ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း ဧပြီလ (၂၀) ရက်နေ့က ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာပြီး ဧပြီလ ၂၂ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ ကူးစက်ခံရသူ (၂၉၅) ဦးထိ ရှိလာကြောင်း သိရသည်။
ရန်ကုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အများဆုံးနှင့် သေဆုံးသူ အများဆုံးသော တိုင်းဒေသကြီး ဖြစ်ခဲ့ပြီး ယခုပြည်တွင်းကူးစက်မှု ပြန်လည် ဖြစ်ပွားလာချိန်တွင်လည်း အများဆုံးဖြစ်နေကြောင်း တွေ့ရှိရသည်။
နေ့အလိုက် ကူးစက်လူနာစာရင်း
Advertisement
၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၂၄,၈၄၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၃၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၂၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။
လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။
တိုင်းနှင့် ပြည်နယ်တစ်ခုချင်းစီရှိ မြို့နယ်အလိုက် လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစာရင်းကို အောက်တွင် အသေးစိတ် သိရှိ လေ့လာနိုင်သည်။ အဆိုပါစာရင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချိန်တွင် ထပ်မံ ဖြည့်စွက် ဖော်ပြပေးသွားပါမည်။
ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။
ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။
ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဧပြီလ (၂၅) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၉၉၉,၄၀၀) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၈၄၉,၀၅၅) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Advertisement
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ
ရာသီတုပ်ကွေးရောဂါ ( Seasonal Influenza ) သည် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး နှာခေါင်း၊ လည်ပင်းနှင့် အဆုတ်တို့ကို ထိခိုက်စေကာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားလူများသို့ ကူးစက်နိုင်သည်။
မုန့်ချိုအိတ်ကင်ဆာ (ပန်ကရိယကင်ဆာ) ဆိုတာ အစာအိမ်ရဲ့ အနောက်မှာရှိတဲ့ မုန့်ချိုအိတ်ရဲ့ တစ်ရှူးထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာခြေဖျက်ရာမှာ အရေးပါတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။
မုန့်ချိုအိတ်က ဂလူကဂွန်၊ အင်ဆူလင် စတဲ့ သွေးတွင်းသကြားဓါတ် ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကနေ စွမ်းအင်ဖြစ်စေပြီး ဂလူကဂွန်ဟာ သကြားဓါတ်နည်းနေချိန်မှာ မြှင့်တင်ပေးပါတယ်။
ပန်ကရိယကင်ဆာဟာ အမေရိကန်နိုင်ငံမှာ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ သေဆုံးမှုတွေမှာ စတုတ္ထမြောက် သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။ မုန့်ချိုအိတ်ရဲ့ တည်နေရာကြောင့် ရောဂါရှာသိဖို့ ခဲယဉ်းပြီး ကြာမှ သိလာရတတ်ပါတယ်။
“ ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ Pancreatic Cancer ပန်ကရိယကင်ဆာ ( မုန့်ချိုအိတ်ကင်ဆာ ) ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်ပြီဆိုရင် များသောအားဖြင့် (၂) လမှ (၆)လ လောက်ပဲ အသက်ရှင်ပါတယ်။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က ပြောပါတယ်။
ရောဂါလက္ခဏာများ
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေ ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
Advertisement
ဒေါက်တာက “ အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာဖြစ်နေရင် လူနာက ဗိုက်နာပါတယ်။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ်၊ အစာအိမ်ရောဂါ ဖြစ်တယ်လို့ ဆရာဝန်တွေက ထင်ကြပြီး အစာမကြေတာ၊ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ်။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။ “ လို့ ဆိုပါတယ်။
ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ
ပန်ကရိယကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ ယနေ့တိုင် မသိရသေးပါဘူး။ ဒီကင်ဆာအမျိုးအစားဟာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မုန့်ချိုအိတ်ထဲမှာ ကြီးထွားလာပြီး အကျိတ်ဖြစ်ပေါ်ရာကနေ စတင်ဖြစ်ပွားပါတယ်။ ပုံမှန်ဆဲလ်တွေဟာ သူ့ပမာဏအတိုင်းပဲ ကြီးထွားလာပြီး သေဆုံးတတ်ပါတယ်။ ကင်ဆာဖြစ်ရင်တော့ ဆဲလ်အရေအတွက် ပုံမှန်ထက်များပြားလာပြီး ပုံမှန်ဆဲလ်တွေကိုပါ ဝါးမြိုသွားပါတယ်။
ရောဂါဖြစ်နိုင်ခြေများ
“ ပန်ကရိယကင်ဆာမဖြစ်ခင် တစ်နှစ်ခွဲကနေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ်။ ကိုလက်စထရော စတဲ့ သွေးတွင်းအဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာပြီး ကိုယ်အလေးချိန်က ကျမသွားဘူး။ ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်းအဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။ သွေးတွင်းအချိုဓာတ် တဖြည်းဖြည်း တက်လာပြီး အကြောင်းထူးမရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန် ကျသွားရင် အထူးသတိထားဖို့ ကောင်းပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က သတိပေးပါတယ်။
Advertisement
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လက္ခဏာတွေကို သုံးသပ်ပြီး ရောဂါရာဇဝင် မေးပါလိမ့်မယ်။ အောက်ပါစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။
ရောဂါအတည်ပြုပြီးရင် အောက်ပါအတိုင်း အဆင့်သတ်မှတ်ပါလိမ့်မယ်။
အဆင့် ၁။ အကျိတ်ဟာ မုန့်ချိုအိတ်အတွင်းမှာပဲ ရှိနေပါတယ်။
အဆင့် ၂။ အကျိတ်များဟာ နီးစပ်ရာ ဝမ်းဗိုက်အတွင်းက တစ်သျှူးနဲ့ ပြန်ရည်ကြောဖုတွေဆီ ပြန့်နေပါတယ်။
အဆင့် ၃။ အကျိတ်များဟာ အဓိကကျတဲ့ သွေးကြောနဲ့ ပြန်ရေကြောဖုတွေဆီ ပြန့်နှံ့နေပါတယ်။
အဆင့် ၄။ အကျိတ်များဟာ တခြား အင်္ဂါအစိတ်အပိုင်းများ ( ဥပမာ - အသည်း ) ကို ပြန့်နှံ့နေပါတယ်။
ဘယ်လိုကုသနိုင်သလဲ
ကင်ဆာအဆင့်ပေါ် မူတည်ပါတယ်။ ကုသမှုမှာ ရည်ရွယ်ချက် (၂) ခု ရှိပါတယ်။ ပထမတစ်ချက်က ကင်ဆာဆဲလ်တွေကို သေစေဖို့နဲ့ ဒုတိယတချက်က ရောဂါပြန့်နှံ့ခြင်းကို တားဆီးဖို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသည်းပျက်စီးခြင်း စတာတွေဟာ မုန့်ချိုအိတ်ကင်ဆာကုသစဉ်မှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြသနာတွေပဲ ဖြစ်ပါတယ်။
ခွဲစိတ်ခြင်း
အကျိတ်ဟာ မုန့်ချိုအိတ်ထဲမှာပဲ ရှိသေးရင် ခွဲစိတ်ကုသပါတယ်။ နေရာအတိအကျ သိရပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းနဲ့ လည်ပင်းပိုင်းမှာရှိရင် ဖြတ်တောက်ဖယ်ရှားတဲ့နည်း သုံးပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းပိုင်းနဲ့ ကိုယ်ပိုင်းရဲ့ (၂၀) ရာခိုင်နှုန်းကို ဖယ်ရှားပါတယ်။ သည်းခြေအိတ် အောက်ခြေတစ်ဝက်နဲ့ အူရဲ့ အစပိုင်းကိုပါ ဖယ်ထုတ်ရပါတယ်။ နောက်နည်းလမ်းတစ်ခုမှာတော့ အစာအိမ်ရဲ့ တစိတ်တပိုင်းပါ ဖယ်ရှားပါတယ်။
Advertisement
Click Here > Central Ko Soe Myint
ဒေါက်တာက “ ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာအပေါ် ထိရောက်မှု မရှိပါဘူး။ အခြား ကုသနည်းတွေ၊ ဆေးဝါးအသစ်တွေကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ “ လို့ ပြောပါတယ်။
ဓါတ်ရောင်ခြည်သုံး ကုသခြင်း
မုန့်ချိုအိတ်အပြင်ကို အကျိတ်တွေ ပြန့်လာရင် X Ray နဲ့ တခြားစွမ်းအားမြင့် ရောင်ခြည်တွေကို ကင်ဆာဆဲလ်တွေ သတ်ဖို့ သုံးပါတယ်။
ကင်ဆာဆေးသွင်းခြင်း
ကင်ဆာဆဲလ်တွေ ထပ်မံမပြန့်ပွားရအောင် တခြားနည်းလမ်းတွေနဲ့ပါ ပေါင်းစပ် အသုံးပြုပါတယ်။
နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
ပန်ကရိယကင်ဆာကို ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးက ပိုအရေးကြီးပါတယ်။ ဒါကြောက့် ဆေးလိပ်ဖြတ်တာ၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အချိုရည် အလွန်အကျွံ သောက်ခြင်းကို ရှောင်ကျဉ်တာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အသားကင်တွေကို လျှော့စားပြီး သန့်ရှင်း လတ်ဆတ်တဲ့ အသီးအနှံ၊ အရွက်တွေကို စားသုံးတာမျိုး အလေ့အကျင့် လုပ်ထားသင့်ပါတယ်။
အထူးသဖြင့် လူကြီးပိုင်းတွေအနေနဲ့ အသက် (၅၀) ကျော်ရင် သွေးတွင်းအချိုဓာတ် Blood Glucose Levels ကို အမြဲတိုင်းပါ။ သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ်၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ် ဆိုရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Ref : Hello Sayarwon,
ဒေါက်တာမော်နီကာသူရိန်
မကူးစက်နိုင်သော ရောဂါများကို အသံတိတ်လူသတ်သမား (Silent Killer) ဟု ခေါ်ကြသည်။ ခန္ဓာကိုယ်အတွင်း မည်သည့်အချိန်က ရောက်နေသည်ကို မသိ၊ လက္ခဏာမပြဘဲ နာတာရှည်ရောဂါအဖြစ် တဖြည်းဖြည်း ဒုက္ခပေးနေခြင်းဖြစ်ပြီး အဆိုပါ ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ (၃၈) သန်းခန့် သေဆုံးနေကြရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကူးစက်ရောဂါများထက် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရခြင်းသည် ပိုမို များပြားလျက် ရှိကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော် ပြောကြားထားသည်။
မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုနှင့် နေထိုင်မှုပုံစံများကို ကာလရှည်ကြာ ကျင့်သုံးမိခြင်းကြောင်း ဖြစ်ပေါ်လာသော ရောဂါအစုအဝေးဖြစ်ပြီး လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်သော ရောဂါများ ဖြစ်သည်။
သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ နာတာရှည် အဆုတ်ပွ၊ လေပြွန်ကျဉ်းနှင့် ပန်းနာရင်ကျပ်၊ စိတ်ကျန်းမာရေး၊ အတက်ရောဂါ၊ နားလေးရောဂါ၊ မတော်တဆဖြစ်ခြင်းနှင့် ထိခိုက်မှုအန္တရာယ်၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ အရက်စွဲအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မြွေကိုက်အန္တရာယ် အစရှိသည့် ရောဂါများသည် မကူးစက်နိုင်သောရောဂါများထဲတွင် ပါဝင်သည်။
မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါလေးမျိုးမှာ (၁) နှလုံးသွေးကြောရောဂါ၊ (၂) ဆီးချိုသွေးချိုရောဂါ၊ (၃) ကင်ဆာရောဂါနှင့် (၄) နာတာရှည်အဆုတ်ရောဂါတို့ ဖြစ်သည်ဟု သိရသည်။ ယင်းရောဂါများကြောင့် သေဆုံးသူဦးရေသည် ၂၀၁၉ ခုနှစ်တွင် (၇၅) ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာသည်ဟုလည်း ဆိုသည်။
Advertisement
အထက်ဖော်ပြပါ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပေါ်ခံစားရပါက လူနာအနေဖြင့် နာတာရှည်ရောဂါများ ခံစားရသကဲ့သို့ မိသားသည်လည်း အချိန်နှင့် ငွေကြေးများစွာ အကုန်အကျခံကာ ကုသရသဖြင့် ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ပေသည်။
မကူးစက်နိုင်သော ရောဂါများကို မဖြစ်မီ ကြိုတင် ကာကွယ်နိုင်ရန် လူတိုင်းအနေဖြင့် မိမိတို့၏ နေ့စဉ် အပြုအမူ သွားလာ နေထိုင် စားသောက်မှု ပုံစံများကို ကျန်းမာရေးနှင့် ညီညွတ်သော ပုံစံအဖြစ် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲသွားရန် လိုအပ်သည်။
မကူးစက်နိုင်သော ရောဂါများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့် ရောဂါများလည်းဖြစ်သည့်အလျောက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင် စားသောက်မှုပုံစံများကို လူတိုင်း ကိုယ်စီကျင့်သုံးကာ ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ထားရမည် ဖြစ်သည်။
Ref : MNP
ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပြီး ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ ရောဂါတွေဟာလည်း အများအပြား ပေါ်ပေါက်လာနေပါတယ်။
မိမိကိုယ်ခန္ဓာပေါ်မှာ အလုံးတစ်လုံးသို့မဟုတ် အကျိတ်တစ်လုံးစမ်းမိသည်နှင့် တစ်ပြိုင်နက် ကင်ဆာဖြစ်လေမလားဟု စိုးရိမ်စိတ်မေးခွန်းတွေ ပေါ်လာတတ်ပါတယ်။