What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 13 June 2019 17:35

ရုတ်တရက် ဆိုးရွားစွာ နှလုံးတိုက်ခိုက်ခံရခြင်း ( Cardiogenic shock )

ရုတ်တရက် ဆိုးရွားစွာ နှလုံးတိုက်ခိုက်ခံရခြင်း ( Cardiogenic shock ) google

နှလုံးမှ သွေးများအား မညှစ်နိုင်ဖြစ်ကာ ခန္ဓာကိုယ်မှ လိုအပ်သော သွေးပမာဏကို လုံလောက်စွာ မထောက်ပံ့နိုင်တော့ခြင်းကြောင့် Cardiogenic shock ဖြစ်တယ်လို့ခေါ်ပါတယ်။ အချိန်မီ မကုသပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်း၏ လက္ခဏာများမှာဆိုရင် ရင်ဘတ်အလယ်တွင် ဖိထား၊ ညှစ်ထားခံရသကဲ့သို့ အောင့်ခြင်း ၊ လက်မောင်းထိပ်၊ လက်မောင်း၊ ကျောကုန်းနှင့် မေးရိုးတို့ထိအောင် နာကျင်ခြင်း ၊ မကြာခဏ ရင်ဘတ်အောင့်ခြင်း ၊ မကြာခဏ ရင်ဘတ်အောင့်ခြင်း ၊ ဝမ်းဗိုက်အထက်ပိုင်း၌ အောင့်ခြင်း ၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း ၊ ပျို့ခြင်း၊ အန်ခြင်း နှင့် မောခြင်း၊ ချွေးစေးပျံခြင်း တို့လဲ ဖြစ်စေနိုင်ပါတယ်။

 

ဖြစ်ပွားရသော အကြောင်းရင်းများကတော့ အဓိက ဖြစ်စေသော အကြောင်းရင်းမှာ နှလုံးရုတ်တရက် ရောဂါဖောက်ခြင်း (Heart Attack) ကြောင့် နှလုံးကြွက်သားများ အောက်ဆီဂျင်မလုံမလောက်ဖြစ်ကာ မညှစ်နိုင်တော့၍ ဖြစ်ပါတယ်။ တခါတရံတွင် နှလုံးကြွက်သား ရောင်ရမ်းခြင်း (Myocarditis) ၊ နှလုံးအဆို့ရှင် ရောင်ရမ်းခြင်း (Endocarditis)၊ အချို့ဆေးများကို အလွန်အကျွံ သုံးစွဲမိခြင်း၊ နှလုံးကို ထိခိုက်စေတတ်သော အဆိပ်တမျိုးမျိုးကို သုံးမိခြင်း တို့ကြောင့်လည်း Cardiogenic shock ရနိုင်ပါတယ်။ ဒါပြင် ခြေ၊ လက်များ အေးစက်ခြင်း၊ သွေးခုန်နှုန်း စမ်း၍မရခြင်း၊ သတိမေ့သွားခြင်း ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း နှင့် ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးမထွက်တော့ခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

 

နှလုံးရောဂါရှင် အသက်ကြီးသူများ ၊ နှလုံးရုတ်တရက် တိုက်ခိုက်ခံရဖူးသူများ ၊ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများ ၊ ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါရှိသူများတွင် အဖြစ်များစေနိုင်ပါတယ်။

ထိုကဲ့သို Cardiogenic shock ဖြစ်လာပြီးဆိုရင် အချိန်မီ မကုသပါက အသက်ဆုံးရှုံးနိုင်သဖြင့် လက္ခဏာများပေါ်ပေါက်လာပါက ဖြစ်လျှင်ဖြစ်ချင်း နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်ပါတယ်။ ဒါပြင် နှလုံးရုတ်တရက် ရောဂါဖောက်ခြင်း (Heart Attack) ၏ လက္ခဏာများ ပေါ်ပေါက်ပါက ဖြစ်လျှင်ဖြစ်ချင်း ကုသမှု ခံယူခြင်းဖြင့် Cardiogenic shock ကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ Cardiogenic shock ၏ နောက်ဆက်တွဲ ပြဿနာများကတော့ ဖြစ်ဖြစ်ချင်း မကုသပါက ကျောက်ကပ်၊ အသည်းနှင့် အခြားသော အင်္ဂါများ ပျက်ဆီးရုံသာမက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

Cardiogenic shock မဖြစ်အောင် သွေးတိုး ထိန်းခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း ၊ အဝမလွန်အောင် ထိန်းသိမ်းခြင်း ၊ သွေးတွင်း အဆီဓာတ်ကို လျှော့ချခြင်း ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း တို့ဖြင့် ကာကွယ်နိုင်ပါတယ်။

Ref: healthcar.com.mm

Health Product Directory

Read times Last modified on Thursday, 13 June 2019 17:43
Rate this item
(0 votes)