သင်္ကြန်ကာလအတွင်း အထူးသတိထားသင့်တဲ့ ကာမစိတ်ကို နှိုးဆွပေးတဲ့ ဆေးတစ်မျိုးကို သတိထားစေရင် ဖော်ပြပေးလိုက်ပါတယ်။
တရုတ်နိုင်ငံမှဝင်ရောက်တာတဲ့ ‘မိန်းမလှလေး’အမည်ရှိတဲ့ဆေးအမျိုးအစားတစ်ခု ဖြစ်ပါ တယ။် အလွန်အမင်းစွဲလမ်းစေတဲ့သဘောရှိပြီး သုံးစွဲသူဟာ စိတ်ရဲ့အလိုအတိုင်း အရာရာတိုင်းကို လုပ်ဆောင်နိုင်စေဖို့လှုံ့ဆော် ပေးပါတယ်။
ဆေးရှိန်တက်နေတဲ့ခဏတာမှာ ရှက်စိတ်ကြောက်စိတ်လုံးဝကင်းလွတ်နေပြီး အရူးတစ်ေ ယာက်လိုထင်ရာလုပ်နေတတ်တယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုသိသိသာသာမြင့်တက်စေပြီး အသိစိတ်ကင်းလွတ်ချိန်မှာ အဝတ်အ စားများ ချွတ်ပစ်ဖို့ကိုပင်ဝန်လေးနေမှာမဟုတ်ပါဘူး။
လွတ်လပ်ပေါ့ပါးမှုနဲ့အတူခြေဦးတည့်ရာပြေးနေတတ်ပြီး ဒေါသစိတ်ဟာ လူသတ်တဲ့အထိ ဖြစ်စေပါတယ်။ ဆေးတောင့်အနေနဲ့လည်း သောက်သုံးနိုင်သလိုအမှုန့်အနေနဲ့ရေမှာအလွယ်တကူပျော်ဝင်နိုင်ပြီး အနံ့အရသာ မရှိကြောင်းသိရပါတယ်။ အဓိက ပါဝင်ပစ္စည်းဟာ Alpha-PVP ဖြစ်ပီး ၄င်းဆေးကိုအန္တရာယ်အရှိဆုံး မူးယစ်ဆေးအဖြစ် 2012 ခုနှစ်ဖလော် ရီဒါပြည်နယ်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ အခုတစ်လော ပေါ်ပျူလာဖြစ်နေတဲ့အဝတ်ဗလာနဲ့ပြေးလွှားနေမှု တွေရဲ့တရားခံဟာ ဒီေ ဆးကြောင့်လား ဆိုတာ သံသယ ဝင်စရာဖြစ်နေပါတယ်။
အလားတူပဲ အခြားသောဆေးအမျိုးအစားတွေဟာလည်း ပုံစံမျိုးစုံနဲ့ပျံ့နှံ့လျ က်ရှိနေပြီး အချို့လည်း ကြားဖူးပီးသားဖြစ်မှာပါဆေးစက်သုံးစက်လောက်နဲ့ဘဝပျက်တဲ့အထိလည်း ဖြ စ်သွားနိုင်ပါတယ်။
ဒီလိုဆေးတွေဟာ နှစ်သစ်ကူးကာလမှာ အထူးစိုးရိမ်စရာ သတိထားသင့်တဲ့အရာတွေဖြစ်တဲ့အတွက်အမျိုး သမီး အမျိုးသား မည်သူမဆိုအချိုရည်ကအစ သတိထား သောက်ကြဖို့နဲ့ အသိစိတ်ကင်းလွတ်ချိန်မှာ ဘာမဆို ဖြစ်သွားနိုင်တာကြောင့်မည်သူ့ကိုမဆိုမယုံမလွယ်ကြဖို့အကြံပေးလိုက်နှိုးဆော်လိုက်ပါတယ်။
Source: Lawkathuta