What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 June 2018 11:29

ဓာတုပစ္စည်းတွေနဲ့ မှည့်အောင်စိမ်ထားတဲ့ သစ်သီးကို စားမိရင်

ဓာတုပစ္စည်းတွေနဲ့ မှည့်အောင်စိမ်ထားတဲ့ သစ်သီးကို စားမိရင် Google.com

သစ်သီးတွေစားရင် ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေဖြစ်ပေမဲ့မှည့်လာအောင် အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ စိမ်လိုက်တဲ့အခါ စားမိတဲ့လူတွေကို ပြဿနာပေးပါလိမ့်မယ်။

လေ့လာချက်သစ်တစ်ခုအရ ဘင်္ဂလာဒေ့ရှ်မှာ သုံးနေတဲ့ ဓာတုဆေး ၂၃ မျိုး (သစ်သီးတွေမှည့်အောင်သုံးတဲ့ဆေးများ)ဟာ မကောင်းတဲ့ သတ္တုဓာတ်တွေနဲ့ ကျန်းမာရေးဆိုးဝါးစေတဲ့ အခြားပစ္စည်းများပါဝင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေ့ရှ် နည်းပညာအင်ဂျင်နီယာတက္ကသိုလ်မှ သုတေသီများ စစ်ဆေးလိုက်ရာ ၎င်းတို့စစ်ဆေးလိုက်တဲ့ သစ်သီးများတွင် ကယ်လ်စီယမ်ကာဗိုက်အပါအဝင် ဆလ်ဖာ ၊ သံဓာတ် ၊ စီလီကွန် ၊ မဂ္ဂနီစီယမ် ၊ ဇင့် ၊ အာဆင်းနစ် နှင့် ဖော့စ်ဖရပ်စ် ၊ အီသက်မွန် ၊ မာရီုဆင်း ၊ ဖော်မယ်လင်နှင့် အီသိုင်းဂလိုင်ကောတို့ ပါဝင်နေကြောင်းတွေ့ရပါတယ်။ ဓာတုပစ္စည်းများ၏ ပြင်းအားပမာဏကလည်း သတ်မှတ်ခွင့်ပြုထားတဲ့ ၊ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ပမာဏထက်ကျော်လွန်နေကြောင်း တွေ့ရပါသတဲ့။

၎င်းတို့စစ်ဆေးလိုက်တဲ့ သစ်သီးတွေထဲက တွေ့ခဲ့ရတဲ့ ဆာလဖာဓာတ်ဟာ ၆၃၈၃ဝဝ ppm နှင့် ၅၇ဝ,ဝဝဝ ppm ကြား ပြင်းအားရှိကြောင်းတွေ့ခဲ့ရပါတယ်။ ဆာလ်ဖာဓာတ်ဟာ ၆ဝဝ ppm မြင့်မားတာတောင် အဆိပ်အတောက်ဖြစ်နေကြောင်း သုတေသီအဖွဲ့က ရှင်းပြထားပါတယ်။

ဤအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများနဲ့ စိမ်ထားတဲ့ သစ်သီးတွေကို နေ့စဉ်စားပါက အရေပြားထိခိုက်ပျက်စီးခြင်း ၊ ကျောက်ကပ်စွမ်းရည်ကျဆင်းခြင်း ၊ အဆုတ်ထိခိုက်ပျက်ဆီးခြင်း ၊ ဝမ်းပျက်ခြင်း ၊ သွေးအားနည်းခြင်း ၊ အဆုတ်စွမ်းရည်ကျဆင်းခြင်း ၊ မွေးရာပါ ကိုယ်လက်အင်္ဂါ ပျက်စီးချွတ်ယွင်းခြင်းစတဲ့ ပြင်းထန်းဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။
source:healthdigest

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:မသုံးတတ်ရင်ကြောက်ဖို့ကောင်းတဲ့ ဆေးလိပ်ဖြတ်ဆေး

မသုံးတတ်ရင်ကြောက်ဖို့ကောင်းတဲ့ ဆေးလိပ်ဖြတ်ဆေး

Read times
Rate this item
(1 Vote)