What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 July 2019 12:03

FDA က သင့်ဆေးဆိုင်ကို ဘယ်လိုအချိန်မျိုးမှာ အရေးယူလို့ရတယ်ဆိုတာ သတိပြုမိဖို့

သင်ကိုယ်တိုင် ဆေးဆိုင်ဖွင့်ထားသည်ဖြစ်စေ ၊ ဆေးဆိုင်ဖွင့်ရန် ရွယ်ရည်ချက်ရှိသူဖြစ်စေ ဆေးဆိုင်အတွက် လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရစေဖို့ အတွက် ဂရုစိုက်ဖို့ အလွန်ကို အရေးကြီးပါတယ်။

ဆေးဆိုင်တစ်ဆိုင်ဖွင့်ထားပြီးဆိုတာနဲ့ ဆိုင်မှာလိုအပ်တဲ့ ဆေးတွေကို ဘယ်လို ဝယ်ယူမလဲ ဆိုတာကလည်း အရေးကြီးလှပါတယ်။ ဒါ့အပြင် မိမိ ဆေးဆိုင်မှာ အသုံးပြုမည့် ဆေးဝါးတွေက မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေလာ ဒါမှမဟုတ် ပြည်သူတွေကို သုံးစွဲဖို့အတွက် သင့်တော်တဲ့ ဆေးဝါးတွေကော် ဖြစ်ရဲ့လား ဆိုတာကတော့ စိတ်ဝင်စားစရာ တစ်ခုဖြစ်လာပါတယ်။

 

ပထမဦးဆုံးအနေဖြင့် မိမိ ဆေးဆိုင်မှာ အသုံးပြုမည့် ဆေးဝါးတွေကို မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ရှိမရှိကို စစ်ဆေးသင့်ဖို့လိုပါတယ်။ အဆိုပါ ဆေးဝါးတွေမှာ မှတ်ပုံတင်ထားခြင်း ရှိမရှိကို ဘယ်လိုစစ်ဆေးရမလဲ ဆိုတာကို ဖော်ပြပေးပါမယ်။

 

ဆေးဝါးတွေကို မြန်မာနိုင်ငံ အမျိုးသားဆေးဝါး ဥပဒေမှ မှတ်ပုံတင်ခြင်းကို အလွယ်ခေါ်တဲ့ အနေဖြင့် ဂဏန်းလေးလုံး ၊ အက္ခရာ ၊ ဂဏန်းသုံးလုံး သို့မဟုတ် ဂဏန်းလေးလုံးဆိုပြီး သတ်မှတ်ထားပါတယ်။ မှတ်ပုံတင်သက်တမ်းတိုးထားတဲ့ ဆေးဝါးများ၏ ရှေ့မှာ R ဆိုတဲ့ စာလုံးကို ရှေ့ဆုံးတွင် ဖော်ပြပါတယ်။ ဥပမာ - MM Reg No. 2002 AA 1111 ၊ R 2002 A 1111 ၊ 2002 L 1111 ဆိုပြီး ပုံစံအမျိုးမျိုး ဆေးဘူးခွံတွေမှာ တွေ့ရတတ်ပါတယ်။

 

 

ဥပမာအားဖြင့် အထက်ပါ ပုံတွင် MM Reg No : R ဆိုပြီး ပါဝင်ပါတယ်။ R ဆိုတာကတော့ ဒုတိယအကြိမ် သက်တမ်းတိုးထားတဲ့ ဆေးဝါးဖြစ်ပြီး 2002 မှာ အရှေ့ ဂဏန်း နှစ်လုံးမှာ 2020 ခုနှစ်ဖြစ်ပြီး နောက် ဂဏန်း နှစ်လုံးကတော့ နှစ်လ ပိုင်း မှာ ဆေးဝါးမှတ်ပုံတင် သတ်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အလယ်တွင် A အက္ခရာပါဝင်ပြီး နောက်ဂဏန်း လေးလုံးကတော့ ဆေးဝါးမှတ်ပုံတင်ထားတဲ့ နံမှတ်ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး မှတ်ပုံတင်ခြင်းကို စစ်ဆေးတဲ့နည်းဘဲ ဖြစ်ပါတယ်။

 

ဆေးဆိုင် ဖွင့်ထားသည်ဖြစ်စေ ၊ မဖွင့်ထားသည်ဖြစ်စေ ဆေးဝါးတွေရဲ့ အမျိုးအစား ၃ မျိုးကို ခွဲခြားနိုင်ဖို့လည်း လိုပါတယ်။ အ့ဒါတွေကတော့ -

၁ ။ ဆရာဝန်ညွှန်ကြားချက် မလိုအပ်သော ဆေးဝါးများ (Over The Counter - OTC )

၂ ။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရမည့် ဆေးဝါးများ ( Prescription Only Medicine - POM )

၃ ။ ထိန်းချုပ်ဆေးဝါးများ (Controlled Drug ) တို့ ဖြစ်ပါတယ်။

 

၁ ။ ဆရာဝန်ညွှန်ကြားချက် မလိုအပ်သော ဆေးဝါးများ (Over The Counter - OTC )

OTC ဆေးများကို ကျွမ်းကျင်သည် ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်၍ လိုင်စင်ရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်။ ဥပမာ - ဓာတ်ဆားထုပ်များ ၊ အားဆေး ၊ အဖျားပျောက်ဆေး ၊ သာမန် အကိုက်အခဲပျောက်ဆေး တို့ပါဝင်ပါတယ်။

 

၂ ။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရမည့် ဆေးဝါးများ ( Prescription Only Medicine - POM )

POM ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူသုံးစွဲရမည် ဖြစ်ပါတယ်။ လိုင်စသ်ရ ဆေးဆိုင်များဘက်မှလည်း ဆေးညွှန်းစာဖြင့်သာ စနစ်တကျ ရောင်းချပေးသင့်ပါတယ်။ ( ဥပမာ - ငှက်ဖျားရောဂါ ၊ တီဘီ ၊ ကုသဆေးများ(ပဋိဇီဝဆေးများ) ၊ သွေးတိုးကျဆေးများ ၊ နှလုံးရောဂါတွင် သုံးသောဆေးများ ၊ ဆီးချို ၊ သွေးချိုထိန်းဆေး ၊ ထိုးဆေးများ ၊ ကာကွယ်ဆေး ၊ ရင်ကျပ်ရောဂါ ကုသဆေး ၊ သန္ဓေတားဆေး တို့ ပါဝင်ပါတယ်။ )

 

၃ ။ ထိန်းချုပ်ဆေးဝါးများ (Controlled Drug )

ဆေးဝါးအလွဲသုံးမှု ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် သတ်မှတ်ပေးထားသော ထိန်းချုပ်ဆေးဝါးများကို ဆရာဝန်၏ ဆေးညွှန်းစာဖြင့် ထိန်းချုပ်ဆေးဝါ ရောင်းချခွင့် လိုင်စင် ရှိသော ဆိုင်များတွင်သာ စနစ်တကျ ဝယ်ယူသုံးစွဲရမှ ဖြစ်ပါတယ်။ (ဥပမာ - အိပ်ဆေး) တို့ဖြစ်ပါတယ်။

 

ဆေးဆိုင်ဖွင့်ထားသည့် သူများအနေဖြင့် အထက်ဖော်ပြပါ အချက်များကို သိထားဖို့ လိုအပ်သလို အောက်ဖော်ပြပါ အချက်များလည်း သိထားဖို့ လည်း လိုပါတယ်။

ရောင်းချခွင့် လိုင်စင်မရှိဘဲ ဆေးရောင်းခြင်း ၊

ဆရာဝန် ညွှန်ကြားချက်မရှိပဲ OPC ဆေးဝါးများကို ရောင်းချခြင်း ၊ 

ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်း ၊ 

 

စပ်ဆေးများ သုံးစွဲခြင်း ၊

သက်တမ်းကုန် ဆေးဝါးများ ရောင်းချခြင်း ၊

မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ရောင်းချခြင်း ၊

ဆေးဝါးများကို အမှတ်တံဆိပ်မပါ ရှိသော ကော်ဘူး ၊ ကြွပ်ကြွပ်အိတ်များဖြင့် ထည့်၍ ရောင်းချပေးခြင်း အစရှိသည့် အချက်များကို လုံးဝ ရှောင်ကျဉ် သင့်ပါတယ်။

 

အထက်ဖော်ပြပါ အချက်များ နှင့် ငြိစွန်းနိုင်တဲ့ ဥပဒေ ကို အကျယ်အဝန်း ဖတ်ရှုလေ့လာခြင်းတယ်ဆိုရင်တော့

 

အမျိုးသားဆေးဝါး ဥပဒေ (National Drug Law) ဖတ်ရှုရန် နှိပ်ပါ ။

 

Written By Aung Win (Health Products Directory)

Read times Last modified on Friday, 12 July 2019 16:04
Rate this item
(1 Vote)