What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 November 2019 11:12

Heart Attack နဲ႔ ေလျဖတ္ တာကို ကာကြယ္ၾကမယ္

တခါတေလ က်ေတာ့ လူေတြက သူတို႔အတြက္ အခ်ိန္ျပည့္အခ်ိန္ေပး ၿပီး အလုပ္လုပ္ေပးေနတဲ့ သူကို ဂ႐ုမစိုက္ လစ္လ်ဴရႈထားတတ္ၾကပါတယ္။

ဒီလိုနဲ႔ ရွိေနတုန္း တန္ဖိုးမထားပဲ ကိုယ့္အတြက္လည္း သူမလုပ္ေပးႏိုင္ေတာ့မွ ေဝဒနာ ေတြ ခံစားတတ္ၾကပါတယ္။ ခံစားခ်က္ တိုက္ဆိုင္ မသြားၾကပါနဲ႔။ က်ေနာ္ေျပာ ခ်င္တာ က လူ႔ခႏၶာကိုယ္မွာ ေန႔ေရာညပါ ေမြးထဲက အလုပ္လုပ္ ေပးလာတဲ့ ႏွလုံးအေၾကာင္းပါ။ ဒီလို သူ႔ဘသာ အလုပ္မအား တဲ့ ႏွလုံးကို က်ေနာ္တို႔ေတြက အပို အလုပ္ေတြ၊ ဝန္ထုပ္ဝန္ပိုးေတြ ထပ္ေပးတတ္ၾကပါတယ္။

 

အဆီေတြ တဝင္းဝင္း နဲ႔ စားၾကမယ္၊ အားကစားမလုပ္ ပ်င္းေနၾကမယ္၊ အလုပ္ေတြ ပဲ ဖိလုပ္ၿပီး စိတ္ေတြဖိစီးၾကမယ္ စသျဖင့္ ႏွလုံးကို ႏွိပ္စက္လာၾကရင္း ေနာက္ဆုံး ႏွလုံးေရာဂါေတြ ျဖစ္ၿပီး ေလျဖတ္တာ၊ Heart Attack ရတာေတြ စသျဖင့္ ခံစားလာၾကရပါတယ္။ ဒီေန႔ ေျပာျပခ်င္တာ ကေတာ့ ဒီလို မ်ိဳး မျဖစ္ေအာင္ ႏွလုံးကို က်န္းမာေနေအာင္ ထားႏိုင္ဖို႔ နည္းလမ္းေလးေတြ ျဖစ္ပါတယ္။

 

(၁) တစ္ေန႔ကို နည္းနည္းေလာက္ ျဖစ္ျဖစ္ အားကစား လုပ္ၾကမယ္။ ဆင္ျခင္ေတြ အမ်ိဳးမ်ိဳး ေပးၾကမယ္။ အလုပ္မအားလို႔၊ စီးပြားေရး၊ မိသားစုေရး၊ လူမႈေရး စသျဖင့္ အေၾကာင္ျပၿပီး က်န္းမာေရး လိုက္စား ဖို႔ ေမ့ေနၾကပါတယ္။ စာေရးသူကိုယ္တိုင္လည္း ေတာ္ေတာ္ ႀကိဳးစားၿပီး အားကစား လုပ္ဖို႔ အခ်ိန္ထုတ္ထားရပါတယ္။ တစ္ေန႔ နာရီဝက္ ေလာက္ပဲ ျဖစ္ျဖစ္ ခႏၶာကိုယ္ထဲမွာ ေသြးလွည့္ပတ္မႈေကာင္းလာေအာင္ အားကစား လုပ္ေပးသင့္ပါတယ္။ ျပင္းျပင္းထန္ထန္ေတြ ေျပးလုပ္ခိုင္းတာ မဟုတ္ပါဘူး၊ မိမိ ဝါသနာပါရာ ေရကူးတာ၊ စက္ဘီးစီးတာ၊ ဝိတ္မ တာမ်ိဳးကို ေျပာတာပါ။

(ဒါေတြ တစ္ခု မွ ဝါသနာ မပါဘူးဆိုလည္း လမ္းေလးပဲ သြက္သြက္ေလး ေလွ်ာက္ေပးပါ)။ မိနစ္ သုံးဆယ္ အခ်ိန္ကို ေတာက္ေလွ်ာက္ေပးဖို႔ ခဲယဥ္းတယ္ဆိုရင္လည္း မနက္ ကို ၁၅ မိနစ္၊ ညေန ကို ၁၅ မိနစ္ အခ်ိန္ေပးၿပီး လမ္းေလွ်ာက္ၾကည့္ပါ။

 

(၂) ဝိတ္ခ်ျဖစ္ဖို႔ ရည္မွန္းခ်က္ Goal ထားပါ။ အဝလြန္ ေနမယ္ ဆိုရင္ေတာ့ သင္က သူမ်ားထပ္ Heart Attack တို႔ ေလျဖတ္တာ တို႔ျဖစ္ဖို႔ ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။ သင့္ရဲ႕ ကိုယ္အေလးခ်ိန္ရဲ႕ ၅ - ၁၀ ရာခိုင္ႏႈန္း ေလာက္ေလး ခ်ေပးလိုက္႐ုံနဲ႔ သင္ရဲ႕ ေသြးထဲမွာ ရွိတဲ့ Cholesterol ဓာတ္ေတြက သိသာစြာ ေျပာင္းလဲလာမွာ ျဖစ္ၿပီး ေသြးတိုး၊ေသြးခ်ိဳ ေတြပါ ေလ်ာ့က်လာမွာ ျဖစ္ပါတယ္။

 

(၃) မိမိရဲ႕ ႏွလုံးေဆးေတြကို ေသခ်ာမွီဝဲ ပါ။ “ဒါက ေတာ့ ခင္မ်ားေျပာမွ လားဗ်ာ၊ က်ေနာ္လည္း သိတာပဲ” အင္း သိသိခ်ည္း နဲ႔ကို တခ်ိဳ႕က ေမ့ၾကပါတယ္။ တခ်ိဳ႕က ေဈးႀကီးလို႔ျဖစ္ေစ၊ မေသာက္ခ်င္လို႔ျဖစ္ေစ၊ ေဆးရဲ႕ဆိုးက်ိဳးကို မခံႏိုင္ဘူးဆိုၿပီး မေသာက္တာ ျဖစ္ေစ ျပဳလုပ္တတ္ၾကပါတယ္။ ဒီလိုမ်ိဳး ေဆးက အဆက္ျပတ္ေန မယ္ဆိုရင္ အဆင္မေျပပါဘူး။ ႏွလုံးအတြက္ ဆရာဝန္က ၫြန္ၾကားထားတဲ့ အတိုင္း ေဆးေတြကို ေသာက္သုံးမွီဝဲသင့္ပါတယ္။ ဆက္လက္ေဖာ္ျပပါမည္။

 

ေဒါက္တာၿဖိဳးကိုကို

{Unicode}

=======

Heart Attack နဲ့ လေဖြတ် တာကို ကာကွယ်ကြမယ်

 

တခါတလေ ကျတော့ လူတွေက သူတို့အတွက် အချိန်ပြည့်အချိန်ပေး ပြီး အလုပ်လုပ်ပေးနေတဲ့ သူကို ဂရုမစိုက် လစ်လျူရှုထားတတ်ကြပါတယ်။ ဒီလိုနဲ့ ရှိနေတုန်း တန်ဖိုးမထားပဲ ကိုယ့်အတွက်လည်း သူမလုပ်ပေးနိုင်တော့မှ ဝေဒနာ တွေ ခံစားတတ်ကြပါတယ်။ ခံစားချက် တိုက်ဆိုင် မသွားကြပါနဲ့။ ကျနော်ပြော ချင်တာ က လူ့ခန္ဓာကိုယ်မှာ နေ့ရောညပါ မွေးထဲက အလုပ်လုပ် ပေးလာတဲ့ နှလုံးအကြောင်းပါ။ ဒီလို သူ့ဘသာ အလုပ်မအား တဲ့ နှလုံးကို ကျနော်တို့တွေက အပို အလုပ်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေ ထပ်ပေးတတ်ကြပါတယ်။

 

အဆီတွေ တဝင်းဝင်း နဲ့ စားကြမယ်၊ အားကစားမလုပ် ပျင်းနေကြမယ်၊ အလုပ်တွေ ပဲ ဖိလုပ်ပြီး စိတ်တွေဖိစီးကြမယ် စသဖြင့် နှလုံးကို နှိပ်စက်လာကြရင်း နောက်ဆုံး နှလုံးရောဂါတွေ ဖြစ်ပြီး လေဖြတ်တာ၊ Heart Attack ရတာတွေ စသဖြင့် ခံစားလာကြရပါတယ်။ ဒီနေ့ ပြောပြချင်တာ ကတော့ ဒီလို မျိုး မဖြစ်အောင် နှလုံးကို ကျန်းမာနေအောင် ထားနိုင်ဖို့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

 

(၁) တစ်နေ့ကို နည်းနည်းလောက် ဖြစ်ဖြစ် အားကစား လုပ်ကြမယ်။ ဆင်ခြင်တွေ အမျိုးမျိုး ပေးကြမယ်။ အလုပ်မအားလို့၊ စီးပွားရေး၊ မိသားစုရေး၊ လူမှုရေး စသဖြင့် အကြောင်ပြပြီး ကျန်းမာရေး လိုက်စား ဖို့ မေ့နေကြပါတယ်။ စာရေးသူကိုယ်တိုင်လည်း တော်တော် ကြိုးစားပြီး အားကစား လုပ်ဖို့ အချိန်ထုတ်ထားရပါတယ်။ တစ်နေ့ နာရီဝက် လောက်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှုကောင်းလာအောင် အားကစား လုပ်ပေးသင့်ပါတယ်။ ပြင်းပြင်းထန်ထန်တွေ ပြေးလုပ်ခိုင်းတာ မဟုတ်ပါဘူး၊ မိမိ ဝါသနာပါရာ ရေကူးတာ၊ စက်ဘီးစီးတာ၊ ဝိတ်မ တာမျိုးကို ပြောတာပါ။

 

(ဒါတွေ တစ်ခု မှ ဝါသနာ မပါဘူးဆိုလည်း လမ်းလေးပဲ သွက်သွက်လေး လျှောက်ပေးပါ)။ မိနစ် သုံးဆယ် အချိန်ကို တောက်လျှောက်ပေးဖို့ ခဲယဉ်းတယ်ဆိုရင်လည်း မနက် ကို ၁၅ မိနစ်၊ ညနေ ကို ၁၅ မိနစ် အချိန်ပေးပြီး လမ်းလျှောက်ကြည့်ပါ။

 

(၂) ဝိတ်ချဖြစ်ဖို့ ရည်မှန်းချက် Goal ထားပါ။ အဝလွန် နေမယ် ဆိုရင်တော့ သင်က သူများထပ် Heart Attack တို့ လေဖြတ်တာ တို့ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ရဲ့ ၅ - ၁၀ ရာခိုင်နှုန်း လောက်လေး ချပေးလိုက်ရုံနဲ့ သင်ရဲ့ သွေးထဲမှာ ရှိတဲ့ Cholesterol ဓာတ်တွေက သိသာစွာ ပြောင်းလဲလာမှာ ဖြစ်ပြီး သွေးတိုး၊သွေးချို တွေပါ လျော့ကျလာမှာ ဖြစ်ပါတယ်။

 

(၃) မိမိရဲ့ နှလုံးဆေးတွေကို သေချာမှီဝဲ ပါ။ “ဒါက တော့ ခင်များပြောမှ လားဗျာ၊ ကျနော်လည်း သိတာပဲ” အင်း သိသိချည်း နဲ့ကို တချို့က မေ့ကြပါတယ်။ တချို့က ဈေးကြီးလို့ဖြစ်စေ၊ မသောက်ချင်လို့ဖြစ်စေ၊ ဆေးရဲ့ဆိုးကျိုးကို မခံနိုင်ဘူးဆိုပြီး မသောက်တာ ဖြစ်စေ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုမျိုး ဆေးက အဆက်ပြတ်နေ မယ်ဆိုရင် အဆင်မပြေပါဘူး။ နှလုံးအတွက် ဆရာဝန်က ညွန်ကြားထားတဲ့ အတိုင်း ဆေးတွေကို သောက်သုံးမှီဝဲသင့်ပါတယ်။ ဆက်လက်ဖော်ပြပါမည်။

Read times
Rate this item
(1 Vote)