What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 May 2019 15:06

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ် သင်ကြားပေးနေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ရေးသင်တန်းကို မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှာ ဖွင့်လှစ်ထား တယ်လို့ သိရပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ရေးသင်တန်းကို (၂၀၁၅) ခုနှစ် စက်တင်ဘာလမှ စတင်ဖွင့်လှစ်တာဖြစ်ပါတယ်။

 

သက်ကြီးရွယ် အိုပြုစုစောင့်ရှောက်ရေးသင်တန်းကို ဖွင့်လှစ်တာက သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရာမှာ စနစ်တကျ ပြုစုတတ်စေဖို့၊ သက်ကြီးရွယ်အိုတွေရဲ့သဘောသဘာဝလိုအပ်ချက်တွေကိုသိရှိစေဖို့၊ အတန်းပညာပြီးမြောက်မှု မရှိသူတွေ အတွက် ကျွမ်းကျင်မှုအတတ်ပညာတွေ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာတွေတတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရ ရှိစေဖို့အတွက် ရည်ရွယ်သင်ကြားပေးတာဖြစ်ပါတယ်။

 

သင်ကြားရာမှာ စာတွေ့၊ လက်တွေ့ သင်ကြားပေးတာဖြစ်တယ်လို့ သိရပါတယ်။ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်းရဲ့သင်တန်းကာလကို (၉)ပတ် သတ်မှတ်ထားပြီး အခုသင်ကြားနေတဲ့ သင်တန်းအပတ်စဉ်(၈)မှာ သင်တန်းသား၊ သင်တန်းသူ(၃၉)ဦး တက်ရောက်နေပြီး ဂျပန်နိုင်ငံကိုသွားရောက် အလုပ်လုပ်ကိုင်လိုသူ (၃၁)ဦး၊ စင်္ကာပူနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်လိုသူ(၃)ဦးနဲ့ ဘိုးဘွားရိပ်သာနဲ့ဘုရားကျောင်းမှာ အလုပ်လုပ်ဖို့စိတ်ပါဝင်စားသူ(၅)ဦးရှိတယ်လို့ သိရပါတယ်။

Read More : မထင်မှတ်ပဲ သင့်အသားအရေကို ထိခိုက် ပျက်စီးစေတဲ့ အစားအစာများ

 

သင်ကြားရာမှာလည်း စာတွေ့၊ လက်တွေ့အပြင် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာတွေမှာ ကွင်းဆင်းလေ့လာမှုတွေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်တဲ့သူတွေကတော့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်နည်းတွေကို စာတွေ့၊ လက်တွေ့ သင်ကြားရတာကြောင့် လုပ်ငန်းခွင်ထဲ လက်တွေ့လုပ်ဆောင်ရာမှာ အဆင်ပြေမှုရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ရေးသင်တန်းမှာ သင်တန်းအပတ်စဉ်(၇)အထိ သင်တန်းသား၊ သင်တန်းသူ(၁၇၄)ယောက်အထိသင်ကြား ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်ချင်သူတွေအနေနဲ့ အခြေခံပညာအလယ်တန်းအောင်မြင်ပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရာမှာ စိတ်ပါဝင်စားသူဖြစ်ရမယ်လို့ သိရပါတယ်။

 

Source: MRTV-4

Read times
Rate this item
(0 votes)