What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 May 2019 16:57

ကြွက်နို့ ပြဿနာ ဘယ်လို ဖြေရှင်းမလဲ

ကြွက်နို့ အမျိုးသားများ နှင့် အမျိုးသမီးတွေမှာပါ ဖြစ်လေ့ရှိပြီး အရေပြားအလှအပ ရုပ်ဆိုးစေတတ်ပါတယ်။ ဒီလိုရုပ်ဆိုးလွန်းတဲ့ ကြွက်နို့တွေကို ဘယ်လိုဖယ်ရှားသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

ကြွက်နို့က လူတိုင်းဖြစ်နိုင်ပေမဲ့ ဒီဗိုင်းရပ်စ်ပိုးက အလွယ်တကူတော့လည်း မကူးစက်ပါဘူး။ ကုသမှုအပိုင်းမှာတော့ တချို့တွေက ဆေးမကုဘဲ ဒီအတိုင်းထားတာကနေ လအတော်ကြာမှာ သူ့အလိုလို ပြန်ပျောက်သွားတတ်တာလဲရှိပါတယ်။

 

ကြွက်နို့ဟာ ခြေ နှင့် လက်တွေမှာ အဖြစ်များလေ့ရှိပြီး အခြားနေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကြွက်နို့ကို အိမ်သုံးပစ္စည်းများဖြင့် အလွယ်တကူ ဖယ်ရှားနိုင်တဲ့ နည်းလမ်းများကတော့ ကြွက်နို့ရှိတဲ့ နေရာကို ကြက်သွန်ဖြူဖြင့် ပွတ်တိုက်ပေးခြင်း ၊ ကြွက်နို့အပေါ်ကို ဆိုဒါမှုန့် သိပ်ထားပြီး ၊ ကြက်ဆူဆီသုပ်လိမ်းခြင်း ဒါမှဟုတ် Cebit အမှုန့်ချေသိပ်ပြီး နာနတ်သီးအရည်စိမ်းခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။

 

ကြွက်နို့ကို ဖယ်ရှားဖို့အတွက် ကြွက်နို့ကပ်ပလာစတာဖြင့်ကပ်ခြင်း ၊ ခဲဖြစ်ကြွေကျခြင်း ၊ အရေပြားဆရာဝန်နဲ့ ပြသပြီးဖြတ်ခြင်း တို့ဖြစ်ပြုလုပ်နိုင်ပါတယ်။ သတိပြုဖို့လိုအပ်တာက ကြွက်နို့ကပ် ပလာစတာမှာ ဆယ်လီစလစ်အက်စစ်ပါဝင်တာကြောင့် ပျောက်ကင်းစေဖို့ စိတ်ဆန္ဒဖြင့် မျက်နှာ ၊ နှုတ်ခမ် ၊ လိင်အင်္ဂါတွင် ပေါက်သောကြွက်နို့ စတဲ့ နေရာတွေမှာ အသုံးပြုခြင်းကို ရှောင်းကျဉ်ဖို့ လိုအပ်ပါတယ်။

 

ကြွက်နို့ကို ရက်သတ္တပတ်လောက် ကုသသော်လည်း မပျောက်တဲ့ အခါ ဆရာဝန်နဲ့ ပြပါ။ ကြွက်နို့တွေကို မဆိတ်ပါနဲ့ ပျံ့တတ်ပါတယ်။ များသောအားဖြင့် ကြွက်နို့က အန္တရာယ်မရှိတဲ့ အရေပြား ပြဿနာဆိုပေမယ့်လည်း ရံဖန်ရံခါ ပိုများလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များ နှင့် တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။

 

Written by: Aung Win(Health Products Directory)

Ref:ondoctory

 

(Zawgyi)

----------


 



Read More : ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန်၊ ရှောင်ရန်

ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန်၊ ရှောင်ရန်




Ref:ondoctory

Read times Last modified on Saturday, 01 February 2020 10:12
Rate this item
(1 Vote)