What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 May 2019 17:35

စိတ်ဖိစီးမှုများလာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ

လူတစ်ယောက်အနေဖြင့် မိမိလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် ၊ ပတ်ဝန်ကြောင့်ပဲဖြစ်ဖြစ် ၊ မိသာစု ကိစ္စရပ်တွေမှာဘဲဖြစ်ဖြစ် စိတ်ဖိစီးမှုဆိုတာ တစ်မျိုးမဟုတ် တစ်မျိုးတော့ရှိပါတယ်။

စိတ်ဖိစီးမှုကြောင့် အရေပြားကို အစာအာဟာရထောက်ပံ့တဲ့ သွေးကြောလေးတွေ ကျုံ့သွား ၊ ကျဉ်းသွားတတ်ပါတယ်။ သွေးကြောလေးတွေကျဉ်းသွားတဲ့အခါ အ ရေပြားကို အောက်ဆီဂျင်နဲ့ အာဟာရ ဓာတ်တွေပေးပို့ရာမှာ ပမာဏနည်းသွား တတ်ပါတယ်။ အဲသည်အခါ အရေပြား ဆဲလ်တွေ အာဟာရဓာတ် သိပ်မရတော့ ဘဲ အရေပြားပြဿနာတွေအဖြစ် ပြောင်းလဲဖြစ်ပွားလာနိုင်ပါတယ်။

 

စိတ်ဖိစီးမှုကြောင့် ဝက်ခြံထွက်တတ်ပါတယ်။ အိပ်ရေးပျက်တာနဲ့ စိတ်ညစ်စရာ အကြောင်း တစ်ခုခုကြောင့် စိတ်ဖိစီးမှုဖြစ် ရာကနေ ဝက်ခြံဖြစ်ပေါ်တဲ့ ဟော်မုန်းဖြစ် စဉ်ကို ဝင်ရောက်ပတ်သက်တာတွေ ဖြစ် ပေါ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ ဝက်ခြံထွက်လေ့ထွက်ထ မရှိတဲ့ သူတွေလည်း ဝက်ခြံထွက်လာနိုင်သလို ဝက်ခြံ ထွက်တတ်တဲ့သူတွေလည်း ပိုထွက်လာတတ်ပါတယ်။ ဝက်ခြံပေါက် နေတဲ့သူဆိုရင်တော့ ပိုဆိုးတဲ့အခြေအနေ ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုမရှိအောင် နေထိုင်သင့်ပါတယ်။

Read More : လုံးဝ မပေါ့ဆသင့်တဲ့ အစာအိမ်ရောဂါ

လုံးဝ မပေါ့ဆသင့်တဲ့ အစာအိမ်ရောဂါ

 

တချို့ကလည်း စိတ်ဖိစီးမှုကို နာတာရှည်ရောဂါ ဖြစ်သလို တာရှည် နေပြီ ဆိုရင် ကိုယ်တွင်း ကိုယ်ခံအား စနစ်ကိုပါ ထိခိုက်ပျက်စီး လာပါတော့တယ်။ ကိုယ်ခံအား စနစ်အား နည်းသွားနဲ့ အလွယ်တကူ ဖျားနာလာပါတော့တယ်။ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် လျော့နည်းလာတာနဲ့အမျှ တဖြည်းဖြည်း စိတ်ဓာတ်ကျ အားငယ်လာတတ်ပါတယ်။

 

ညဘက်ဆို အိပ်ပျော်ဖို့ခက်သလို အိပ်ရေးဝဝ မအိပ်ရခြင်းရဲ့ အကျိုးဆက်က သွေးပေါင်ချိန် အတက်၊ အကျ မြန်လာခြင်းပါပဲ။ စိတ်ဖိစီးမှု အရမ်းများတဲ့ သူတွေမှာဆို ဦးခေါင်းနဲ့ လည်ပင်းနား တဝိုက်မှာ နာကျင် ကိုက်ခဲတတ်ပြီး နာတာရှည် ခေါင်းကိုက်ဝေဒနာပါ ဖြစ်စေနိုင်ပါတယ်။

 

ဒါကြောင့် စိတ်ဖိစီးမှုတွေများလာတဲ့အခါ ပန်းခြံ ၊ အားကစားကွင်းငယ် ဒါမှမဟုတ် လူသူရှင်းလင်းနေရာတွေမှာ တစ်ယောက်ထဲနေပါ။ လတ်ဆတ်တဲ့ လေကို ရှူရှိက်ပါ။ မိနစ်အငယ်လောက် စိတ်ကိုအနားပေးပါ။ ယောဂ လေ့ကျင့်ခြင်းများ ပြုလုပ်ပေးပါ။ ဒါ့အပြင် လက်ဖက်ရည်သောက်ခြင်း ၊ စာအုပ်ဖတ်ခြင်း တို့ကို ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ စိတ်ဖိစီးမှုတွေကို အမြန်ဆုံး လျော့ချပေးနိုင်ပါလည်း ဖြစ်ပါတယ်။

Read times Last modified on Thursday, 16 May 2019 17:57
Rate this item
(0 votes)