What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 February 2020 10:18

နှလုံးဝေဒနာရှင်များ စားသုံးသင့်သောအစားအစာများ

နှလုံးက ခန္ဓာကိုယ် တစ်ခုလုံးအတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အပြင် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကလည်း တစ်နေ့တခြားလူတော်တော်များဖြစ်ပွားနေကြပါတယ်။

နှလုံးရောဂါ ဖြစ်ပွားခြင်းက အစားအသောက်ကြောင့် အများဆုံးဖြစ်ပေါ်နိုင်သော ရောဂါတစ်ခုဖြစ်တဲ့ အတွက် လုံးရောဂါဝေဒနာရှင်များ အနေဖြင့်စားသုံးသင့်သော အစားအစာများကို ဖော်ပြပေးသွားမည်ဖြစ်ပါတယ်။

 

အားလူး

အားလူးကိုလူတော်တော်များများ သရေစာအနေဖြင့် စားရတာကြိုက်ကြတဲ့အပြင် ဝိတ်တတ်စေတဲ့ အစားအစာလည်းဖြစ်တဲ့အတွက် ရှောင်ကျဉ်တတ်ကြတယ်။ တကယ်တော့ အာလူးက သွေးဖိအားလျှော့ကျနိုင်တဲ့ ပိုတတ်ဆီယမ် နဲ့ နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ကျစေတဲ့ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် နှလုံးဝေဒနာရှင်များ စားသုံးခြင်းဖြင့် နှလုံးရောဂါကို သက်သာစေနိုင်ပါတယ်။

 

အသည်း

အသည်းစားခြင်းဖြင့်လည်း နှလုံးကျန်းမာရေးကောင်းမွန်နိုင်တဲ့အပြင် အသည်းများတွင် ပရိုတင်း ၊ ဇင့် ၊ သတ္တုဓာတ် ၊ ဗီတာမင်စီ ပါဝင်ခြင်းကြောင့် ဗီတာမင် B12 ၊ ကျန်းမာရေးနဲ့ ညီညွှန်သော အဆီများရရှိနိုင်ပါတယ်။

 

အသီအရွက်များ

အသီးအရွက်များတွင် ဗီတာမင် နဲ့ သံဓာတ်များစွာ ပါဝင်သောတဲ့အပြင် အမျှင်ဓာတ်များစွာလည်းပါဝင်တယ်။ အသီးအရွက်စားခြင်းက ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်စေခြင်းကြောင့် အဆီများတဲ့ အသားစားခြင်းထက် နှလုံးဝေဒနာရှင် များအနေဖြင့် အသီးအရွက်များကို ပိုပြီးသင့်သုံးသင့်ပါတယ်။

 

Pharmaceutical Training (ဆေးဝါးသင်တန်းပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for pharmaceutical training

 

ငါးကြီးဆီ

ငါးကြီးဆီများများပါဝင်တဲ့ တူနာ ၊ မွေးမြူရေးမဟုတ်တဲ့ ဆော်လမွန်ငါး နဲ့ဆာဒင်းငါး များက နှလုံးကျန်းမာရေးအတွက် အများဆုံးစားသုံးသင့်ပါတယ်။ ဆော်လမွန်ငါးမှာ omega - 3 fatty acids များကြွယ်ဝစွာပါဝင်ပြီး ဆဲလီနီယမ် ဆိုတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်တဲ့အတွက် နှလုံးဝေဒနာရှင်များအတွက် စားသုံးရန်အသင့်တော်ဆုံး ငါးအမျိုးအစားများလည်းဖြစ်ပါတယ် ။

 

ဘယ်ရီသီးများ

ဘလူးဘယ်ရီသီး ၊ စတော်ဘယ်ရီ ၊ရက်စ်ဘယ်ရီ တို့မှာ အမျှင်ဓာတ် ၊ အိုမီဂါသရီး များကြွယ်ဝခြင်းဖြင့် နှလုံးသွေးကျဉ်းရောဂါဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====


 


 

အားလူး


 

အသည်း


 

အသီအရွက်များ


 



 

ငါးကြီးဆီ


 

ဘယ်ရီသီးများ



Read times Last modified on Tuesday, 18 February 2020 11:19
Rate this item
(1 Vote)