား

ေက်ာက္ဖ႐ုံသီး၏ ဂုဏ္သတၱိမွာ ေအးျမၿပီး အရသာမွာ ခ်ိဳေပါ့ခ်ိဳေပါ့ ျဖစ္ၿပီး အဆုတ္၊ အူမႀကီးကို အားေကာင္းေစပါတယ္။

ေက်ာက္ဖ႐ုံသီးက ေအးေသာဓာတ္ျဖစ္ေသာေၾကာင့္ မၾကာခဏ စားေပးသင့္ပါတယ္။ အဓိကစားသုံးသင့္သူမ်ားကေတာ့ အားနည္းသူ၊ ေခါင္းမူးတတ္သူ၊ ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနသူ၊ မ်က္လုံးအျမင္မႈန္ဝါးေနသူ၊ ေက်ာက္ကပ္ေရာဂါရွိသူ၊ ဆီးေရာဂါရွိသူ၊ ႏွလုံးအဆို႔ရွင္ ေရာဂါရရွိသူတို႔ စားသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္မ်ား ေက်ာက္ဖ႐ုံသီးကို တစ္ႀကိမ္တည္း ပမာဏမ်ားစြာ မစားသုံးသင့္ပါ။ ဟင္းခ်ိဳအျဖစ္ ျပဳလုပ္ၿပီး အရည္ကိုသာ ေသာက္ေပးသင့္ပါတယ္။

 

ေက်ာက္ဖ႐ုံသီးထဲတြင္ ဆယ္လူလို႔စ္ဓာတ္ပါတဲ့အတြက္ေၾကာင့္ ေသြးေၾကာမာျခင္းကို ကာကြယ္ေပးပါတယ္။ ေသြးတြင္းအဆီမ်ားကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေက်ာက္ဖ႐ုံသီးကို သရက္ရြက္၊ အစာအိမ္ အားနည္းသူ၊ အသည္းေရာင္ B ပိုးရွိသူတို႔ မစားသင့္ပါဘူး။ ေက်ာက္ဖ႐ုံသီးထဲတြင္ ပ႐ိုတင္းဓာတ္၊ ဗီတာမင္B1 ဗီတာမင္ B2 ၊ ဗီတာမင္ C ၊ ေၾကးဓာတ္၊ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္ဓာတ္၊ ဆယ္လူလို႔စ္ဓာတ္၊ မီးစုန္းႏွင့္ သံဓာတ္တို႔ ျပည့္ဝစြာ ပါဝင္ပါတယ္။

Read More: ေသြးက်ေဆး၏ ေဘးထြက္ဆိုးက်ိဳးမ်ား

 

ေက်ာက္ဖ႐ုံသီးဟာ အေအးဓာတ္ျဖစ္တဲ့အတြက္ ခႏၶာကိုယ္အတြင္းရွိ အပူမ်ားကို စုပ္ယူေပးပါတယ္။ ေက်ာက္ဖ႐ုံသီးစားေပးျခင္းျဖင့္ အပူက်ၿပီး အပူမ်ားသူမ်ား ပိုစားေပးသင့္ပါတယ္။ ေက်ာက္ဖ႐ုံသီးထဲတြင္ ဗီတာမင္ C ဓာတ္ပါေသာေၾကာင့္ ေသြးတိုးေရာဂါ၊ ေက်ာက္ကပ္ေရာဂါတို႔ကို မျဖစ္ေစရန္ ကာကြယ္ေပးပါတယ္။ ဆီးသြားျခင္းကို ေကာင္းက်ိဳးျပဳၿပီး အဆုတ္ကို စိုစြတ္ေစပါတယ္။ အူမႀကီးအတြင္းရွိ အဆိပ္မ်ားကို ရွင္းလင္းေပးႏိုင္ၿပီး ဝမ္းခ်ဳပ္ျခင္းကို မျဖစ္ေစဘဲ အစာေၾကရန္ ကူညီေပးပါတယ္။

 

ေက်ာက္ဖ႐ုံသီးစားေပးျခင္းျဖင့္ ေရဖ်ဥ္းစြဲျခင္း၊ ေရငတ္ျခင္း၊ မ်က္ႏွာေပၚတြင္ အမည္းစက္မ်ား ေပၚထြက္လာျခင္း၊ ရင္က်ပ္ျခင္း၊ လိပ္ေခါင္းေရာဂါ၊ ဝက္ၿခံထြက္ျခင္း၊ စအိုကၽြံျခင္း၊ ထုံနာက်ဥ္နာတို႔ မျဖစ္ေစရန္ ကာကြယ္ေပးနိုင္ပါတယ္။ ဆံပင္၊ ေသြးရည္၊ အေရျပား၊ အရိုး၊ ဦးေႏွာက္၊ အသည္း၊ ႏွလုံးႏွင့္ ေရာဂါခုခံစနစ္တို႔ ဖြံ႔ၿဖိဳးတိုးတက္ေကာင္းမြန္ေစရန္ အေထာက္အကူ ျပဳပါတယ္။

 

ေက်ာက္ဖ႐ုံသီးစားေပးျခင္းျဖင့္ သလိပ္ႏွင့္ ေခ်ာင္းဆိုးကို ေပ်ာက္ေစပါတယ္။ ဆံပင္ကို မပ်က္စီးေစရန္ ကာကြယ္ေပးၿပီး ခႏၶာကိုယ္တြင္းရွိ အဆီမ်ားကိုလည္း ခ်ေပးပါတယ္။ အသားအေရႏွင့္ ကိုယ္ခႏၶာကို လွပေစပါတယ္။ ေက်ာက္ဖ႐ုံသီးသည္ ဝေသာသူမ်ား အဓိကစားသုံးရန္ သင့္ေလ်ာ္ပါတယ္။

 

Source: foodindustrydirectory

{Unicode}

=======

ကျောက်ဖရုံသီး၏ အကျိုးအာနိသင်များ

ကျောက်ဖရုံသီး၏ ဂုဏ်သတ္တိမှာ အေးမြပြီး အရသာမှာ ချိုပေါ့ချိုပေါ့ ဖြစ်ပြီး အဆုတ်၊ အူမကြီးကို အားကောင်းစေပါတယ်။ ကျောက်ဖရုံသီးက အေးသောဓာတ်ဖြစ်သောကြောင့် မကြာခဏ စားပေးသင့်ပါတယ်။ အဓိကစားသုံးသင့်သူများကတော့ အားနည်းသူ၊ ခေါင်းမူးတတ်သူ၊ ဖြူဖပ်ဖြူရော်ဖြစ်နေသူ၊ မျက်လုံးအမြင်မှုန်ဝါးနေသူ၊ ကျောက်ကပ်ရောဂါရှိသူ၊ ဆီးရောဂါရှိသူ၊ နှလုံးအဆို့ရှင် ရောဂါရရှိသူတို့ စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ကျောက်ဖရုံသီးကို တစ်ကြိမ်တည်း ပမာဏများစွာ မစားသုံးသင့်ပါ။ ဟင်းချိုအဖြစ် ပြုလုပ်ပြီး အရည်ကိုသာ သောက်ပေးသင့်ပါတယ်။

 

ကျောက်ဖရုံသီးထဲတွင် ဆယ်လူလို့စ်ဓာတ်ပါတဲ့အတွက်ကြောင့် သွေးကြောမာခြင်းကို ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီများကို လျှော့ချပေးနိုင်ပါတယ်။ ကျောက်ဖရုံသီးကို သရက်ရွက်၊ အစာအိမ် အားနည်းသူ၊ အသည်းရောင် B ပိုးရှိသူတို့ မစားသင့်ပါဘူး။ ကျောက်ဖရုံသီးထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင်B1 ဗီတာမင် B2 ၊ ဗီတာမင် C ၊ ကြေးဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဆယ်လူလို့စ်ဓာတ်၊ မီးစုန်းနှင့် သံဓာတ်တို့ ပြည့်ဝစွာ ပါဝင်ပါတယ်။

 

ကျောက်ဖရုံသီးဟာ အအေးဓာတ်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ အပူများကို စုပ်ယူပေးပါတယ်။ ကျောက်ဖရုံသီးစားပေးခြင်းဖြင့် အပူကျပြီး အပူများသူများ ပိုစားပေးသင့်ပါတယ်။ ကျောက်ဖရုံသီးထဲတွင် ဗီတာမင် C ဓာတ်ပါသောကြောင့် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်စေရန် ကာကွယ်ပေးပါတယ်။ ဆီးသွားခြင်းကို ကောင်းကျိုးပြုပြီး အဆုတ်ကို စိုစွတ်စေပါတယ်။ အူမကြီးအတွင်းရှိ အဆိပ်များကို ရှင်းလင်းပေးနိုင်ပြီး ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ အစာကြေရန် ကူညီပေးပါတယ်။

 

ကျောက်ဖရုံသီးစားပေးခြင်းဖြင့် ရေဖျဉ်းစွဲခြင်း၊ ရေငတ်ခြင်း၊ မျက်နှာပေါ်တွင် အမည်းစက်များ ပေါ်ထွက်လာခြင်း၊ ရင်ကျပ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝက်ခြံထွက်ခြင်း၊ စအိုကျွံခြင်း၊ ထုံနာကျဉ်နာတို့ မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါတယ်။ ဆံပင်၊ သွေးရည်၊ အရေပြား၊ အရိုး၊ ဦးနှောက်၊ အသည်း၊ နှလုံးနှင့် ရောဂါခုခံစနစ်တို့ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် အထောက်အကူ ပြုပါတယ်။

 

ကျောက်ဖရုံသီးစားပေးခြင်းဖြင့် သလိပ်နှင့် ချောင်းဆိုးကို ပျောက်စေပါတယ်။ ဆံပင်ကို မပျက်စီးစေရန် ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင်းရှိ အဆီများကိုလည်း ချပေးပါတယ်။ အသားအရေနှင့် ကိုယ်ခန္ဓာကို လှပစေပါတယ်။ ကျောက်ဖရုံသီးသည် ဝသောသူများ အဓိကစားသုံးရန် သင့်လျော်ပါတယ်။

Read times Last modified on Monday, 23 December 2019 18:15
Rate this item
(1 Vote)