What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 30 March 2018 11:59

နည်းစနစ်မှန်မှန်ဖြင့် ကွန်ပြူတာ အသုံးပြုနည်း

နည်းစနစ်မှန်မှန်ဖြင့် ကွန်ပြူတာ အသုံးပြုနည်း google.com

အခုလို အိုင်တီခေတ်ကြီးထဲတွင် ကွန်ပြူတာတွေ၊ ဖုန်းတွေ၊ နဲ့ လူတိုင်းကင်းလွတ်နိုင်မည်မဟုတ်ပါ။ နည်းပညာတွေတိုးတတ်လာသည်နှင့်အမျှ တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ ကျန်းမာရေးတွေ စုပ်ယုတ်လာပါတယ်။

ဒါပေမဲ့ နည်းစနစ်မှန်မှန်လေး အသုံးပြုပေးမယ်ဆိုရင်တော့ အထိုက်အလျောက်တော့ ကာကွယ်နိုင်ပါတယ်။

ကွန်ပြူတာကို တစ်နေကုန်ကြည့်နေသူများအနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ထိုင်ရမည်၊ ကြည့်ရမည်၊ အသုံးပြုရမည်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ကွန်ပြူတာနဲ့ တစ်နေကုန်အလုပ်လုပ်နေသူများအနေနဲ့-

(၁) မိနစ် ၂၀ ကြာတိုင်း ပေ၂၀ အကွာအဝေးရှိသော အခြားတစ်နေရာသို့ စက္ကန့် ၂၀ လောက်ကြည့်ရှုပေးပါ။

(၂) ထိုင်ခုံ၊ မော်နီတာ ၊ မီးအလင်းအမှောင် အားလုံးကို မိမိနဲ့ အဆင်ပြေဆုံးဖြစ်မယ့် အနေအထားတစ်ခုကို ချိန်ထားပါ။ကွန်ပြူတာ မျက်နာပြင်မှ စာများကို ဖတ်ရလွယ်ကူစေရန် မျက်နာပြင်ကို အဆင်ပြေမဲ့အနေအထား ထိ ချဲ့ထားပါ။

(၃) မိမိကွန်ပြူတာစင်နှင့် ပတ်ပတ်လည်မှာ ဖုန်တွေ ရှိမနေသင့်ပါဘူး။ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရမည့် နေရာမှာ ဖုန်နဲ့ အခြားအမှိုက်သရိုက်များရှိနေရင် တစ်ကိုယ်ရည်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၄) မျက်တောင်ခတ်ပေးပါ၊ မျက်တောင်မခတ်ပဲ ကွန်ပြူတာကို အကြာကြီး စိုက်ကြည့်ပြီးအသုံးပြုခြင်းဟာ မျက်တွင်းခမ်းခြောက်စေပြီး မျက်စိအကြောအားနည်းခြင်းနဲ့ အခြားအာရုံကြောနဲ့ဆိုင်သည့် ဆက်စပ်ရောဂါများ ဖြစ်စေပါတယ်။

Source: Health care

Read times Last modified on Friday, 30 March 2018 13:37
Rate this item
(0 votes)