What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 June 2018 17:41

ကိုယ်ဝန်ဆောင်တို့အတွက် လူသုံးများတဲ့ အားဆေး

ကိုယ်ဝန်ဆောင်တို့အတွက် လူသုံးများတဲ့ အားဆေး Google.com

ကိုယ်ဝန်ဆောင်အားဆေးဆိုတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် လိုအပ်တဲ့ ဖောလစ်အက်စစ် ၊ သံဓာတ် ၊ ကယ်လ်ဆီယမ် ၊ ဗိုက်တာမင် ဓာတ် တို့ကို မိခင်နှင့် အတူ ရင်သွေးငယ်ကို အာဟာရဓာတ် ပြည့်ဝဖို့သောက်သုံးရတဲ့ အားဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေကို အစားအသောက်တွေ စားသောက်နေရုံဖြင့် ဖြည့်စွမ်းနိုင်စွမ်းမရှိပါဘူး။ WHO မှတ်တမ်းတွေအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၄ဝ ရာခိုင်နှုန်းဟာ သွေးအားနည်းရောဂါ ဖြစ်ပေါ်ခံစားနေရပြီး တချို့တဝက်မှာ သံဓာတ်ချို့တဲ့ နေတဲ့ သွေးအားနည်းရောဂါကို ခံစားနေကြရပါတယ်။

အဲဒါကြောင့် ကိုယ်ဝန်ဆောင်အားဆေးကို သောက်သုံးသောက်ပေးနေရတာလည်းဖြစ်ပါတယ်။ကိုယ်ဝန်ရှိပြီးလို့ သိလိုက်ရတာနဲ့ စတင်အာဟာရ ဖြည့်တင်းပေးရမှာကတော့ ဖောလစ်အက်စစ် ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိချိန်ကနေ ရက်ပေါင်း ၂၈ ရက် ( ၁ လ) အတွင်းမှာ သန္ဓေသားငယ်ကအာရုံကြောပြွန် ဖွံ့ဖြိုးမှုစတင်ဖြစ်ပေါ်လာပါပြီး။ အဲဒီအချိန်အတောအတွင်းမှာ ဖောလစ်အက်စစ်ကို လုံလုံလောက်လောက် သောက်သုံးမှု မရှိခဲ့ဘူးဆိုရင် အာရုံကြောပြွန် ပုံမှန်အလုပ်မလုပ်ခြင်း ဖြစ်ပေါ်နိုင်ပြီး မွေးဖွားလာတဲ့ ရင်သွေးငယ်လေးတွေဟာ ကိုယ်အင်္ဂါ ချို့တဲ့တာတွေ ၊ အသက်သေဆုံးတာတွေ အထိ ဖြစ်ပေါ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ သံဓာတ်နဲ့ ဖောလစ်အက်စစ်ကို အရေးတကြီး လိုအပ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် သံဓာတ်နဲ့ ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးဖို့ အခက်ခဲရှိတဲ့အခါ ကိုယ်ဝန်ဆောင်အားဆေးတွေကို ဖြည့်စွက်ဆေးဝါးအဖြစ် သောက်သုံးပေးရပါတယ်။

ယခင် (Obimin မြန်မာပြည်က ဆေးဆိုင်တွေမှာ မရနိုင်သေးခင်ကာလ)တွင် ဘီပီအိုင်မှာ ထုတ်လုပ်တဲ့ ဖျူရာမင်းဘီစီကို အဓိကဦးစားပေး သောက်သုံးလေ့ရှိပါတယ်။ ယခုထက်တိုင်လည်း BPI ထုတ် အလုံး ၁၀၀ ပါ Furamin BC ဆေးပုလင်းများကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်။ ပြည်ပမှ တင်သွင်းတဲ့ကိုယ်ဝန်ဆောင် အားဆေးဖြစ်တဲ့ Obimin နှင့် OBIPLUZ ကို အသုံးများလာတာကို တွေ့ရပါတယ်။ အလားတူ အာနိသင် ရှိတဲ့ တစ်ခြားအားဆေးတွေလည်း ရှိပါသေးတယ်။

Obimin တွင် ကိုယ်ဝန်ဆောင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်နှင့် ဖောလစ်အက်စစ် တို့ ပါဝင်ပြီး အရိုးနှင့်သွားမျာကို ခိုင်စေသော ဖလိုရိုဒ်ဓာတ် လည်းပါဝင်ပါတယ်။ ဒါအပြင် ရင်သွယ်ငယ်များဥာဏ်ရည်ထက်မြက်စေသော DHA နှင့် EPA ကြွယ်ဝစွာပါဝင်သည့် Omega 3 သဘာဝငါးကြီးဆီ တို့လည်းပါဝင်ပါတယ်။ ယခုနောက်ပိုင်းတွင်း Obimin ကို အလုံး ၃ဝပါသော ဆေးကဒ်များဖြင့်ရောင်းချလာကို ဈေးကွက်ထဲမှာ တွေ့မြင်ရပါတယ်။

writting by:A.win

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:ဓာတုပစ္စည်းတွေနဲ့ မှည့်အောင်စိမ်ထားတဲ့ သစ်သီးကို စားမိရင်

ဓာတုပစ္စည်းတွေနဲ့ မှည့်အောင်စိမ်ထားတဲ့ သစ်သီးကို စားမိရင်

Read times Last modified on Thursday, 05 July 2018 08:59
Rate this item
(0 votes)