What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 May 2019 12:16

လျစ်လျူမရှုသင့်တဲ့ ရင်ဘတ်အောင့်ခြင်း ဝေဒနာလက္ခဏာတစ်ခု

တစ်စုံတစ်ယောက်က ရင်ဘတ်အောင့်တယ်လို့ ပြောလိုက်တာနဲ့ အရင်ဆုံးတွေမိတာတစ်ခုကတော့ နှလုံးသွေကြောတွေမှာ ပြဿနာ တစ်ခုခုဖြစ်နေပြီးလို့ တွေးကြပါတယ်။

ဒီလိုဖြစ်တာနဲ့ တစ်ပြိုင်ထဲ ဆေးခန်းကို ပြဖို့လိုပြီးဆို တွေးကြပါတယ်။ ရင်ဘတ်အောင့်ပြီးဆို ဘယ်လိုလက္ခဏာတွေကို လျစ်လျူရှုလိုရလဲ မရလဲ ဘယ်သူမှ သတိထားမိကြပါဘူး။ ဒါကြောင့် လျစ်လျူတော့မယ်ဆိုရင် ဘယ်လို ဝေဒနာကို လျစ်လျှူမရှုသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ရင်ဘတ်အောင့်ရသည့် အကြောင်းအရင်းမှာ များစွာရှိပါတယ်။ အသက်အန္တရာယ်အထိ စိုးရိမ်ရဖွယ်ဖြစ်သော အကြောင်းများမှာ နှလုံးအောင့်ခြင်း (သို့မဟုတ်) နှလုံးကြွက်သား ပျက်စီးခြင်းများ ဖြစ်ပြီးအောက်ပါလက္ခဏာများကို တွေ့ရတတ်ပါတယ်။

 

ရင်ဘတ်တွင် တင်းကြပ်၍ အရာတစ်ခုခုသည် ရင်ဘတ်အလည်တည့်တည့်နှင့် အရေပြားအတွင်းသို့ ပြင်းထန်စွာနှင့် လေးလံစွာ ဖိထားခြင်းမျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နာကျင်မှုမျိုးမှာ ပုခုံး၊ လက်မောင်း၊ (သို့မဟုတ်) မေးရိုးတို့တွင် တစ်ဖက်တည်းဖြစ် စေ၊ နှစ်ဖက်စလုံးဖြစ်စေ နာကျင်မှာ ဖြစ်တယ်။ အချို့သောလူနားများသည် ရင်ဘတ်၌ဆိုးရွားစွာ နာကျင်မှုမခံစားရသော်လည်း သူတို့၏ရင်ညွှန့် ရိုးအောက်တွင် ဓါးဖြင့်ထိုးခံရသကဲ့သို့နာကျင်မှုမျိုးဖြစ်ပြီး ထိုသူ၌ မည်သည့်အစာအိမ် ပြဿနာမျိုး မရှိဖူးခဲ့သူမျိုးဖြစ်ပါတယ်။

 

ခွန်အားအသုံးပြုရာတွင် ဥပမာ မတ်တပ်ရပ်ခြင်း ပြုလုပ်ရာတွင် နာကျင်မှုမျိုးသည် ပို၍ဆိုးလာပြီး ပြန်၍ထိုင်လိုက်ပါက တဖြေးဖြေး နာကျင်မှု ပြန်လျော့သွားစေခြင်းမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာတစ်ကိုယ်လုံး အလွန်အမင်း ချွေးထွက်ခြင်း ကြုံတွေ့ရပါတယ်။ လူနာတွင် ပျို့အန်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးခုန်ုနှုန်းမြန်ခြင်းနှင့် အသက်ရှုမရခြင်းများကို ထိုင်နေ စဉ်တွင်ဖြစ်ပြီး ပြန်ထချိန်တွင် နဂိုကာလာထက် ပို၍ခက်ခဲခြင်းမျိုးခံစားရတတ်ပါတယ်။ သို့ဖြစ်ပါ၍ ဤကဲ့သို့သော ကာလဖြစ်သည်မှာ မိနစ် ၂၀ ထက် ကြာမြင့်ခဲ့သော်၊ ထိုသို့ဖြစ်ခြင်းသည် နှလုံး အောင့်ခြင်းကြောင့်ပင် ဖြစ်ပါတယ်။ ထိုသူသည် အလျင်မြန်ဆုံး ဆေးကုသမှုအတွက် လိုအပ်ပါတယ်။

 

ရင်ဘတ်အောင့်ရသည့်အကြောင်းအရင်းမှာ များစွာသော အချက်များကြောင့်ဖြစ်သည်။ သို့ သော်လည်း နှလုံးအောင့်ခြင်း (သို့မဟုတ်) နှလုံးကြွက်သား၌သွေးလည်ပတ်မှုမရ၍ ကြွက်သား ပုပ်ခြင်းတို့တွင် ဖြစ်သော ရင်ဘတ်အောင့်ခြင်းမှာ အလွန်မှ အန္တရာယ်ရှိလှပါတယ်။

Read More : မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာများ

မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာများ


(၁) အဆုတ်အမြေးဖုံး၌လေဝင်ခြင်း(Pneumothorax): လူနာတစ်ဦးတွင် ထိုသို့သော အခြေအနေမျိုးခံစားရလျှင် ရင်ဘတ်တစ်ခြမ်းဖြစ်စေ၊ နှစ်ခြမ်းစလုံးဖြစ်စေ အလွန်တင်းကြပ်သည့်ဝေဒနာကို သိသာစွာခံစားရပေမည်။ အခြားသော လက္ခဏာမှာ အသက်ရှူသည့် ပမာဏထုထည် ကျဆင်းလာပြီး အချိန်နှင့်အမျှပို၍ ဆိုးလာစေပါသည်။ ဤကဲ့သို့ သော အခြေအနေမျိုးမှာ မဆိုင်းမတွဘဲ ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤ အခြေအနေမှတဆင့် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပျက်ယွင်းစေနိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။

 

(၂) GERD (gastroesophageal reflux disease): ဤကဲ့သို့ အခြေအနေမျိုးမှာရင်ညွှန့်ရိုး၏ အောက်ခြေမှ ရင်ဘတ်အလည်ထိ ပူလောင်သော ခံစားချက်မျိုးရှိ ထိုသို့သော ခံစားချက်မျိုးဖြစ်သည်။ ထိုကဲ့သို ခံစားရသော တချို့လူနာတွင် လည်မျို၌ ပူလောင်ခြင်းမျိုး ဖြစ်တတ်သည်။ အစာစားပြီးပြီးခြင်း လှဲအိပ်ခြင်းနှင့် တခါတည်းအစာ အများကြီးပြည့်အောင် စားသုံးခြင်းတို့သည် ထိုသို့သော လက္ခဏာများကို ပိုဆိုးစေပြီး အသက်ရှူမ၀ဖြစ် စေတတ်ပါသည်။ သို့သော်လည်း ဤကဲ့သို့သော ဝေဒနာများသည် လမ်းအနည်းငယ်လျှောက်ရုံဖြင့် သက်သာသွားစေနိုင်ပါသည်။ ဤကဲ့သို့သော လက္ခဏာများသည် သင့်တော်သော သောက်ဆေးသောက် ပေးပါက လျင်မြန်စွာ သက်သာပျောက်ကင်းသွားစေနိုင်သည်။ (GERD) သည် အသက်အန္တ ရယ် စိုးရိမ်ရသော အခြေအနေမျိုး မဟုတ်သော်လည်း နှလုံး (Heart Attack)၏ လက္ခဏာနှင့် အလွန်ဆင် တူသောကြောင့် ဆရာဝန်နှင့်တွေ့ပြီး ရောဂါရှာဖွေခြင်းနှင့် သင့်တော်သော ကုသမှုများ စီစဉ်သင့်ပါသည်။

 

(၃) Costochondritis: ဤကဲ့သို့သော အခြေအနေမျိုး၌လည်း ရင်ဘတ်အောင့်သည့် ဝေဒနာမျိုး ရင်ဘတ် ၏ ဘယ်ဘက်ဖြစ်စေ၌ညာဘက် ၌ဖြစ်စေ ဖြစ်ပေါ်တတ်သည်။ ဤလက္ခဏာတွင် ရင်ဘတ်သို့ အချွန် ဖြင့်ထိုးသည့် နာကျင်မှုမျိုးရှိသည်။ ဤကဲ့သို့ ခံစားရလျှင် ကိုယ်ခန္ဓာအနေအထားပြောင်းလိုက်လျှင် နာကျင်မှုသည် မည်သည့်နေရာမှ လာသည်ကို ထင်ရှားစွာ သိနိုင်ပါသည်။ အချို့လူနာများသည် အသက် ရှူလိုက်လျှင် ရင်ဘတ်မှ နံရိုးအုံ၏လှုပ်ရှားမှုကြောင့် အလွန်နာကျင်မှုမျိုးကို ဖြစ်ပေါ်စေသည်။ ပြန်၍ထိုင် လိုက်လျှင် ဝေဒနာပြန်၍သက်သာသွားပြန်ပါသည်။ ထိုသို့သော လက္ခဏာမှာ ၅ မိနစ်မှ မိနစ်အနည်းငယ် သာ ကြာမြင့်တတ်၍ ဆေးကုသရန် မလိုအပ်ပါ။ သို့သော်လည်း ဝေဒနာမှာ မိနစ် ၂၀ တိုင်အောင် မသက် သာလာပါက ဆရာဝန်နှင့် ရောဂါကို သိရှိစေရန် စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။

 

(၄) Pulmonary embolism: (အဆုတ်တွင် သွေးခဲမှု ဖြစ်ပေါ်ခြင်း) ဤကဲ့သို့သော အခြေအနေမျိုးကို (economic class syndrome) ဟူ၍ သုံးနှုန်းတတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများတွင် ခရီးတစ်နေရာမှ အခြားတစ်နေရာသို့ သွားလာရာတွင် တစ်ရာရီထက် ကြာမြင့်စွာ သွားလာရခြင်းကြောင့် ထိုအခြေအနေမျိုးကို ဖြစ်ပေါ်စေပါသည်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း အဆုတ်၌သွေးခဲ သောအခြေအနေမျိုးကို ဖြစ်ပေါ်နိုင်စေပါသည်။ ထိုသို့ဖြစ်ရသည်မှာ သွေးကိုခဲသွားစေခြင်းနှင့် ခြေထောက် တွင် သွေးခဲမှုမျိုးကို ဖြစ်ပေါ်စေပြီးနောက် သွေးလည်ပတ်မှု ပို့ဆောင်သည့်အတိုင်း အဆုတ်သို့ ရောက်ရှိ စေပြီး လူနာ၌ မောပန်းမှုကို ဖြစ်လာစေပါသည်။ ထို့နောက် ( Heart Attack ) နှင့် ဝေဒနာခြင်းဆင်တူ သော အသက်ရှူကြပ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းမျိုး ခံစားရပါသည်။ သို့သော်လည်း ဤကဲ့သို့သော နာကျင်မှုသည် ကိုယ်ခန္ဓာ၏ အခြားနေရာများသို့ မရောက်ခင်ပင်တချို့သော ဆိုးဝါးသောအခြေအနေများတွင်မူ အသက်အန္တရာယ်ကိုပါ ထိခိုက်စေပါသည်။

 

(၅) Hyperventilation syndrome: (အဆုတ်ထဲသို့အသက်ရှူသွင်း ရှူထုတ် ပြင်းထန်မြန်ဆန်သော ပြဿနာ) အသက်ရှူသွင်း ရှူထုတ် ပြင်းထန်ခြင်းမျိုးသည် လူနာတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာနှင့် ဆက်သွယ်မှုရှိပြီး ထိုလူနာ၏ အသက် ရှူသွင်းမှု အနေအထားတည်ငြိမ်စွာမရှိ သည်ကိုတွေ့ရပါသည်။ လူနာ၏အသက်ရှူနှုန်း မြန်လာလျှင် သွေးထဲ တွင် အက်စစ်ဓာတ်များ ပုံမမှန်ဖြစ် စေကာ ရင်ဘတ်တွင်တင်းကျပ်လာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ကြွက်သားများ ကြုံ့ တွလာခြင်း (သို့မဟုတ်) ကိုယ်ခန္ဓာတကိုယ်လုံးအနှံ့ ထုံ ကျင်လာမည်ဖြစ်ပါသည်။ ဤကဲ့သို့ သောလူနာသည် ထိုလက္ခဏာဝေဒနာများဖြစ်လာသောကြောင့် မိမိကိုယ်ကို အသက်ရှူ ပုံမှန်ဖြစ်လာစေ ရန် အသက်ရှူ ခြင်းအကြိမ်အရေအတွက် မြှင့်လိုက်ခြင်းက ထိုအခြေအနေကို ပိုဆိုးစေပါသည်။ ထိုအခြေအနေ မျိုးကို ဆယ်ကျော်သက်များ စိတ်ဖိစီးမှုနှင့် ဖိအားများကြုံတွေ့ရသော အခြေအနေမျိုးတွင် ပို၍တွေ့ရပါ သည်။ ရှေ့ဦးပြုစုနည်းလမ်းများအရ ထိုသူကို ကြမ်းပြင်၌ လဲလျောင်းစေပြီး၊ စိတ်လျှော့စေခြင်း၊ အသက်ရှူ နည်းကို ပုံမှန်ရှူသွင်းမှု ပြုလုပ်စေရန် အကြံပြုရပါမည်။ ဤခံစားရသော လက္ခဏာမှာ ၅ မိနစ်မှ ၁ဝမိနစ်အ တွင်း ဤအကြံပြုချက်အတိုင်း ပြုလုပ်လျှင် လျင်မြန်စွာ လျှော့သွားပါမည်။ သို့သော်လည်း ဤသို့ဆောင် ရွက်မှု ပြုလုပ်ပြီး လူနာ၌ ဝေဒနာ မသက်သာခဲ့သော် ဆေးရုံသို့ သင့်တော်သော ဆေးစစ်ကုသမှုများ ခံယူရန် ပို့ဆောင်သင့်ပါသည်။

 

Doctor : Supachai Nildum, M.D

Read times
Rate this item
(0 votes)