What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 July 2018 15:23

သံချဆေး အကြောင်း သိပြီးပြီးလား

သံချဆေး အကြောင်း သိပြီးပြီးလား Google.com

သန်ကောင် အမျိုးမျိုးရှိပါတယ်။ သန်ကောင်တွေ တစ်ကောင်နဲတစ်ကောင် အမျိုးအစားတွေမတူညီကြသလို ကူးစက်ခံရခဲ့ရင်လည်း ဖြစ်ပွားနိုင်တဲ့ လက္ခဏာတွေလည်း မတူညီကြပါဘူး။

အများဆုံးဖြစ်တာက သန်လုံးကောင် နဲ့ ပင်အပ်ပုံ သန်ကောင်တွေပဲဖြစ်ပါတယ်။ အမျိုးမတူရင် ဆေးပေးတာလဲ မတူပါဘူး။ သန်ချဆေး ပတ်သက်ပြီးတော့ သောက်ရတဲ့ဆေးပြား၊ ဝါးစားရတဲ့ဆေးပြား၊ ဆေးရည် တွေလည်း အမျိုးမျိုး ရှိပါတယ်။ ၎င်း သန်းချဆေးတွေ နဲ့ ပတ်သက်ပြီးတော့ ခံစားရတဲ့ ဝေဒနာ တွေကလည်း မတူပါဘူး။

အစားစားရန် တွန့်ဆုတ်ခြင်း ၊ အစာအိမ်နာကျင်ခြင်း ၊ စအိုတဝိုက်ယားယံခြင်း ၊ ညအချိန်မှာ ကလေးငယ်တွေ အိပ်မပျော်ခြင်း ၊ မစင်ထဲမှာ သွေးထွက်ခြင်း ၊ မစင်ထဲမှာ သန်ကောင်ပါခြင်း ၊ သွေးအားနည်းခြင်း ၊ ပျို့အန်ခြင်း ၊ ခန္ဓာကိုယ်မှာ အဖုပေါက်ခြင်း ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၊ ဝမ်းလျှောခြင်း နဲ့ အင်ပြင် ထွက်လာခြင်း စတဲ့ လက္ခဏာတွေဘဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန် နဲ့ တိုင်ပင်ပြီး သံချဆေး တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ လူသုံးများတဲ့ သံချဆေးကတော့ Mebendazole 500mg ဆေးဖြစ်ပြီးတော့ ဆေး brand အမျိုးအမည် အမျိုးမျိုး ရှိတဲ့အပြင် ဆေးဝါးထုတ်ပိုးမှု ပုံစံ အမျိုးမျိုး တွေ့ရပါတယ်။

Mebendazole ဆေးကို သံကောင်းများကြီးထွားခြင်း ၊ သံလုံးကောင် ၊ သံပြားကောင် ၊ သံချိတ်ကောင် ၊ တုပ်ကောင်များ အတွက် အသုံးပြုနိုင်ပါတယ်။ Mebendazole ဆေးက တကြိမ်တည်းနဲ့ သံချနိုင်ပါတယ်။ တချို့ကို ၃ ရက်ဆက်သောက်ရတယ်။ ၂ နှစ်အောက်ကို ဆေးလုံး တစ်ဝက်၊ ၂ နှစ်အထက်များကို ဆေးတစ်လုံးသောက် ပါတယ်။ သံချဆေးကို လတိုင်း သောက်ဖို့ မလိုပါဘူး။ ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်တွေအတွက်ကိုတော့ ဆိုးကျိုးအချို့ ရှိနိုင်တယ်လို သတ်မှတ်ထားပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီး သောက်သုံးကတော့ အကောင်းဆုံးပါဘဲ။

Mebendazole ဆေးဟာသန်ချရာအတွက် အကောင်းဆုံး ဆေးတစ်မျိုးလည်း ဖြစ်သလို ၎င်းဆေးတွေနဲ့ ပက်သက်ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ဗိုက်နာခြင်း၊ အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ငိုက်မြည်းခြင်း ၊ ဗိုက်အလွန်အောင့်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ အညိုအမည်းစွဲလွယ်ခြင်း၊ ပြင်းထန်သည့် ပိုးကူးစက်မှုလက္ခဏာများ (ဥပမာ – ဖျားခြင်း၊ ကြာရှည်စွာ လည်ချောင်းနာခြင်း)၊ ပုံမှန်မဟုတ်ပဲ အလွန်ပင်ပန်းနေခြင်း၊ တက်ခြင်း၊ အားနည်းခြင်း၊ အနက်ရောင် သို့ ပန်းရောင်ဆီးများ သွားခြင်း၊ အသားများ မျက်လုံးများ ၀ါခြင်း ပြင်းထန်သည့် ဓာတ်မတည့်မှုလက္ခဏာများဖြစ်သော အပိန့်ထခြင်း၊ ယားယံဖူးရောင်ခြင်း အထူးသဖြင့် ပါးစပ် နှုတ်ခမ်း လျှာ လည်ချောင်း၊ ပြင်းထန်စွာ မူးဝေခြင်း၊ အသက်ရှုရခက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

ဘေးထွက် ဆိုးကျိုးတွေနဲ့ ပက်သက်ပြီး စိုးရိမ်းစိတ်ရှိတယ်ရင် ဆရာဝန်များ ၊ ဆေးဝါကျွမ်းကျင်ပညာရှင်းများ နှင့် တိုင်ပင်ပြီးတော့ သောက်သုံးနိုင်ပါတယ်။ Mebendazole ဆေးဟာ ခန္ဓာကိုယ်အတွင်း ဓာတ်ပြုတဲ့ ဆေးတစ်မျိုးဖြစ်တာကြောင့် ဆေးမတည့်တာတွေလည်း ဖြစ်နိုင်ပါတယ်။ phenytoin (Dilantin), ethotoin (Peganone), mephenytoin (Mesantoin), and carbamazepine (Tegretol) ဆေးတို့ သောက်တယ်ဆိုရင် Mebendezole ဆေးကို ဆေးအာနိသင် လျော့ကျစေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးရမှာလည်း ဖြစ်ပါတယ်။

Mebendazole ဆေးဟာ အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့်ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းပြီးသောက်သုံးရမှာဖြစ်ပါတယ်။

witting by:A.win

 Read:လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို မျက်စိမှတစ်ဆင့် သိရှိနိုင်

လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို မျက်စိမှတစ်ဆင့် သိရှိနိုင်

Read times Last modified on Thursday, 05 July 2018 16:42
Rate this item
(4 votes)