What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 June 2018 14:55

အသည်းကို သန့်စင်ပေးမယ့် အစားအစာ ၇ မျိုး

အသည်းကို သန့်စင်ပေးမယ့် အစားအစာ ၇ မျိုး Google.com

အသည်းဟာ ကိုယ်ခန္ဓာကျန်ူမာရေးအတွက် အရေးပါပါတယ်။ အစာချေဖျက်ခြင်း ၊ ဇဝကမ္မဖြစ်ပျက်မှု နဲ့ ရောဂါပိုးမွှား ခုခံနိုင်မှု အာဟာရသိုလှောင်မှုအတွက်လည်း ဆက်စပ်မှုရှိပါတယ်။

မကျန်းမာတဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံမှားယွင်းသွားတဲ့အခါ အသည်းကို ထိခိုက်စေပါတယ်။ သင့်ကျန်းမာရေးအတွက် အရေးပါအရာရောက်တဲ့ အသည်းကိုအားဖြစ်မယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ချင်း(ဂျင်း)

Related image

ချင်း(ဂျင်း)က ကိုလက်စထရောကို လျော့ကျစေပြီး အသည်းကို သန့်စင်ဖို့အတွက် အင်မတန် အသုံးဝင်ပါတယ်။ ဒါကြောင့် တနေ့ကို ချင်းကို ပုံမှန် စားသုံးပေးသင့်ပါတယ်။

(၂) စိမ်းစားဥ

Related image

စိမ်းစားဥက အသည်းကို သန့်စင်ဖို့နဲ့ ထောက်ပံ့ဖို့အတွက် အရေးပါ အရာရောက်ပါတယ်။ ဒါ့ပြင် အသည်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ထောက်ပံပေးတဲ့အတွက် နေ့တိုင်း တစ်နေ့တစ်လုံး စားသင့်ပါတယ်။
(၃) ရှောက်သီး

Image result for ရှောက်သီး

ရှောက်သီးကို Dextox လုပ်တဲ့အခါ မကြာခဏ သုံးကြတာ တွေ့ဖူးမှာပါ။ ရှောက်သီးဟာ အသည်း အာဟာရဓာတ်တွေ စုပ်ယူနိုင်ဖို့အတွက် အားပေးပါတယ်။
(၄)Green Tea

Related image

Green Tea ဟာ အသည်းကအဆီတွေကို ချေဖက်ပေးနိုင်သလို အဝလွန်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် အရက်ကြောင့်အသည်းကို ထိခိုက်ပျက်စီးစေတာကိုလည်း သက်သာစေပါတယ်။
(၅) ထောပတ်သီး

Related image

၂၀၀၂ ခုနှစ်တုန်းက လေ့လာချက်တွေအရ ထောပတ်သီးက အသည်းပျက်စီးမှုကို လျော့ချပေးနိုင်တဲ့ ဓာတ်တွေပါဝင်တယ်လို့ သိရပါတယ်။ အာဟာရဓာတ် ၊ ဗီတာမင်ဓာတ်တွေ အပြည့်အဝ ပါဝင်ပြီး အသည်းကျန်းမာမှုကို အထောက်အကူဖြစ်စေသလို အဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။
(၆) နနွင်း

Image result for နနွင်း

နနွင်းက အသည်းသန့်စင်ဖို့အတွက် လူသိများတဲ့ အရာတစ်ခုဘဲ ဖြစ်ပါတယ်။သူက အသည်းမှာပျက်စီနေတဲ့ ဆဲလ်တွေကို ပြန်လည်ရှင်သန်လာအောင် အားဖြည့်ပေးနိုင်ပါတယ်။
(၇) ပန်းသီး

Image result for ပန်းသီး

တနေ့ပန်းသီးတလုံး စားသုံးပေးမယ်ဆိုရင် ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်ရမှာပါ။ အစာချေလမ်းကြောင်းက အဆိပ်ဖြစ်စေတဲ့ အရာတွေ ဖယ်ရှားပေးပြီး သွေးထဲက ကိုလက်စထရောတွေ ကင်းစေပါတယ်။ အသည်းကို ဓဏ်ဖြစ်စေမယ့် အရာတွေကနေလည်း ကာကွယ်ပေးပါတယ်။

 

Source:irrawaddy

 

Read:ကမ္ဘာ့နံပါတ် ၁ လူသတ်သမား

ကမ္ဘာ့နံပါတ် ၁ လူသတ်သမား

 

Read times Last modified on Tuesday, 12 June 2018 15:17
Rate this item
(1 Vote)