What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 November 2019 16:42

အိႏၵိယအမ်ိဳးသားတစ္ဦးထံမွ အေလးခ်ိန္ ၁၆ ေပါင္ခြဲရွိ ေက်ာက္ကပ္ႀကီးကို ခြဲစိတ္ဖယ္ရွားခဲ့ရ

ပုံမွန္ ေက်ာက္ကပ္တစ္လုံးရဲ႕ အေလးခ်ိန္မွာ တစ္ေပါင္မျပည့္ဘဲ ၄.၃ ေအာင္စမွ ၅.၃ ေအာင္စသာရွိပါတယ္။

အိႏၵိယ ခြဲစိတ္ဆရာဝန္ေတြက အမ်ိဳးသားတစ္ဦးထံမွ ဘိုးလင္းေဘာလုံးတစ္လုံးနဲ႔ အေလးခ်ိန္တူညီတဲ့ ေက်ာက္ကပ္တစ္လုံးကို ခြဲစိတ္ဖယ္ရွားခဲ့ေၾကာင္း ခြဲစိတ္ဆရာဝန္တစ္ဦးက ႏိုဝင္ဘာ ၂၅ ရက္ေန႔မွာ ေျပာပါတယ္။

(ခြဲစိတ္ဖယ္ရွားခဲ့သည့္ ႀကီးမားတဲ့ ေက်ာက္ကပ္ကို ေတြ႕ရစဥ္) 

အေလးခ်ိန္ ၁၆ ေပါင္ခြဲရွိတဲ့ ေက်ာက္ကပ္ဟာ ခြဲစိတ္မႈတစ္ခုအတြင္း ဖယ္ရွားခဲ့တဲ့ အႀကီးဆုံး ေက်ာက္ကပ္မ်ားအနက္ တစ္လုံးလည္းျဖစ္ပါတယ္။ ထိုအမ်ိဳးသားဟာ အသက္အႏၲရာယ္ရွိတဲ့ မ်ိဳး႐ိုးဗီဇဆိုင္ရာ က်န္းမာေရးအေျခအေန ရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။ "သူ႔ရဲ႕ ဝမ္းဗိုက္ပိုင္း ေနရာတစ္ဝက္မွာျပည့္ေနခဲ့တဲ့ အစိုင္အခဲႀကီးပါ၊ ႀကီးမားတဲ့ ေက်ာက္ကပ္ဆိုတာ ကြၽန္ေတာ္တို႔ သိၾကေပမဲ့ ဒီေလာက္အထိ အေလးခ်ိန္ရွိမယ္လို႔ေတာ့ ဘယ္တုန္းကမွ မထင္ခဲ့မိဘူး" လို႔ ခြဲစိတ္ကုသခဲ့တဲ့အဖြဲ႕မွာ ပါဝင္ခဲ့သူ ဆာခ်င္ကာသူ႐ိုင္းက AFP သတင္းဌာနကို ေျပာပါတယ္။

အသက္ ၅၆ ႏွစ္အ႐ြယ္ အဆိုပါ အမ်ိဳးသားဟာ ေက်ာက္ကပ္မွာ အက်ိတ္မ်ားထြက္လာတဲ့ မ်ိဳး႐ိုးဗီဇခ်ိဳ႕ယြင္းမႈ ေက်ာက္ကပ္ေရာဂါ Autosomal Dominant Polycystic Kidney Disease (ADPKD) ခံစားေနရသူျဖစ္ၿပီး နယူးေဒလီၿမိဳ႕ရွိ Sir Ganga Ram ေဆး႐ုံမွာ ၿပီးခဲ့တဲ့လအတြင္း ႏွစ္နာရီၾကာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရပါတယ္။

 

ပုံမွန္ ေက်ာက္ကပ္တစ္လုံးရဲ႕ အေလးခ်ိန္ဟာ တစ္ေပါင္မျပည့္ဘဲ ၄.၃ ေအာင္စမွ ၅.၃ ေအာင္စသာရွိၿပီး အရွည္ ၄.၇ လက္မျဖစ္ေၾကာင္း သိရပါတယ္။ သို႔ေသာ္ ခြဲစိတ္ကုသမႈခံယူခဲ့ရတဲ့ အမ်ိဳးသားရဲ႕ ေက်ာက္ကပ္တစ္လုံးကေတာ့ အေလးခ်ိန္ ၁၆ ေပါင္ခြဲနဲ႔ အရွည္ ၁.၅ ေပနီးပါးရွိေၾကာင္း ဆာခ်င္ကာသူ႐ိုင္းက ေျပာခဲ့ပါတယ္။ အမည္မေဖာ္ျပတဲ့ အဆိုပါ အမ်ိဳးသားလူနာဟာ ေက်ာက္ကပ္မွာ အရည္ေတြျပည့္ေနတဲ့ အက်ိတ္မ်ား ႀကီးထြားလာမႈေၾကာင့္ ေနမေကာင္းျဖစ္ေနခဲ့ပါတယ္။

(ခြဲစိတ္ကုသမႈျမင္ကြင္းတစ္ခု)

ဆရာဝန္ေတြက ၎ရဲ႕ ခႏၶာကိုယ္တြင္း ေသြးယိုစိမ့္မႈနဲ႔ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈေတြ စစ္ေဆးေတြ႕ရွိရၿပီးေနာက္ ခြဲစိတ္ကုသရန္ စီစဥ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ယခုအခါမွာေတာ့ ခြဲစိတ္ကုသခဲ့တဲ့ အမ်ိဳးသားဟာ အေျခအေနေကာင္းမြန္ေၾကာင္းနဲ႔ ေက်ာက္ကပ္ ပုံမွန္ေဆးေနၿပီး ေက်ာက္ကပ္တစ္လုံး အစားထိုးကုသမရန္ ေစာင့္ဆိုင္းေနေၾကာင္း သိရပါတယ္။

 

လူသားတစ္ဦးထံမွ ဖယ္ရွားခဲ့တဲ့ အႀကီးဆုံး ေက်ာက္ကပ္အျဖစ္ မွတ္တမ္းတင္ထားခဲ့မႈကေတာ့ ၂၀၁၇ ခုႏွစ္က ဒူဘိုင္းမွာ ခြဲစိတ္ဖယ္ရွားခဲ့ၿပီး အေလးခ်ိန္ ၉.၄ ေပါင္ရွိ ေက်ာက္ကပ္ျဖစ္တယ္လို႔ ဂင္းနစ္ကမာၻ႔စံခ်ိန္တင္မွတ္တမ္းက ေဖာ္ျပထားပါတယ္။ သို႔ေသာ္ နယူးေဒလီမွ ဆရာဝန္ေတြကေတာ့ လူနာတစ္ဦးထံမွ အေလးခ်ိန္ ၁၉.၈ ေပါင္အထိရွိတဲ့ ေက်ာက္ကပ္တစ္လုံးကို ခြဲစိတ္ဖယ္ရွားေပးခဲ့တဲ့ ေဆးကုသမႈမွတ္တမ္း ေတြ႕ရွိခဲ့ေၾကာင္း ေျပာၾကပါတယ္။

 

Duwun

{Unicode}

=======

အိန္ဒိယအမျိုးသားတစ်ဦးထံမှ အလေးချိန် ၁၆ ပေါင်ခွဲရှိ ကျောက်ကပ်ကြီးကို ခွဲစိတ်ဖယ်ရှားခဲ့ရ

ပုံမှန် ကျောက်ကပ်တစ်လုံးရဲ့ အလေးချိန်မှာ တစ်ပေါင်မပြည့်ဘဲ ၄.၃ အောင်စမှ ၅.၃ အောင်စသာရှိပါတယ်။ အိန္ဒိယ ခွဲစိတ်ဆရာဝန်တွေက အမျိုးသားတစ်ဦးထံမှ ဘိုးလင်းဘောလုံးတစ်လုံးနဲ့ အလေးချိန်တူညီတဲ့ ကျောက်ကပ်တစ်လုံးကို ခွဲစိတ်ဖယ်ရှားခဲ့ကြောင်း ခွဲစိတ်ဆရာဝန်တစ်ဦးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောပါတယ်။

(ခွဲစိတ်ဖယ်ရှားခဲ့သည့် ကြီးမားတဲ့ ကျောက်ကပ်ကို တွေ့ရစဥ်)

အလေးချိန် ၁၆ ပေါင်ခွဲရှိတဲ့ ကျောက်ကပ်ဟာ ခွဲစိတ်မှုတစ်ခုအတွင်း ဖယ်ရှားခဲ့တဲ့ အကြီးဆုံး ကျောက်ကပ်များအနက် တစ်လုံးလည်းဖြစ်ပါတယ်။ ထိုအမျိုးသားဟာ အသက်အန္တရာယ်ရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ကျန်းမာရေးအခြေအနေ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

"သူ့ရဲ့ ဝမ်းဗိုက်ပိုင်း နေရာတစ်ဝက်မှာပြည့်နေခဲ့တဲ့ အစိုင်အခဲကြီးပါ၊ ကြီးမားတဲ့ ကျောက်ကပ်ဆိုတာ ကျွန်တော်တို့ သိကြပေမဲ့ ဒီလောက်အထိ အလေးချိန်ရှိမယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး" လို့ ခွဲစိတ်ကုသခဲ့တဲ့အဖွဲ့မှာ ပါဝင်ခဲ့သူ ဆာချင်ကာသူရိုင်းက AFP သတင်းဌာနကို ပြောပါတယ်။

အသက် ၅၆ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ ကျောက်ကပ်မှာ အကျိတ်များထွက်လာတဲ့ မျိုးရိုးဗီဇချို့ယွင်းမှု ကျောက်ကပ်ရောဂါ Autosomal Dominant Polycystic Kidney Disease (ADPKD) ခံစားနေရသူဖြစ်ပြီး နယူးဒေလီမြို့ရှိ Sir Ganga Ram ဆေးရုံမှာ ပြီးခဲ့တဲ့လအတွင်း နှစ်နာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

 

ပုံမှန် ကျောက်ကပ်တစ်လုံးရဲ့ အလေးချိန်ဟာ တစ်ပေါင်မပြည့်ဘဲ ၄.၃ အောင်စမှ ၅.၃ အောင်စသာရှိပြီး အရှည် ၄.၇ လက်မဖြစ်ကြောင်း သိရပါတယ်။ သို့သော် ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ အမျိုးသားရဲ့ ကျောက်ကပ်တစ်လုံးကတော့ အလေးချိန် ၁၆ ပေါင်ခွဲနဲ့ အရှည် ၁.၅ ပေနီးပါးရှိကြောင်း ဆာချင်ကာသူရိုင်းက ပြောခဲ့ပါတယ်။ အမည်မဖော်ပြတဲ့ အဆိုပါ အမျိုးသားလူနာဟာ ကျောက်ကပ်မှာ အရည်တွေပြည့်နေတဲ့ အကျိတ်များ ကြီးထွားလာမှုကြောင့် နေမကောင်းဖြစ်နေခဲ့ပါတယ်။

(ခွဲစိတ်ကုသမှုမြင်ကွင်းတစ်ခု)

ဆရာဝန်တွေက ၎င်းရဲ့ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှုနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုတွေ စစ်ဆေးတွေ့ရှိရပြီးနောက် ခွဲစိတ်ကုသရန် စီစဥ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ခွဲစိတ်ကုသခဲ့တဲ့ အမျိုးသားဟာ အခြေအနေကောင်းမွန်ကြောင်းနဲ့ ကျောက်ကပ် ပုံမှန်ဆေးနေပြီး ကျောက်ကပ်တစ်လုံး အစားထိုးကုသမရန် စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

 

လူသားတစ်ဦးထံမှ ဖယ်ရှားခဲ့တဲ့ အကြီးဆုံး ကျောက်ကပ်အဖြစ် မှတ်တမ်းတင်ထားခဲ့မှုကတော့ ၂၀၁၇ ခုနှစ်က ဒူဘိုင်းမှာ ခွဲစိတ်ဖယ်ရှားခဲ့ပြီး အလေးချိန် ၉.၄ ပေါင်ရှိ ကျောက်ကပ်ဖြစ်တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းက ဖော်ပြထားပါတယ်။ သို့သော် နယူးဒေလီမှ ဆရာဝန်တွေကတော့ လူနာတစ်ဦးထံမှ အလေးချိန် ၁၉.၈ ပေါင်အထိရှိတဲ့ ကျောက်ကပ်တစ်လုံးကို ခွဲစိတ်ဖယ်ရှားပေးခဲ့တဲ့ ဆေးကုသမှုမှတ်တမ်း တွေ့ရှိခဲ့ကြောင်း ပြောကြပါတယ်။

Read times
Rate this item
(0 votes)