What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 March 2020 13:49

သွားကိုပျက်စီးစေတဲ့ အရာများ

တစ်နေ့တာ ခန္ဓာကိုယ်လိုအပ်နေတဲ့ အာဟာရဓာတ်စားသုံးမှုအတွက် သွားများကို အသုံးပြုရပါတယ်။

ဒါကြောင့်သွားများ ကြံ့ခိုင်ဖို့လိုအပ် ယုံသာမက သန်းရှင်းဖို့လည်းအလွန်အရေးကြီး လှပါတယ်။ သွားများ ကျန်းမာကြံ့ခိုင်မှ ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ်များ နဲ့ သွားများသန့်ရှင်းမှုကြောင့် လူမှုဆက်ဆံရေး နယ်ပယ်များတွင် ပိုမို အဆင်ပြေစေပါတယ်။ သွားများ မပျက်စီးအောင် ရှောင်ကျဉ်သင့်တဲ့ အရာများကို ဖော်ပြလိုက်ပါတယ်။

 

ရေခဲ

ရေခဲ ၊ အလွန်အေးနေတဲ့ ရေသန့်များမှာ သကြားဓာတ် ၊ အခြားပစ္စည်းများ ရောစပ်ထားတာမရှိ တဲ့အတွက် သန့်ရှင်းပြီး အန္တာရာယ် ကင်းတယ်လို့ ထင်မြင်ကောင်း ထင်မြင်ပါလိမ့်မယ်။ တစ်ကယ်တော့ အရမ်းအေးသောရေ ၊ ရေခဲများနဲ့ အလွန်ပူသော အစားစာများက သွားအတွင်းရှိ နုညံသော တစ်ရှူးများကို ပျက်စီးစေပြီး သွားကိုက်တာ ၊ နာတာရှည် သွားနာတာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အိပ်ချိန်

ညအိပ်ချိန်များတွင် နို့ ၊ juice ၊ ဖျော်ရည် သောက်သုံးခြင်းက သွားပိုးစားခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးများတွင် ညအိပ်ချိန်များမှာ နို့ဘူးစို့ရင်း အိပ်ပျော်သွားပြီး နို့ဘူးက ပါးစပ်ထဲတွင် ကျန်နေသောကြောင့် သွားပိုးစားတာ ၊ သွားကို ပုပ်ဆွေးခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Veterinary Medicine & Nutrition (တိရစ္ဆာန်ကုဆေးရောင်းချသောဆိုင်ပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Veterinary Medicine & Nutrition

 

သွားကြိတ်ခြင်း

အိပ်နေချိန်သွားကြိတ်ခြင်းက သွားများကို ပျက်စီးစေတဲ့အပြင် သွားကြိတ်ခြင်းကို ထိန်းချုပ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ သွားကြိတ်ခြင်းကို အံကပ်များဝတ်ဆင်ပြီး အိပ်စက်ခြင်းဖြင့် လျော့နိုင်ပါတယ်။

 

ဆိုဒါ

ဆိုဒါတွင် phosphoric ၊ citric acid များပါဝင်တဲ့ အတွက်ကြောင့် ဆိုဒါပါဝင်သော အစားအစာများကို စားသုံးပေးခြင်းက သွားများ ပိုမိုပျက်စီးစေနိုင်ပါတယ်။

 

အရာတ္ထုများကို ကိုက်ဖောက်ခြင်း

အရာဝတ္ထုများကို သွားဖြင့်ကိုက်ဖောက်ခြင်းက သွားပက်တာ၊ ကျိုးတာ၊ သွားနာကျင်တာ၊ သွားဖုံးထိတာ ၊သွားများမညီမညာ ဖြစ်တာ ၊ သွားပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 

ရေခဲ


 

အိပ်ချိန်


 



 

သွားကြိတ်ခြင်း


 

ဆိုဒါ


 




Read times
Rate this item
(0 votes)