What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 May 2019 17:08

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ဆိုတဲ့ အူမကြီးကင်ဆာ

အူမကြီးကင်ဆာဆိုတာ ကမ္ဘာတစ်ဝန်းအဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်ပြီး ဖြစ်ပွားမှုနှုန်းဟာ ဆက်လက်တိုးတက်နေပါတယ်။ 

ထိုင်းမှာလဲ ဒီအတိုင်းပါပဲ။ အူမကြီးကင်ဆာလူနာအရေအတွက် ဟာ မှန်မှန်ကြီး တိုးတက်နေပါတယ်။ ဖြစ်ခါစမှာ ရောဂါလက္ခဏာ အနည်းငယ်သာ ပြတတ်ပြီး ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို ခုထိ ကွဲကွဲပြားပြား မသိရသေးတဲ့အတွက် အူမကြီးကင်ဆာ ဆိုတာ သက်ရွယ်ကျားမမရွေးကို ဒုက္ခပေးနိုင်တဲ့ “အသံတိတ်အန္တရာယ်ကောင်ကြီး” လို့ သတ်မှတ်နိုင်ပါတယ်။

 

အူမကြီးကင်ဆာအတွက် မျှော်လင့်ချက်ငွေရောင်အနားကွပ်ကလေးကတော့ စာရင်းဇယားများ အရ ၉၀% သော အူမကြီးကင်ဆာတွေဟာ အူထဲမှာ တွေ့ရတဲ့ adenomatous အသားပိုအလုံး တွေကနေ စ ဖြစ်တယ်ဆိုတာကို သိလိုက်ရတာပါပဲ။ အဲဒီတော့ စောစော သိရရင် ကင်ဆာအဆင့် မရောက်ခင် စောစော ဖယ်ထုတ်လိုက်နိုင်တာပေါ့။

 

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဖြင့် အူမကြီးကင်ဆာကို အကောင်းဆုံးကာကွယ်နိုင်ကြောင်း သိရပါတယ်။ ဘာလို့လဲဆိုတော့ မှန်ပြောင်းကြည့်ရင်း အသားပိုတွေကိုတွေ့ရင် တစ်ခါတည်း ဖယ်ထုတ်ပစ်နိုင်လို့ပါပဲ။ အဲဒီအသားပိုကို ဓာတ်ခွဲခန်းပို့ စစ်ပြီးတော့ တကယ်လို့ ကင်ဆာအစောပိုင်းအဆင့်လို့သာအဖြေထွက်ခဲ့ရင် ရောဂါကုသရေးအတွက် ချက်ချင်းလက်ငင်း ဆောင်ရွက်နိုင်တာပေါ့။

 

အူလမ်းကြောင်းမှန်ပြောင်းကြည့်ဖို့ အသက် ၅၀ ပြည့်အောင် စောင့်ရမှာလား။ ယေဘုယျအားဖြင့် ပုံမှန်လူတစ်ဦးဟာ အခြားရောဂါတွေ ဖြစ်နိုင်ချေ ရှိမနေဘူးဆိုရင် အသက် ၅၀ လောက်မှာ အကြိုကင်ဆာအဆင့် အသားပိုများရှိမရှိ ဆိုတာ သိရဖို့ အူလမ်းကြောင်း မှန်ပြောင်းကြည့် စစ်ဆေးဖို့ တိုက်တွန်းပါတယ်။ သို့သော်လည်း အူမကြီးကင်ဆာမျိုးရိုးရှိသူတွေ အဖို့တော့ အဆိုပါကင်ဆာ ဖြစ်နိုင်ချေဟာ တခြားမျိုးရိုးမရှိသူတွေထက် အန္တရာယ်ပိုများနေပြီး သူတို့အတွက် သေမင်းတမန်ရောဂါ လို့တောင် ဆိုနိုင်ပါတယ်။ ဒါဟာ မျိုးရိုးဗီဇလက်ဆင့်ကမ်းရေး ဆိုင်ရာ ကျန်းမာရေး အခြေအနေများမှာ အကျုံးဝင်နေပြီး လူတစ်ယောက်ရဲ့ အူမကြီးကင်ဆာ ဖြစ်လာနိုင်ချေကို ပိုများလာစေပါတယ်။ ဒါကို familial adenomatous polyposis syndrome လို့ ခေါ်ပါတယ်။

 

ဒါ့အပြင် type 2 diabetes လို့ခေါ်တဲ့ ဆီးချိုအမျိုးအစား-၂ ရောဂါရှင်များ နဲ့ အင်ဆူလင် ယဉ်ပါးသူများ (ပုံမှန်ထက် အင်ဆူလင်အဆင့် မြင့်တက်နေသူများ) ကိုလည်း အူမကြီးကင်ဆာ ဖြစ်နိုင်ချေ အန္တရာယ်မြင့်မားသူများ လို့ မှတ်ယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဆူလင် ဟာ တစ်သျှူးနဲ့ ဆဲလ် ကြီးထွားခြင်းကို အားပေးပါတယ်။ ဒါကြောင့် အူအတွင်းက အသားပို ဟာ ကင်ဆာအဆင့်ကို မြန်မြန်ကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ ဆီးချိုအမျိုးအစား-၂ ရောဂါရှင်များ အနေကတော့ ပထမဦးစွာ ရောဂါကို ဖြစ်ပွားစေပြီး အဆိုပါရောဂါမရှိတဲ့သူတွေထက် ရောဂါပြန့် သွားတဲ့နှုန်းဟာ အလွန် မြန်ဆန်တဲ့အတွက် သူတို့ကိုလည်း ဖြစ်နိုင်ချေ အန္တရာယ်မြင့်မားသူများ စာရင်းထဲမှာ ထည့်ထားရပါတယ်။

 

နောက်ထပ် ဖြစ်နိုင်ချေအန္တရာယ်ရှိတဲ့အုပ်စုတစ်စုကတော့ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါဝေဒနာရှင်များအုပ်စု (NAFLD) ပဲ ဖြစ်ပါတယ်။ ဒီအုပ်စုဝင်လူများက တော့ ပုံမှန်လူတွေထက် လူ့သက်တမ်းမှာ ၁.၆ ကနေ ၁.၈ ဆ အထိ တိုနိုင်ပါတယ်။ ဒီလူတွေဟာ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ခြင်း နဲ့ အသည်းကင်ဆာ တွေအပြင် အူမကြီးကင်ဆာ လည်း ဖြစ်နိုင်ကြောင်း အံ့ဩဖွယ်ရာ တွေ့ရှိရပါတယ်။

 

နိုင်ငံရပ်ခြားသုတေသနပြုမှုတစ်ခုမှာ အသည်းအဆီဖုံးရောဂါ ရှိသူနဲ့ မရှိသူ လို့ နှစ်အုပ်စုခွဲထား ပြီး အူလမ်းကြောင်းမှန်ပြောင်းကြည့်စစ်ဆေးခြင်းကို ဂရုတစိုက် ပြုလုပ်ပေးကာ အနီးကပ် စောင့်ကြည့်ထားတဲ့ လူ ၁၂၀၀ ပါတဲ့ နမူနာအုပ်စု မှာ အသည်းအဆီဖုံးရောဂါရှိနေတဲ့ အုပ်စုထဲက အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ကျန်အုပ်စုထက် ကင်ဆာဖြစ်စေနိုင်သော အဒီနိုမာ အသားပိုတွေ ဖြစ်နိုင်ချေ ပိုများတာကို တွေ့ရပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးရောဂါ ရှိသူတွေဟာ အူမကြီးကင်ဆာ ဖြစ်စေဖို့လမ်းကြောင်းကို ဦးတည်နေတာမို့လို့ သူတို့ကို အူမကြီးကင်ဆာဖြစ်နိုင်ချေအန္တရာယ် မြင့်မားသူများအဖြစ် အသေအချာ သတ်မှတ်နိုင်ပါတယ်။

 

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဖြင့် အူမကြီးကင်ဆာကို အကောင်းဆုံးကာကွယ်နိုင်ကြောင်း သတ်မှတ်ထားကြပါတယ်။ အခုဆိုရင် oncogenetic screening လို့ခေါ်တဲ့ ကင်ဆာမျိုးရိုးဗီဇကို စစ်ဆေးတဲ့ နည်းပညာ အသစ် တစ်မျိုးနဲ့လည်း စမ်းသပ်ရှာဖွေနိုင်နေပြီဖြစ်ပါတယ်။ ဒီနည်းပညာဟာ လူတစ်ဦးရဲ့ အနီးဆုံးမိသားစုဝင်များ နှင့် သွေးသားရင်းချာများ၊ ဆွေစဉ်မျိုးဆက်ကို စစ်ဆေးနိုင်ပါတယ်။ ဒီ စစ်ဆေးမှုကနေ မိသားစုထဲမှာ ဒီရောဂါ ဖြစ်ခဲ့ဖူးရင် အခြားမိသားစုဝင်များမှာပါ ဖြစ်လာနိုင်ချေ ရှိမရှိကို စစ်ဆေးပေးနိုင်ပါတယ်။

 

ဒီကနေ့ ကျွန်တော်တို့ဟာ တိကျတဲ့ ဆေးဘက်ဆိုင်ရာအခြေခံမူများကို အားကိုးအားထားပြုလို့ ဆေးကုသမှုဆိုင်ရာ တစ်ခေတ်ဆန်းပြီလို့ ကြေညာနိုင်နေပြီဖြစ်ပါတယ်။ ဆိုလိုတာကတော့ ခုဆိုရင် ရောဂါဝေဒနာကို ဖြစ်ခါမှ ကုသပေးတာသက်သက် တစ်မျိုးတည်း မဟုတ်တော့ဘဲ အလားတူ ရောဂါများ နောက်ထပ် ပြန်ဖြစ်မလာအောင် ကာကွယ်ရေးကိုပါ ရည်ရွယ်အာရုံစိုက် လာကြပြီ ဖြစ်ပါတယ်။

 

ဘာကြောင့်လဲဆိုတော့ လူတော်တော်များများဟာ မျိုးရိုးဗီဇ ကြောင့် ကျန်းမာရေးဆိုင်ရာ ဖောက်လွဲဖောက်ပြန်မှုများ ဖြစ်လာနိုင်တယ်ဆိုတာကို မသိကြပါဘူး။ ဥပမာ – ကင်ဆာရောဂါဟာ မျိုးဆက် တစ်ခုကနေတစ်ခုကို လက်ဆင့်ကမ်းသယ်ဆောင်တတ်တယ် ဆိုတာကို တကယ်ပဲ နားမလည်ကြပါဘူး။ သူတို့ဟာ အမျိုးထဲမှာ ကင်ဆာဖြစ်တဲ့သူတွေ အများကြီးပဲ ဆိုပြီး အံ့ဩနေကြပါတယ်။ ဒီလိုသာဆိုရင် ရောဂါဝေဒနာဟာ ကိုယ့်ဆီကိုအရောက် လာ၊ ချစ်ရတဲ့သူတွေကို ကိုယ့်အနားကနေ တဖြုတ်ဖြုတ်ခေါ်ဆောင်သွားပြီး ရောဂါက ကိုယ့်တစ်မျိုးလုံးကို မင်းမူအနိုင်ယူသွားတဲ့နေ့ကို ဒီလိုပဲ ထိုင်ကြည့်နေကြတော့မလို့လား။

 

ထိုင်းနိုင်ငံ ဆေးဘက်ဆိုင်ရာနယ်ပယ်ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကပဲ သိသိသာသာကြီးကို တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ ခုဆိုရင် တစ်သျှူးနမူနာ ခွဲခြမ်းစိတ်ဖြာမှုမှာ အခြားပြည်ပနိုင်ငံများရဲ့ အကူအညီမပါဘဲ ကင်ဆာရောဂါကို ကိုယ့်ဘာသာကိုယ် စစ်ဆေးရှာဖွေနိုင်နေပြီဖြစ်ပါတယ်။ ကင်ဆာ အမျိုးပေါင်း ၃၀ လောက်ကို ဖြစ်ပွားစေနိုင်တဲ့ ဘုံ (အထွေထွေ) မျိုးရိုးဗီဇ အမျိုး ၅၀ လောက်ကို စစ်ဆေးရှာဖွေနိုင်နေပြီ ဖြစ်တာမို့လို့ ကင်ဆာဖြစ်နိုင်ချေ အန္တရာယ်အားလုံးလောက် နီးနီးကို ရှာဖွေဖော်ထုတ်ပေးနိုင်နေပြီ ဖြစ်ပါတယ်။

 

ဒါကြောင့် ဆရာဝန်တွေဆီကို လာခဲ့ပါ။ သူတို့ဆီကနေ ဘဝနေထိုင်မှုဆိုင်ရာ အကြံပြုချက်ကောင်းတွေကို ရယူလှည့်ပါ။ ထိရောက်တဲ့ ကုသမှုအစီအစဉ် တွေကို ခံယူလှည့်ပါလို့ ဖိတ်ခေါ်ရင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Dr.Assoc. Prof. Teerha Piratvisuth, M.D

 

(Zawgyi)

---------

ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္း၏ဆိုတဲ့ အူမၾကီးကင္ဆာ

အူမႀကီးကင္ဆာဆိုတာ ကမၻာတစ္ဝန္းအျဖစ္အမ်ားဆုံး ေရာဂါတစ္ခုျဖစ္ၿပီး ျဖစ္ပြားမႈႏႈန္းဟာ ဆက္လက္တိုးတက္ေနပါတယ္။ ထိုင္းမွာလဲ ဒီအတိုင္းပါပဲ။ အူမႀကီးကင္ဆာလူနာအေရအတြက္ ဟာ မွန္မွန္ႀကီး တိုးတက္ေနပါတယ္။ ျဖစ္ခါစမွာ ေရာဂါလကၡဏာ အနည္းငယ္သာ ျပတတ္ၿပီး ျဖစ္ပြားရျခင္းရဲ့ အေၾကာင္းရင္းကို ခုထိ ကြဲကြဲျပားျပား မသိရေသးတဲ့အတြက္ အူမႀကီးကင္ဆာ ဆိုတာ သက္ရြယ္က်ားမမေရြးကို ဒုကၡေပးနိုင္တဲ့ “အသံတိတ္အႏၲရာယ္ေကာင္ႀကီး” လို႔ သတ္မွတ္နိုင္ပါတယ္။

 

အူမႀကီးကင္ဆာအတြက္ ေမၽွာ္လင့္ခ်က္ေငြေရာင္အနားကြပ္ကေလးကေတာ့ စာရင္းဇယားမ်ား အရ ၉၀% ေသာ အူမႀကီးကင္ဆာေတြဟာ အူထဲမွာ ေတြ႕ရတဲ့ adenomatous အသားပိုအလုံး ေတြကေန စ ျဖစ္တယ္ဆိုတာကို သိလိုက္ရတာပါပဲ။ အဲဒီေတာ့ ေစာေစာ သိရရင္ ကင္ဆာအဆင့္ မေရာက္ခင္ ေစာေစာ ဖယ္ထုတ္လိုက္နိုင္တာေပါ့။

 

အူလမ္းေၾကာင္းမွန္ေျပာင္းၾကည့္ျခင္းျဖင့္ အူမႀကီးကင္ဆာကို အေကာင္းဆုံးကာကြယ္နိုင္ေၾကာင္း သိရပါတယ္။ ဘာလို႔လဲဆိုေတာ့ မွန္ေျပာင္းၾကည့္ရင္း အသားပိုေတြကိုေတြ႕ရင္ တစ္ခါတည္း ဖယ္ထုတ္ပစ္နိုင္လို႔ပါပဲ။ အဲဒီအသားပိုကို ဓာတ္ခြဲခန္းပို႔ စစ္ၿပီးေတာ့ တကယ္လို႔ ကင္ဆာအေစာပိုင္းအဆင့္လို႔သာအေျဖထြက္ခဲ့ရင္ ေရာဂါကုသေရးအတြက္ ခ်က္ခ်င္းလက္ငင္း ေဆာင္ရြက္နိုင္တာေပါ့။

 

အူလမ္းေၾကာင္းမွန္ေျပာင္းၾကည့္ဖို႔ အသက္ ၅၀ ျပည့္ေအာင္ ေစာင့္ရမွာလား။

ေယဘုယ်အားျဖင့္ ပုံမွန္လူတစ္ဦးဟာ အျခားေရာဂါေတြ ျဖစ္နိုင္ေခ် ရွိမေနဘူးဆိုရင္ အသက္ ၅၀ ေလာက္မွာ အႀကိဳကင္ဆာအဆင့္ အသားပိုမ်ားရွိမရွိ ဆိုတာ သိရဖို႔ အူလမ္းေၾကာင္း မွန္ေျပာင္းၾကည့္ စစ္ေဆးဖို႔ တိုက္တြန္းပါတယ္။ သို႔ေသာ္လည္း အူမႀကီးကင္ဆာမ်ိဳးရိုးရွိသူေတြ အဖို႔ေတာ့ အဆိုပါကင္ဆာ ျဖစ္နိုင္ေခ်ဟာ တျခားမ်ိဳးရိုးမရွိသူေတြထက္ အႏၲရာယ္ပိုမ်ားေနၿပီး သူတို႔အတြက္ ေသမင္းတမန္ေရာဂါ လို႔ေတာင္ ဆိုနိုင္ပါတယ္။ ဒါဟာ မ်ိဳးရိုးဗီဇလက္ဆင့္ကမ္းေရး ဆိုင္ရာ က်န္းမာေရး အေျခအေနမ်ားမွာ အက်ဳံးဝင္ေနၿပီး လူတစ္ေယာက္ရဲ့ အူမႀကီးကင္ဆာ ျဖစ္လာနိုင္ေခ်ကို ပိုမ်ားလာေစပါတယ္။ ဒါကို familial adenomatous polyposis syndrome လို႔ ေခၚပါတယ္။

 

ဒါ့အျပင္ type 2 diabetes လို႔ေခၚတဲ့ ဆီးခ်ိဳအမ်ိဳးအစား-၂ ေရာဂါရွင္မ်ား နဲ႔ အင္ဆူလင္ ယဥ္ပါးသူမ်ား (ပုံမွန္ထက္ အင္ဆူလင္အဆင့္ ျမင့္တက္ေနသူမ်ား) ကိုလည္း အူမႀကီးကင္ဆာ ျဖစ္နိုင္ေခ် အႏၲရာယ္ျမင့္မားသူမ်ား လို႔ မွတ္ယူနိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အင္ဆူလင္ ဟာ တစ္သၽွဴးနဲ႔ ဆဲလ္ ႀကီးထြားျခင္းကို အားေပးပါတယ္။ ဒါေၾကာင့္ အူအတြင္းက အသားပို ဟာ ကင္ဆာအဆင့္ကို ျမန္ျမန္ႀကီး ေျပာင္းလဲသြားေစနိုင္ပါတယ္။ ဆီးခ်ိဳအမ်ိဳးအစား-၂ ေရာဂါရွင္မ်ား အေနကေတာ့ ပထမဦးစြာ ေရာဂါကို ျဖစ္ပြားေစၿပီး အဆိုပါေရာဂါမရွိတဲ့သူေတြထက္ ေရာဂါျပန႔္ သြားတဲ့ႏႈန္းဟာ အလြန္ ျမန္ဆန္တဲ့အတြက္ သူတို႔ကိုလည္း ျဖစ္နိုင္ေခ် အႏၲရာယ္ျမင့္မားသူမ်ား စာရင္းထဲမွာ ထည့္ထားရပါတယ္။

Read More : လ်စ္လ်ဴမရႈသင့္တဲ့ ရင္ဘတ္ေအာင့္ျခင္း ေဝဒနာလကၡဏာတစ္ခု

လ်စ္လ်ဴမရႈသင့္တဲ့ ရင္ဘတ္ေအာင့္ျခင္း ေဝဒနာလကၡဏာတစ္ခု

 

ေနာက္ထပ္ ျဖစ္နိုင္ေခ်အႏၲရာယ္ရွိတဲ့အုပ္စုတစ္စုကေတာ့ အရက္ေၾကာင့္မဟုတ္ေသာ အသည္းအဆီဖုံးေရာဂါေဝဒနာရွင္မ်ားအုပ္စု (NAFLD) ပဲ ျဖစ္ပါတယ္။ ဒီအုပ္စုဝင္လူမ်ားက ေတာ့ ပုံမွန္လူေတြထက္ လူ႔သက္တမ္းမွာ ၁.၆ ကေန ၁.၈ ဆ အထိ တိုနိုင္ပါတယ္။ ဒီလူေတြဟာ နာတာရွည္အသည္းေရာဂါ၊ အသည္းေျခာက္ျခင္း နဲ႔ အသည္းကင္ဆာ ေတြအျပင္ အူမႀကီးကင္ဆာ လည္း ျဖစ္နိုင္ေၾကာင္း အံ့ဩဖြယ္ရာ ေတြ႕ရွိရပါတယ္။

 

နိုင္ငံရပ္ျခားသုေတသနျပဳမႈတစ္ခုမွာ အသည္းအဆီဖုံးေရာဂါ ရွိသူနဲ႔ မရွိသူ လို႔ ႏွစ္အုပ္စုခြဲထား ၿပီး အူလမ္းေၾကာင္းမွန္ေျပာင္းၾကည့္စစ္ေဆးျခင္းကို ဂ႐ုတစိုက္ ျပဳလုပ္ေပးကာ အနီးကပ္ ေစာင့္ၾကည့္ထားတဲ့ လူ ၁၂၀၀ ပါတဲ့ နမူနာအုပ္စု မွာ အသည္းအဆီဖုံးေရာဂါရွိေနတဲ့ အုပ္စုထဲက အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြဟာ က်န္အုပ္စုထက္ ကင္ဆာျဖစ္ေစနိုင္ေသာ အဒီနိုမာ အသားပိုေတြ ျဖစ္နိုင္ေခ် ပိုမ်ားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ အသည္းအဆီဖုံးေရာဂါ ရွိသူေတြဟာ အူမႀကီးကင္ဆာ ျဖစ္ေစဖို႔လမ္းေၾကာင္းကို ဦးတည္ေနတာမို႔လို႔ သူတို႔ကို အူမႀကီးကင္ဆာျဖစ္နိုင္ေခ်အႏၲရာယ္ ျမင့္မားသူမ်ားအျဖစ္ အေသအခ်ာ သတ္မွတ္နိုင္ပါတယ္။

 

ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္း၏

အူလမ္းေၾကာင္းမွန္ေျပာင္းၾကည့္ျခင္းျဖင့္ အူမႀကီးကင္ဆာကို အေကာင္းဆုံးကာကြယ္နိုင္ေၾကာင္း သတ္မွတ္ထားၾကပါတယ္။ အခုဆိုရင္ oncogenetic screening လို႔ေခၚတဲ့ ကင္ဆာမ်ိဳးရိုးဗီဇကို စစ္ေဆးတဲ့ နည္းပညာ အသစ္ တစ္မ်ိဳးနဲ႔လည္း စမ္းသပ္ရွာေဖြနိုင္ေနၿပီျဖစ္ပါတယ္။ ဒီနည္းပညာဟာ လူတစ္ဦးရဲ့ အနီးဆုံးမိသားစုဝင္မ်ား ႏွင့္ ေသြးသားရင္းခ်ာမ်ား၊ ေဆြစဥ္မ်ိဳးဆက္ကို စစ္ေဆးနိုင္ပါတယ္။ ဒီ စစ္ေဆးမႈကေန မိသားစုထဲမွာ ဒီေရာဂါ ျဖစ္ခဲ့ဖူးရင္ အျခားမိသားစုဝင္မ်ားမွာပါ ျဖစ္လာနိုင္ေခ် ရွိမရွိကို စစ္ေဆးေပးနိုင္ပါတယ္။

 

ဒီကေန႔ ကၽြန္ေတာ္တို႔ဟာ တိက်တဲ့ ေဆးဘက္ဆိုင္ရာအေျခခံမူမ်ားကို အားကိုးအားထားျပဳလို႔ ေဆးကုသမႈဆိုင္ရာ တစ္ေခတ္ဆန္းၿပီလို႔ ေၾကညာနိုင္ေနၿပီျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ ခုဆိုရင္ ေရာဂါေဝဒနာကို ျဖစ္ခါမွ ကုသေပးတာသက္သက္ တစ္မ်ိဳးတည္း မဟုတ္ေတာ့ဘဲ အလားတူ ေရာဂါမ်ား ေနာက္ထပ္ ျပန္ျဖစ္မလာေအာင္ ကာကြယ္ေရးကိုပါ ရည္ရြယ္အာ႐ုံစိုက္ လာၾကၿပီ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ မ်ိဳးရိုးဗီဇ ေၾကာင့္ က်န္းမာေရးဆိုင္ရာ ေဖာက္လြဲေဖာက္ျပန္မႈမ်ား ျဖစ္လာနိုင္တယ္ဆိုတာကို မသိၾကပါဘူး။ ဥပမာ – ကင္ဆာေရာဂါဟာ မ်ိဳးဆက္ တစ္ခုကေနတစ္ခုကို လက္ဆင့္ကမ္းသယ္ေဆာင္တတ္တယ္ ဆိုတာကို တကယ္ပဲ နားမလည္ၾကပါဘူး။ သူတို႔ဟာ အမ်ိဳးထဲမွာ ကင္ဆာျဖစ္တဲ့သူေတြ အမ်ားႀကီးပဲ ဆိုၿပီး အံ့ဩေနၾကပါတယ္။ ဒီလိုသာဆိုရင္ ေရာဂါေဝဒနာဟာ ကိုယ့္ဆီကိုအေရာက္ လာ၊ ခ်စ္ရတဲ့သူေတြကို ကိုယ့္အနားကေန တျဖဳတ္ျဖဳတ္ေခၚေဆာင္သြားၿပီး ေရာဂါက ကိုယ့္တစ္မ်ိဳးလုံးကို မင္းမူအနိုင္ယူသြားတဲ့ေန႔ကို ဒီလိုပဲ ထိုင္ၾကည့္ေနၾကေတာ့မလို႔လား။

 

ထိုင္းနိုင္ငံ ေဆးဘက္ဆိုင္ရာနယ္ပယ္ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းကပဲ သိသိသာသာႀကီးကို တိုးတက္ေျပာင္းလဲလာခဲ့ၿပီျဖစ္ပါတယ္။ ခုဆိုရင္ တစ္သၽွဴးနမူနာ ခြဲျခမ္းစိတ္ျဖာမႈမွာ အျခားျပည္ပနိုင္ငံမ်ားရဲ့ အကူအညီမပါဘဲ ကင္ဆာေရာဂါကို ကိုယ့္ဘာသာကိုယ္ စစ္ေဆးရွာေဖြနိုင္ေနၿပီျဖစ္ပါတယ္။ ကင္ဆာ အမ်ိဳးေပါင္း ၃၀ ေလာက္ကို ျဖစ္ပြားေစနိုင္တဲ့ ဘုံ (အေထြေထြ) မ်ိဳးရိုးဗီဇ အမ်ိဳး ၅၀ ေလာက္ကို စစ္ေဆးရွာေဖြနိုင္ေနၿပီ ျဖစ္တာမို႔လို႔ ကင္ဆာျဖစ္နိုင္ေခ် အႏၲရာယ္အားလုံးေလာက္ နီးနီးကို ရွာေဖြေဖာ္ထုတ္ေပးနိုင္ေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆရာဝန္ေတြဆီကို လာခဲ့ပါ။ သူတို႔ဆီကေန ဘ၀ေနထိုင္မႈဆိုင္ရာ အႀကံျပဳခ်က္ေကာင္းေတြကို ရယူလွည့္ပါ။ ထိေရာက္တဲ့ ကုသမႈအစီအစဥ္ ေတြကို ခံယူလွည့္ပါလို႔ ဖိတ္ေခၚရင္း သတင္းေကာင္းပါးလိုက္ရပါတယ္။

 

Dr.Assoc. Prof. Teerha Piratvisuth, M.D

Read times Last modified on Wednesday, 29 January 2020 18:01
Rate this item
(0 votes)