What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 February 2017 13:03

သင်္ဘောစေ့ စားပေးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

သင်္ဘောစေ့ စားပေးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး Google.com

သင်္ဘောစေ့ဟာ ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။

သင်္ဘောသီးဟာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများလှတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့အာနိသင်ကတော့အူ တွင်းလုပ်ဆောင်ချက်ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ကိုယ်ခံအားကောင်းစေတယ်။

 

အသီးက ချိုမြပြီးရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊ သောက်သုံးကြပေမဲ့ သင်္ဘောစေ့ကိုတော့သန်ကျစေတယ်လို့ယုံကြည်ပြီး စားသုံးသူအနည်းငယ်သာရှိပါတယ်။ အများစုကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကို မသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက်၊ စားလို့မရဘူးထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။

 

၁. ကင်ဆာ

သင်္ဘောစေ့ဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ သွေးကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။

 

၂. အသည်းကျန်းမာရေး

သစ်သီးဖျော်ရည် သို့မဟုတ် အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆ စေ့လောက်ကို ရောပြီး စားပေးတာဟာ အသည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကို ကျန်းမာစေပါတယ်။

 

၃. ကျောက်ကပ်ကျန်းမာရေး

သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

 

၄. ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိများ

သင်္ဘောစေ့မှာ ရောင်းရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ အရိုးအဆစ်တွေ နာကျင်တာခြင်းများကို သက်သာစေပါတယ်။

 

၅. ဘက်တီးရီးယားကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ

သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး သွေးလွန်တုပ်ကွေးနဲ့ အူရောင်ငန်းဖျား စတဲ့ရောဂါတွေကို အလွယ်တကူ ဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

 

၆. အစာချေစနစ်ကို ကောင်းမွန်စေခြင်း

သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ သဘောၤစေ့ကို တစ်နေ့တစ်ဇွန်းလောက် စားပေးသင့်ပါတယ်။

 

သင်္ဘောစေ့ကို ဘယ်လိုစားမလဲ

သင်္ဘောစေ့ကိုကြိတ်ပြီး နွားနို့ ၊ သစ်သီးဖျော်ရည် သို့မဟုတ် အသုပ်တွေထဲမှာ ထည့်စားပါ။

 

ဘေးထွက်ဆိုးကျိုး နဲ့ သတိပေးချက်

ကိုယ်ဝန်ဆောင်မိခင်တွေ ရှောင်ရှားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရခက်စေပါတယ်။ အရွယ်ရောက်လာပေမယ့် နို့ဖြတ်မရဘဲ ဖြစ်စေတတ်ပါတယ်။

 

(Zawgyi)

======

သေဘၤာေစ့စားေပးျခင္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူး

 

သေဘၤာေစ့ဟာ ေရာဂါေပါင္းမ်ားစြာကို ကုသေပးႏိုင္တဲ့ အက်ိဳးေက်းဇူးမ်ားစြာ ရွိပါတယ္။ သေဘၤာသီးဟာ အမၽွင္ဓာတ္၊ ကယ္လ္စီယမ္၊ သံဓာတ္နဲ႔ဗီတာမင္ေတြမ်ားစြာပါဝင္တဲ့အတြက္ အက်ိဳးေက်းဇူးမ်ားလွတဲ့အသီးတစ္မ်ိဳးျဖစ္ပါတယ္။ သူ႔ရဲ့ ထင္ရွားတဲ့အာနိသင္ကေတာ့အူ တြင္းလုပ္ေဆာင္ခ်က္ေကာင္းေစတယ္(ဝမ္းမွန္ေစတယ္)၊ကိုယ္ခံအားေကာင္းေစတယ္။

 

အသီးက ခ်ိဳျမၿပီးရင္ေအးေစလို႔ အခ်ိဳပြဲေတြ၊ အခ်ိဳရည္ေတြအျဖစ္ စားသုံး၊ ေသာက္သုံးၾကေပမဲ့ သေဘၤာေစ့ကိုေတာ့သန္က်ေစတယ္လို႔ယုံၾကည္ၿပီး စားသုံးသူအနည္းငယ္သာရွိပါတယ္။ အမ်ားစုကေတာ့ သူ႔ရဲ့အက်ိဳးေက်းဇူးေတြကို မသိၾကတဲ့အတြက္၊ အရသာမရွိတဲ့အတြက္၊ စားလို႔မရဘူးထင္တဲ့အတြက္ စြန႔္ပစ္ၾကတာျဖစ္ပါတယ္။

 

၁. ကင္ဆာ

သေဘၤာေစ့ဟာ ကင္ဆာဆဲလ္ေတြ ႀကီးထြားမႈကို တားဆီးေပးႏိုင္ၿပီး ရင္သားကင္ဆာ ၊ အူမႀကီးကင္ဆာ ၊ ေသြးကင္ဆာ၊ ဆီးႀကိတ္ကင္ဆာနဲ႔ အဆုတ္ကင္ဆာျဖစ္ပြားမႈကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

 

၂. အသည္းက်န္းမာေရး

သစ္သီးေဖ်ာ္ရည္ သို႔မဟုတ္ အစားအစာေတြထဲမွာ သေဘၤာေစ့ ၅ ေစ့ ၆ ေစ့ေလာက္ကို ေရာၿပီး စားေပးတာဟာ အသည္းေျခာက္ျခင္းကို ကာကြယ္ေပးႏိုင္ၿပီး အသည္းကို က်န္းမာေစပါတယ္။

 

၃. ေက်ာက္ကပ္က်န္းမာေရး

သေဘၤာေစ့ဟာ ေက်ာက္ကပ္ဆိုင္ရာ ေရာဂါေတြကို ကာကြယ္ေပးႏိုင္ၿပီး ေက်ာက္ကပ္ရဲ႕လုပ္ေဆာင္မႈကို တိုးတက္ေကာင္းမြန္ေစပါတယ္။

 

၄. ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိမ်ား

သေဘၤာေစ့မွာ ေရာင္းရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြ ပါ၀င္ၿပီး အဆစ္အျမစ္နာက်င္ကို္က္ခဲတာ၊ ေရာင္ရမ္းတာ၊ အရိုးအဆစ္ေတြ နာက်င္တာျခင္းမ်ားကို သက္သာေစပါတယ္။

 

၅. ဘက္တီးရီးယားကို တိုက္ဖ်က္ႏိုင္တဲ့ ဂုဏ္သတၱိမ်ား

သေဘၤာေစ့မွာ ဘက္တီးရီးယားပိုးမႊားေတြကို တုိက္ဖ်က္ႏိုင္တဲ့ ဂုဏ္သတိၱေတြပါ၀င္ၿပီး ေသြးလြန္တုပ္ေကြးနဲ႔ အူေရာင္ငန္းဖ်ား စတဲ့ေရာဂါေတြကို အလြယ္တကူ ၀င္ေရာက္ကူးစက္ျခင္းကေန ကာကြယ္ေပးပါတယ္။

 

၆. အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္း

သေဘၤာေစ့မွာ အစာေခ်စနစ္ကို ေကာင္းမြန္ေစတဲ့ ဂုဏ္သတၱိေတြ ပါ၀င္ေနပါတယ္။ သေဘာၤေစ့ကို တစ္ေန႔တစ္ဇြန္းေလာက္ စားေပးသင့္ပါတယ္။

 

သေဘၤာေစ့ကို ဘယ္လိုစားမလဲ

သေဘၤာေစ့ကိုႀကိတ္ၿပီး ႏြားႏို႕ ၊ သစ္သီးေဖ်ာ္ရည္ သို႔မဟုတ္ အသုပ္ေတြထဲမွာ ထည့္စားပါ။

 

ေဘးထြက္ဆိုးက်ိဳး နဲ႔ သတိေပးခ်က္

ကိုယ္၀န္ေဆာင္မိခင္ေတြ ေရွာင္ရွားေပးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကေလးေမြးလာတဲ့အခါ ႏို႕ျဖတ္ရခက္ေစပါတယ္။ အရြယ္ေရာက္လာေပမယ့္ ႏို႕ျဖတ္မရဘဲ ျဖစ္ေစတတ္ပါတယ္။

Read times Last modified on Saturday, 09 May 2020 14:52
Rate this item
(3 votes)