သစ်သီးတွေစားရင် ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေဖြစ်ပေမဲ့မှည့်လာအောင် အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ စိမ်လိုက်တဲ့အခါ စားမိတဲ့လူတွေကို ပြဿနာပေးပါလိမ့်မယ်။
လေ့လာချက်သစ်တစ်ခုအရ ဘင်္ဂလာဒေ့ရှ်မှာ သုံးနေတဲ့ ဓာတုဆေး ၂၃ မျိုး (သစ်သီးတွေမှည့်အောင်သုံးတဲ့ဆေးများ)ဟာ မကောင်းတဲ့ သတ္တုဓာတ်တွေနဲ့ ကျန်းမာရေးဆိုးဝါးစေတဲ့ အခြားပစ္စည်းများပါဝင်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေ့ရှ် နည်းပညာအင်ဂျင်နီယာတက္ကသိုလ်မှ သုတေသီများ စစ်ဆေးလိုက်ရာ ၎င်းတို့စစ်ဆေးလိုက်တဲ့ သစ်သီးများတွင် ကယ်လ်စီယမ်ကာဗိုက်အပါအဝင် ဆလ်ဖာ ၊ သံဓာတ် ၊ စီလီကွန် ၊ မဂ္ဂနီစီယမ် ၊ ဇင့် ၊ အာဆင်းနစ် နှင့် ဖော့စ်ဖရပ်စ် ၊ အီသက်မွန် ၊ မာရီုဆင်း ၊ ဖော်မယ်လင်နှင့် အီသိုင်းဂလိုင်ကောတို့ ပါဝင်နေကြောင်းတွေ့ရပါတယ်။ ဓာတုပစ္စည်းများ၏ ပြင်းအားပမာဏကလည်း သတ်မှတ်ခွင့်ပြုထားတဲ့ ၊ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ပမာဏထက်ကျော်လွန်နေကြောင်း တွေ့ရပါသတဲ့။
၎င်းတို့စစ်ဆေးလိုက်တဲ့ သစ်သီးတွေထဲက တွေ့ခဲ့ရတဲ့ ဆာလဖာဓာတ်ဟာ ၆၃၈၃ဝဝ ppm နှင့် ၅၇ဝ,ဝဝဝ ppm ကြား ပြင်းအားရှိကြောင်းတွေ့ခဲ့ရပါတယ်။ ဆာလ်ဖာဓာတ်ဟာ ၆ဝဝ ppm မြင့်မားတာတောင် အဆိပ်အတောက်ဖြစ်နေကြောင်း သုတေသီအဖွဲ့က ရှင်းပြထားပါတယ်။
ဤအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများနဲ့ စိမ်ထားတဲ့ သစ်သီးတွေကို နေ့စဉ်စားပါက အရေပြားထိခိုက်ပျက်စီးခြင်း ၊ ကျောက်ကပ်စွမ်းရည်ကျဆင်းခြင်း ၊ အဆုတ်ထိခိုက်ပျက်ဆီးခြင်း ၊ ဝမ်းပျက်ခြင်း ၊ သွေးအားနည်းခြင်း ၊ အဆုတ်စွမ်းရည်ကျဆင်းခြင်း ၊ မွေးရာပါ ကိုယ်လက်အင်္ဂါ ပျက်စီးချွတ်ယွင်းခြင်းစတဲ့ ပြင်းထန်းဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။
source:healthdigest
MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။