အသည်းအဆီဖုံးရောဂါခံစားနေရသည့် လူနာတစ်ဦးသည် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားနိုင်ပြီး နှလုံးရောဂါနှင့် ဆက်စပ်သော သေဆုံးနိုင်မှုအန္တရာယ်လည်း မြင့်မားကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားပါတယ်။
အရက်သောက်ခြင်းကြောင့် မဟုတ်သော အသည်းအဆီဖုံး ရောဂါသည် အဝလွန်ဖြစ်နေသူများ၊ အမျိုးအစား-၂ ဆီးချိုရောဂါ ရှိသူများနှင့် နှလုံးသွေးကြောဆိုင်ရာ သွေးတိုးရောဂါရှိသူများတွင် ကြုံတွေ့ရမှု ပိုများလာပါတယ်။
ယင်းလေ့လာတွေ့ရှိချက်အရ အရက်သောက်ခြင်းကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါသည် နှလုံးသွေးကြောနံရံများ တွင် သွေးကြောများထဲ၌ အဆီများ၊ ကိုလက်စထရောများနှင့် အခြားအရာများ စုဝေးဖြစ်ပေါ်မှုအတွက် အဓိက အန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ယင်းရောဂါနှင့်ဆက်စပ်သည့် သေဆုံးနိုင်မှုအန္တရာယ် မြင့်မားစေ သော အကြောင်းရင်းတစ်ခုပါဘဲ။
နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ကျရောက်နေသော ဆီးချိုနှင့် လေဖြတ်ခြင်းကဲ့သို့ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာ ကြုံနေရသည့် လူနာများတွင် နှလုံးအဆီဖုံးရောဂါကြောင့် ရောဂါအခြေအနေပိုဆိုးစေကြောင်း သုတေသီများကပြောဆိုထားပါတယ်။
အရက်သောက်ခြင်းကြောင့် မဟုတ်သော အသည်းအဆီဖုံး ရောဂါသည် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါ၏ကနဦးရောဂါလက္ခဏာ တစ်ခုဟု ယခုလေ့လာမှုက ဖော်ပြနေကြောင်း သုတေသီများက ပြောသည်။
သွေးကြောများ ထူထဲလာသောကြောင့် အသည်းတွင် အဆီ စုဝေးဖြစ်ပေါ်မှု ပိုများလာနိုင်ပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါ (သို့မ ဟုတ်) လေဖြတ်ခြင်းတို့ကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်သည့်အန္တရာယ် ပိုများလာနိုင်ပါတယ်။
ထို့ပြင် အသည်းအဆီဖုံးသူများသည် သွေးထဲ၌ သွေးခဲများဖြစ်ပေါ်လာနိုင်ခြေပိုများပြီး အချိန်ကြာလာသည်နှင့်အမျှ သွေးကြောများ ထူထဲမှုဖြစ်ပေါ်လာနိုင်ပါတယ်။
source:7daydaily