What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 May 2019 17:57

ကိုလက်စထရောပမာဏ မြင့်မားနေသူများ ကုသမှုခံရန် နည်းလမ်းများ

ကိုလက်စထရောသည် သွေးထဲရှိ အဆီပါသော ဓာတ်တစ်မျိုး ဖြစ်သည်။

ကိုလက်စထရောအမျိုးအစားနှစ်မျိုးရှိပြီး ယင်းနှစ်မျိုး ကြား ဟန်ချက်ညီနေမှ ကျန်းမာရေးကောင်းနိုင်သည်။  HDL ခေါ် ကောင်းသောကိုလက်စထရောက ခန္ဓာကိုယ်မှ ပိုလျှံသော ကိုလက်စထရောများကို ဖယ်ရှားရန်ကူညီပေးပြီး LDL ခေါ် မကောင်းသောကိုလက်စထရောက နှလုံးသွေးကြောများထဲ တွင် အဆီများစုဝေးဖြစ်ပေါ်စေသည်။

 

လူတစ်ယောက်တွင် HDL ပမာဏနည်းလွန်းခြင်း(သို့မဟုတ်) LDL ပမာဏများလွန်းခြင်းဖြစ်ပေါ်ပါက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်သည့်အန္တရာယ်ရှိသည်။  LDL ကိုလက်စထရောပမာဏမြင့်မားလွန်းခြင်းကြောင့် လက္ခ ဏာများပြသလေ့မရှိသဖြင့် လူအများသတိမထားမိဘဲ ဖြစ်နေတတ်သည်။

 

ကိုလက်စထရောပမာဏလျော့ကျစေရန် လူနေမှုဘဝပုံစံများ ပြောင်းလဲရန်လိုပြီး ကိုလက်စထရောပမာဏလျော့ကျစေသည့် သဘာဝအစားအစာများလည်း စားသုံးပေးနိုင်သည်။  ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် LDL ကိုလက်စထရော ပမာဏလျော့ကျစေမည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး တစ်နေ့ လျှင် မိနစ် ၃ဝ ခန့် တစ်ပတ်ကိုငါးရက် လေ့ကျင့်ခန်းလုပ်ပေးသင့်သည်။

Read More :  စိတ်ဖိစီးမှုများလာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ

စိတ်ဖိစီးမှုများလာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ

 

ကျန်းမာရေးနှင့်ညီသော အစားအစာများဖြစ်သည့် အသီးအနှံ များ၊ ဟင်းသီးဟင်းရွက်များ၊ သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်း၊ နို့ထွက် အစားအစာများ စားသုံးပေးရန်လိုသည်။ တိရစ္ဆာန်ထွက်ကုန်များ နှင့် ပြုပြင်ထားသော အစားအစာများတွင် မကောင်းသောအဆီ ဓာတ်ပါဝင်သဖြင့် အကန့်အသတ်ဖြင့် စားသုံးသင့်သည်။ အဆီ ဓာတ်ပါဝင်သဖြင့် အကန့်အသတ်ဖြင့်သာ စားသင့်သည်။

 

ကိုယ်အလေးချိန် သာမန်ထက်ပိုများနေခြင်းကြောင့် နှလုံး ရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ်ရှိသည်။ထို့အပြင် ကြက်သွန်ဖြူ၊ နှမ်းကြတ်ပင်၏ အစေ့၊ အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများ၊ အနီရောင်ဘယ်ရီသီး စသည့် အ စားအစာများ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်မှ မကောင်းသော ကိုလက်စထရောများကို လျော့ကျစေနိုင်သည်။

 

ကြက်သွန်ဖြူအရင့်မှ ထုတ်ယူထားသောအဆီကို စားသုံးပေး ခြင်းဖြင့် ကိုလက်စထရောလျော့ကျစေနိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။ ထို့အပြင် အပင်အခြေခံ အိုမီပါ-၃ အဆီများ လည်း စားသုံးပေးသင့်သည်။

 

Source: myannews

Read times
Rate this item
(1 Vote)