What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 01 July 2019 11:57

ဝက်ခြံတွေ ထွက်လို့ စိတ်ညစ်နေသူများအတွက် ဝက်ခြံ ပျောက်ဆေး Acnotin (အက်ခ်နိုတင်)

Acnotin (အက်ခ်နိုတင်) ဆေးမှာ Isotretinoin 10 mg ပါဝင်ပြီး

အဆိုပါ Isotretinoin သည် Vitamin A (ဗီတာမင် အေ) ပုံစံ ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ Isotretinoin ဟာဆိုရင် အရေပြားမှာရှိတဲ့ အဆီဂလင်း၏ အဆီ ပမာဏ တွေကို လျော့ချပေးနိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

 

Acnotin (အက်ခ်နိုတင်) ကို ပြင်းထန်တဲ့ ဝက်ခြံကုဆေး တစ်မျိုးအဖြစ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အရေပြားမှာ ချွေူပေါက်လေးတွေ နဲ့ အဆီဂလင်းလေး တွေရှိပါတယ်။ ထိုအဆီ ဂလင်းတွေက အရေပြားအတွက် ချောမွေ့စေဖို့အတွက် လိုအပ်တဲ့ အဆီ ပမာဏအတိုင်းအတာ အထိကို ထုတ်လုပ်ပေးပါတယ်။ ဒါအပြင် ချွေးပေါက်တွေမှာ ပတ်ဝန်းကျင်က အမှုန်အမွှားတွေ နဲ့ ဖုန်တွေ ကြောင့် ချွေးပေါက်များ ပိတ်ဆို့ခြင်းတွေကို ဖြစ်တတ်ပါတယ်။

 

အမှုန်အမွှားတွေ နဲ့ ဖုန်တွေ ကြောင့် ချွေးပေါက်များ ပိတ်မိနေချိန်မှာ အဆီဂလင်း မှ အဆီများထွက်လာပြီး ရောနှောသွားတဲ့အခါ ဘတ်တီးရီးယားများ ပေါက်ပွားလာပြီး ချွေးပေါက်တွေမှာ ရောင်ရမ်းခြင်း စတင်ဖြစ်ပေါ်လာပါတယ်။ ဒီလိုရောင်ရမ်းခြင်း ဖြစ်ပေါ်ပြီး နောက်မှာတော့ ဝက်ခြံဆိုတာ စတင်ဖြစ်ပေါ်လာပါတယ်။

 

ဒါအပြင် ဝက်ခြံဖြစ်နိုင်တာကတော့ ပျိုဖော်ဝင်စ အချိန် ၊ ဟော်မုန်းပြောင်းလဲချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဝက်ခြံပေါက်နိုင်တဲ့ နေရာတွေကတော့ မျက်နှာ ၊ ရင်ဘတ် ၊ ပုခုံး ၊ ကျော နဲ့ လက်ပြင် စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်တွေမှာဆိုရင် Acnotin (အက်ခ်နိုတင်) ကို အသုံးပြုလို့ရပါတယ်။ ဆရာဝန် ညွှန်ကြားချက်တော့ လိုမယ်နော်။

 

Read More : ချောင်းဆိုးပြီးဆို "ဝုဒ် (Woods')" သောက်တဲ့သူတွေ သိထားသင့်သော အချက်မျာ

ချောင်းဆိုးပြီးဆို "ဝုဒ် (Woods')" သောက်တဲ့သူတွေ သိထားသင့်သော အချက်များ

 

Acnotin (အက်ခ်နိုတင်) ဆေးကို ဝက်ခြံဖုများ ၊ ဆင်ဝက်ခြံ ၊ ဝက်ခြံအကြီးစာများပေါက်ခြင်း ၊ ပြင်းထန်တဲ့ ဝက်ခြံ နဲ့ ကုသ၍ မပျောက်သော ဝက်ခြံများအတွက်လဲ အသုံးပြုနိုင်ပါတယ်။ အရပ်သား အခေါ်နဲ့ ပြောရမယ်ဆိုရင် ဝက်ခြံပျောက်ဆေး လို့လဲ ခေါ်လို့ရပါတယ်။

 

Acnotin (အက်ခ်နိုတင်) ဆေးကို အသုံးပြုတော့မယ်ဆိုရင် သိထားရမယ့် အချက်တွေကတော့ ပထမဆုံးအနေဖြင့် ဆရာဝန် နှင့် တိုင်ပင်ပြီးမှ အသုံးပြုပါ။ နေရောင်ခြည် နှင့် ထိတွေ့ခြင်း ၊ အရက်သောက်ခြင်းများကို ဆေးသောက်သုံးချိန်တွေမှာ အထူးသတိထားဖို့ လိုပါမယ်။

 

အသားအရေခြောက်သွေ့ခြင်း ၊ အက်ကွဲခြင်း ၊ နေလောင်လွယ်ခြင်း ၊ ပျို့အန်ခြင်း ၊ ဗိုက်အောင့် / နာ ဖြစ်ခြင်း ၊ ပါးစပ်ပျက်ခြင်း (အစားအသောက်ပျက်ခြင်း) ၊ သွားဖုံရောင်ခြင်း နဲ့ ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်က ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

 

Acnotin (အက်ခ်နိုတင်) ဆေးဝါးကို Mega Lifesciences ကုမ္ပဏီမှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံ Maxxcare ကုမ္ပဏီမှ တင်သွင်းဖြန့်ချီတာ ဖြစ်ပါတယ်။

 

Written By A.Win (Health Products Directory)

Read times Last modified on Friday, 12 July 2019 16:06
Rate this item
(2 votes)