ဂျပန်နိုင်ငံသည်ဗိုင်းရပ်စ်ကူးစက်ခံထားရသောနိုင်ငံ ၂၀ သို့ တုပ်ကွေးတိုက်ဖျက်ရေး Avigan ဆေးဝါးအခမဲ့ပေးမည်ဖြစ်ကြောင်း ကြေညာသည်။
Coronavirus လူနာများကို ကုသရန်အတွက် အသုံးပြုရန် ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ သို့ Avigan ကို ဂျပန်နိုင်ငံက အခမဲ့ပေးအပ်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
လက်ရှိဆေးလက်တွေ့စမ်းသပ်မှုများပြုလုပ်နေရာ၌ ဆေးကို လက်ခံရရှိသည့် နိုင်ငံပေါင်း ၂၀ တွင် ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၊ အီရန်၊ မြန်မာ၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီနိုင်ငံများ ပါဝင်သည်။
Fujifilm Holdings Corp. ၏ လက်အောက်ခံကုမ္ပဏီမှ ထုတ်လုပ်သည့် Favipiravir ဟုလည်း လူသိများသော တုပ်ကွေး တိုက်ဖျက်ရေး ဆေးဝါးကို ဝယ်ရန်နှင့် ဖြန့်ဖြူးရန်တို့ အတွက် ဂျပန်နိုင်ငံသည် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုဆိုင်ရာရုံးအား ဒေါ်လာ ၁ သန်း ထောက်ပံ့မည်။
“ Avigan ကို နိုင်ငံတကာမှာ လက်တွေ့သုတေသနလုပ်ဖို့ စိတ်ဝင်စားတဲ့နိုင်ငံတွေနဲ့ အလုပ်လုပ်မှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည်။
ဝူဟံ တက္ကသိုလ်မှ တရုတ်သုတေသီများက ဤဆေးသည် coronavirus လူနာများ အထူးသဖြင့် ဗိုင်းရပ်စ် ကူးစက်ခံထားရသော်လည်း COVID-19 လက္ခဏာ မပြသောသူများအတွက် ထိရောက်မှုရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဝန်ကြီးချုပ် Shinzo Abe ၏အစိုးရသည် Coriganavirus ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၂ သန်းကိုကုသရာတွင် အသုံးပြုရန် လုံလောက်သော ပမာဏ အသင့်ဆောင်ထားနိုင်ရန်အလို့ငှာ လက်ရှိထုတ်လုပ်မှုပမာဏ၏ သုံးဆအထိ Avigan ကို ထုတ်လုပ်သိုလှောင်မှု တိုးမြှင့်ပေးရန်စီစဉ်နေသည်။
ကိုဗစ်နှိမ်နင်းဖို့ ဂျပန်ဆေး Avigan ကို မီးစိမ်းပြလိုက်တဲ့ အမေရိကန်
(Zawgyi)
======
ဂ်ပန္ တုပ္ေကြးတိုက္ဖ်က္ေရး Avigan ေဆးဝါး အခမဲ့ေပးမည္
ဂ်ပန္ႏိုင္ငံသည္ဗိုင္းရပ္စ္ကူးစက္ခံထားရေသာႏိုင္ငံ ၂၀ သို႔တုပ္ေကြးတိုက္ဖ်က္ေရး Avigan ေဆးဝါးအခမဲ့ေပးမည္ျဖစ္ေၾကာင္း ေၾကညာသည္။ Coronavirus လူနာမ်ားကို ကုသရန္အတြက္ အသုံးျပဳရန္ ရည္မွန္းခ်က္ျဖင့္ ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း ၂၀ သို႔ Avigan ကို ဂ်ပန္ႏိုင္ငံက အခမဲ့ေပးအပ္ရန္ စီစဥ္ထားေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi က အဂၤါေန႔တြင္ ေျပာၾကားခဲ့သည္။
လက္ရွိေဆးလက္ေတြ႕စမ္းသပ္မႈမ်ားျပဳလုပ္ေနရာ၌ ေဆးကို လက္ခံရရွိသည့္ ႏိုင္ငံေပါင္း ၂၀ တြင္ ဘူလ္ေဂးရီးယား၊ ခ်က္သမၼတႏိုင္ငံ၊ အင္ဒိုနီးရွား၊ အီရန္၊ ျမန္မာ၊ ေဆာ္ဒီအာေရးဗီးယားႏွင့္ တူရကီႏိုင္ငံမ်ား ပါဝင္သည္။
Fujifilm Holdings Corp. ၏ လက္ေအာက္ခံကုမၸဏီမွ ထုတ္လုပ္သည့္ Favipiravir ဟုလည္း လူသိမ်ားေသာ တုပ္ေကြး တိုက္ဖ်က္ေရး ေဆးဝါးကို ဝယ္ရန္ႏွင့္ ျဖန႔္ျဖဴးရန္တို႔ အတြက္ ဂ်ပန္ႏိုင္ငံသည္ ကုလသမဂၢ စီမံကိန္း ဝန္ေဆာင္မႈဆိုင္ရာ႐ုံးအား ေဒၚလာ ၁ သန္း ေထာက္ပံ့မည္။
“ Avigan ကို ႏိုင္ငံတကာမွာ လက္ေတြ႕သုေတသနလုပ္ဖို႔ စိတ္ဝင္စားတဲ့ႏိုင္ငံေတြနဲ႔ အလုပ္လုပ္မွာပါ” ဟု ႏိုင္ငံျခားေရးဝန္ႀကီးက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသည္။
ဝူဟံ တကၠသိုလ္မွ တ႐ုတ္သုေတသီမ်ားက ဤေဆးသည္ coronavirus လူနာမ်ား အထူးသျဖင့္ ဗိုင္းရပ္စ္ ကူးစက္ခံထားရေသာ္လည္း COVID-19 လကၡဏာ မျပေသာသူမ်ားအတြက္ ထိေရာက္မႈရွိေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။
ဝန္ႀကီးခ်ဳပ္ Shinzo Abe ၏အစိုးရသည္ Coriganavirus ဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၂ သန္းကိုကုသရာတြင္ အသုံးျပဳရန္ လုံေလာက္ေသာ ပမာဏ အသင့္ေဆာင္ထားႏိုင္ရန္အလို႔ငွာ လက္ရွိထုတ္လုပ္မႈပမာဏ၏ သုံးဆအထိ Avigan ကို ထုတ္လုပ္သိုေလွာင္မႈ တိုးျမႇင့္ေပးရန္စီစဥ္ေနသည္။
ကိုဗစ္ႏွိမ္နင္းဖို႔ ဂ်ပန္ေဆး Avigan ကို မီးစိမ္းျပလိုက္တဲ့ အေမရိကန္