What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 July 2020 10:45

သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ခြင်းကို ထိရောက်စွာကာကွယ်နိုင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုသလဲ?

အဖြစ်များသော သွားနှင့်ခံတွင်း‌ရောဂါများဖြစ်တဲ့ သွားပိုးစားရောဂါနှင့် သွားဖုံးရောင်ရောဂါများမှာ သွား နှင့် သွားဖုံးတွင် ဘတ်တီးရီးယားပိုးများဝင်ရောက်၍ အစားအစာထဲမှ သကြားဓါတ်ကို အက်စစ်ဓါတ် အဖြစ် ပြောင်းလဲစေပြီး သွားထဲမှ ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်ဓါတ်တို့ကို ပျော်ဝင်စေကာ သွားတွင် အပေါက်များဖြစ်စေ၍ သွားကို ပျက်စီးစေပါတယ်။

 

ဖုံးတွင် ပြည်တည်ခြင်း၊ မေးရိုးနှင့် မျက်နှာ ရောင်ရမ်းခြင်းတို့ဖြစ်ပေါ်စေပြီး အချိန်မီကုသမှု မခံယူပါက အသက်သေဆုံးသည်ထိ အန္တရာယ်ရှိပါ တယ်။

 

တစ်နေ့နှစ်ကြိမ် စနစ်မှန်သွားတိုက်ခြင်း၊ အချိုများသည့် သရေစာများ လျှော့စားခြင်းဖြင့် သွားပိုးစား ခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ စနစ်မှန်သွားတိုက်ရာမှာ သွားတိုက် တံသုံး၍ ဖလိုရိုဒ်ပါသော သွားတိုက်ဆေးနှင့် တစ်နေ့နှစ်ကြိမ် (နံနက်စာ စားပြီးချိန်နှင့် ညအိပ်ယာ မဝင်မီ) သွားတိုက်ရမှာ ဖြစ်ပါတယ်။

 

သွားတိုက်ရာတွင် သွားတိုက်တံအမျှင်များကို သွားဖုံးစပ်မှနေ၍ သွားဖက်သို့ဆွဲ၍ အပေါ်သွား၊ အောက် သွား၊ ရှေ့သွား၊ နောက်သွား အတွင်းအပြင်သွားမျက်နှာပြင်နှင့် သွားကြိုသွားကြားမကျန် တိုက်ပါ။

 

သွားတိုက်လေ့မရှိသူများ သွားစတိုက်သည့်အခါ သွေးထွက်လေ့ရှိသည်။ တစ်နေ့နှစ်ကြိမ်ဆက်၍ သွားတိုက်ခြင်းဖြင့် တစ်ပတ်အတွင်း သွားဖုံးမှသွေးထွက်ခြင်း ပျောက်ကင်းနိုင်သည်။

 

ဖလိုရိုဒ်ပါသော သွားတိုက်ဆေး အာနိသင်လျော့မသွားစေရန် သွားတိုက်အပြီး ရေနှင့်ပလုပ်ကျင်းရန် မလိုဘဲ ပိုနေသော သွားတိုက်ဆေးမြှုပ်များကို ထွေးပစ်ရန်သာဖြစ်သည်။

 

အသက်သုံးနှစ်အောက်ကလေးများ တစ်နေ့တစ်ကြိမ်၊ အသက်သုံးနှစ်ကျော်လျှင် တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ လျှာကိုပါတိုက်ပေးပါ။


အသက်ခြောက်နှစ်အောက်ကလေးများ သွားတိုက်ရာတွင် ဖလိုရိုဒ်ပါသော သွားတိုက်ဆေးကို ကုလားပဲစေ့ တစ်ခြမ်းခန့်သာထည့်ပြီး အသက်ခြောက်နှစ်အောက် ကလေးများ သွားတိုက်ခြင်းကို မိဘ၊ အုပ်ထိန်းသူများက ပြုလုပ်ပေးပါ (သို့မဟုတ်) ကြီးကြပ်ပေးပါ။

 

သွားတိုက်တံကို မျှဝေမသုံးရ။ သွားတိုက်တံ တစ်ချောင်းကို (၃) လ ထက်ပို မသုံးပါနှင့်။

 

"တစ်နေ့နှစ်ကြိမ် စနစ်မှန်သွားတိုက်ခြင်း၊ အချိုများသည့် သရေစာများ လျှော့စားခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာကာကွယ်ပါ။"

 

Image may contain: text

 

MOHS

Read times
Rate this item
(0 votes)