What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 17 July 2019 17:37

ခန္ဓာကိုယ် ဖြစ်လေ့ရှိတဲ့ အကျိတ်များ အကြောင်း

မိမိကိုယ်ခန္ဓာပေါ်မှာ အလုံးတစ်လုံးသို့မဟုတ် အကျိတ်တစ်လုံးစမ်းမိသည်နှင့် တစ်ပြိုင်နက် ကင်ဆာဖြစ်လေမလားဟု စိုးရိမ်စိတ်မေးခွန်းတွေ ပေါ်လာတတ်ပါတယ်။ 

အလုံး ၊ အကျိတ်စမ်းမိတိုင်း ကင်ဆာဖြစ်မယ် လို့တော့ မပြောနိုင်ပါ။ အန္တရာယ်မပြုသော အလုံးအကျိတ်များလည်း ရှိပါတယ်။ ရောဂါများကြောင့် အရေပြားအပေါ်သို့မဟုတ် အရေပြားအောက်တွင် အလုံး အကျိတ်ပေါ်တတ်ပါတယ်။

 

ဘယ်လိုအခြေအနေမျိုးရှိလျှင် အလုံးအကျိတ်က စိတ်ပူစရာမရှိတာလဲ?

အိတ်အလုံးများသည် ဆဲလ်ပွားပြီး အိတိကဲ့သို့ ဖြစ်လာသောကြောင့် အထဲတွင် လေ၊ အရည်နှင့် အပျော့ခဲများ စုနေတတ်ပါတယ်။ အလုံးအကျိတ်သည် ပျော့မယ် ၊ ရွှေ့မယ် ၊ ဖိလိုက်လျှင် ပုံပြောင်းမယ် ၊ အပေါ်ယံအလွှာ သို့မဟုတ် အဆီ သို့မဟုတ် အရေပြားပေါ်တွင်ရှိခဲ့သော် ၊ လူပ်ရှားမှုတွေမှာ နာကျင်ကြီးထွားသော်လည်း အနားယူလျှင် အရွယ်သေးခဲ့ရင်တော့ အကြမ်းဖျင်းအားဖြင့် စိုးရိမ်ဖွယ်မရှိဟု ယူဆရနိုင်ပါတယ်။ အချက်များ ရှိခဲ့လျှင် အလုံးအကျိတ်များသည် အရည်များဖြင့်ပြည့်နေတတ်သော အရည်အိတ်အလုံးများ ဖြစ်နိုင်ပါတယ်။ အခြားသော ရောင်ခြင်း ၊ ပိုးဝင်ခြင်းနှင့် လေးဘက်နာ အဆစ်အမြစ်ရောင်ခြင်း နှင့် တွဲလျက် အရွတ်ရောင်ခြင်းနှင့် ပြန်ရေကြောအကျိတ် ကြီးခြင်းများလည်း ဖြစ်နိုင်ပါတယ်။

 

ကင်ဆာအကျိတ်များ

ကင်ဆာအကျိတ်များသည် မူမမှန်ဆဲလ်ပွားခြင်းကြောင့် ဖြစ်လာခြင်း ဖြစ်ပါတယ်။ အချို့ အရေပြားအဖု အကျိတ် အလုံးများသည် မှန်းဆရ ခက်တတ်ပါတယ်။ ကင်ဆာလို့ မှန်းရနိုင်တဲ့ အခြေအနေများကတော့ အလုံးအကျိတ်သည် မာမယ်၊ ပုံမှန် ကြီးထွားလာမယ်၊ ထိလျှင် မနာကျင်ပါ၊ ရုတ်တရက်ပေါ်ပေါက်လာမယ် စသည်အခြေအနေများကြောင့် ယူဆရပါမယ်။ အလုံးရဲ့ အရွယ်အစားက တဖြေးဖြေး ကြီးထွားလာတတ်ပါတယ်။ ရင်သား ၊ ဝှေးစေ့နှင့် လည်ပင်းစသော ကိုယ်ခန္ဓာ အပြင်ဘက်တွင် စမ်းမိတတ်ပါတယ်။

ကင်ဆာအကျိတ်များသည် အလျင်အမြန် ကြီးထွားအမြစ်တွယ်သောကြောင့် အနီးအနားရှိ ကိုယ်အင်္ဂါအစိတ်အပိုင်း လုပ်ဆောင်မှုအပေါ်တွင် အန္တရာယ်ပြုတတ်ပါတယ်။ အလုံးအကျိတ်ကို အဆင့် ၃ ဆင့်သတ်မှတ်ခွဲခြားနိုင်ပါတယ်။ ကင်ဆာမဟုတ်သောအဆင့် ၊ ကင်ဆာဖြစ်နိုင်ချေရှိသောအဆင့် ၊ ကင်ဆာအဆင့် ဆိုပြီး သုံးမျိုးရှိပါတယ်။ ကင်ဆာအကျိတ်များသည် ပွားနူန်းမြန်၍ အရွယ်အစားကြီးထွားမှုမြန်ပြီး တစ်နရာနှင့် တစ်နေရာ ကူးစက်မှုနူန်းမြန်ကာ ဘေးပတ်ဝန်းကျင်ရှိ တစ်ရူးအကောင်းများကိုလည်း ဖျက်ဆီးတတ်ပါတယ်။

 


အရေးကြီးဆုံးအချက်ကတော့ မိမိစမ်းမိသော အလုံးအကျိတ်သည် နှစ်လက်မထက် ပိုကြီးခြင်း ၊ မည်သည့် အလုံးအကျိတ်မဆို ရုတ်တရက် ပိုကြီးလာခြင်းများ ရှိလျှင် နာကျင်ခြင်းများ ရှိ မရှိ မစဉ်းစားပဲ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှု ခံယူပါ။ ကင်ဆာအကျိတ် ဖြစ်စေနိုင်သော အချက်များကတော့ ၊ ဓာတ်ရောင်ခြည်များ ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်မှုမရှိခြင်းနှင့် ကိုယ်လက်လေ့ကျင့်မှုမရှိခြင်း ၊ အဝလွန်ခြင်း ၊ ဆေးလိပ်သောက်ခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းတို့ကြောင့် ဖြစ်နိုင်ချေရှိပါတယ်။


ကင်ဆာအကျိတ်လက္ခဏာများရှိပါက လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ ကင်ဆာဟုအတည်ပြုနိုင်ရန် အသားစစစ်ဆေးမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကင်ဆာအကျိတ် ဖြစ်ခဲ့လျှင် ခွဲစိတ်ခြင်း၊ ဆေးသွင်းခြင်းနှင့် ဓာတ်ကင်ခြင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကင်ဆာအကျိတ် ပျောက်ကင်းမှုကတော့ ကင်ဆာအမျိုးအစား၊ တည်နေရာနှင့် ရောဂါအတိမ်အနက် ပေါ်မူတည်ပါတယ်။ လိုအပ်လျှင်အသားစ စစ်ဆေးအတည်ပြုရမှာ ဖြစ်ပါတယ်။ ကင်ဆာမဟုတ်သော အလုံးအကျိတ်များစွာ ရှိပါတယ်။ အရည်အိတ်များသည် အရွယ်အစားမျိုးစုံ တည်နေရာမျိုးစုံပေါ် မူတည်ရျ် အရေးကြီးပါတယ်။

 

မိမိအရေပြားပေါ်တွင်ဖြစ်လေ့ရှိသော အကျိတ်များကတော့ အရည်ပြားအရည်အိတ်များ ၊ ချယ်ရီ အမ်ဂျီးရှိမားလို့ခေါ်တဲ့ အနီရောင်ချောချော အဖုလေးများ ၊ ချိုင်းနှင့် ခြေထောက်များတွင် ဖြစ်လေ့ရှိသော အန္တရာယ်မပေးသော နီညိုရောင်လုံးဝန်းသော အဖုများ (dermatofibromas) ၊ အဆီကျိတ်များ ၊ ကင်ဆာမဟုတ်သော ရင်သားအကျိတ်များ (FIBROADENOMA) ၊ မွှေးကျွတ်နာအဖုများ ၊ မွေးရာပါ ကိုယ်ခန္ဓာအာရုံကြောများတွ င်ဖြစ်လေ့ရှိသော အကျိတ်များ (neurofibroma)တို့ပဲ ဖြစ်ပါတယ်။ မည်သည့်အလုံးအကျိတ်မဆို လိုအပ်လျှင် အသားစ စစ်ဆေးမှသာ ကင်ဆာ အကျိတ်ဖြစ်တယ်ဟု အတိအကျ ပြောနိုင်ပါလိမ့်မယ်။

 

မိမိကိုယ်ထဲတွင်ရောဂါပိုးရှိလျှင် အကျိတ်များ ပေါ်ပေါက်တတ်ပါတယ်။ (ဥပမာ တီဘီအကျိတ်များ) ကင်ဆာအကျိတ် မဟုတ်သော အလုံးအကျိတ်ဖြစ်စေကာမူ လိုအပ်လျှင် ခွဲစိတ်ဖယ်ရှားကာ အသားစစစ်ရလေ့ ရှိပါတယ်။ ထို့ကြောင့် အကျိတ်အလုံး စမ်းမိလျှင် စိုးရိမ်စိတ် ဖယ်ရှားကာ ဆရာဝန် နှင့်သေချာစစ်ဆေးစမ်းသပ်မှု ခံယူခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။

 

Dr. ပြည့်ရှင်း

{Zawgyi}

======

ခႏၶာကိုယ္ ျဖစ္ေလ့ရွိတဲ့ အက်ိတ္မ်ား အေၾကာင္း


မိမိကိုယ္ခႏၶာေပၚမွာ အလုံးတစ္လုံးသို႔မဟုတ္ အက်ိတ္တစ္လုံးစမ္းမိသည္ႏွင့္ တစ္ၿပိဳင္နက္ ကင္ဆာျဖစ္ေလမလားဟု စိုးရိမ္စိတ္ေမးခြန္းေတြ ေပၚလာတတ္ပါတယ္။ အလုံး ၊ အက်ိတ္စမ္းမိတိုင္း ကင္ဆာျဖစ္မယ္ လို႔ေတာ့ မေျပာႏိုင္ပါ။ အႏၲရာယ္မျပဳေသာ အလုံးအက်ိတ္မ်ားလည္း ရွိပါတယ္။ ေရာဂါမ်ားေၾကာင့္ အေရျပားအေပၚသို႔မဟုတ္ အေရျပားေအာက္တြင္ အလုံး အက်ိတ္ေပၚတတ္ပါတယ္။

 

ဘယ္လိုအေျခအေနမ်ိဳးရွိလွ်င္ အလုံးအက်ိတ္က စိတ္ပူစရာမရွိတာလဲ?

အိတ္အလုံးမ်ားသည္ ဆဲလ္ပြားၿပီး အိတိကဲ့သို႔ ျဖစ္လာေသာေၾကာင့္ အထဲတြင္ ေလ၊ အရည္ႏွင့္ အေပ်ာ့ခဲမ်ား စုေနတတ္ပါတယ္။ အလုံးအက်ိတ္သည္ ေပ်ာ့မယ္ ၊ ေ႐ႊ႕မယ္ ၊ ဖိလိုက္လွ်င္ ပုံေျပာင္းမယ္ ၊ အေပၚယံအလႊာ သို႔မဟုတ္ အဆီ သို႔မဟုတ္ အေရျပားေပၚတြင္ရွိခဲ့ေသာ္ ၊ လူပ္ရွားမႈေတြမွာ နာက်င္ႀကီးထြားေသာ္လည္း အနားယူလွ်င္ အ႐ြယ္ေသးခဲ့ရင္ေတာ့ အၾကမ္းဖ်င္းအားျဖင့္ စိုးရိမ္ဖြယ္မရွိဟု ယူဆရႏိုင္ပါတယ္။ အခ်က္မ်ား ရွိခဲ့လွ်င္ အလုံးအက်ိတ္မ်ားသည္ အရည္မ်ားျဖင့္ျပည့္ေနတတ္ေသာ အရည္အိတ္အလုံးမ်ား ျဖစ္ႏိုင္ပါတယ္။ အျခားေသာ ေရာင္ျခင္း ၊ ပိုးဝင္ျခင္းႏွင့္ ေလးဘက္နာ အဆစ္အျမစ္ေရာင္ျခင္း ႏွင့္ တြဲလ်က္ အ႐ြတ္ေရာင္ျခင္းႏွင့္ ျပန္ေရေၾကာအက်ိတ္ ႀကီးျခင္းမ်ားလည္း ျဖစ္ႏိုင္ပါတယ္။

 

ကင္ဆာအက်ိတ္မ်ား

ကင္ဆာအက်ိတ္မ်ားသည္ မူမမွန္ဆဲလ္ပြားျခင္းေၾကာင့္ ျဖစ္လာျခင္း ျဖစ္ပါတယ္။ အခ်ိဳ႕ အေရျပားအဖု အက်ိတ္ အလုံးမ်ားသည္ မွန္းဆရ ခက္တတ္ပါတယ္။ ကင္ဆာလို႔ မွန္းရႏိုင္တဲ့ အေျခအေနမ်ားကေတာ့ အလုံးအက်ိတ္သည္ မာမယ္၊ ပုံမွန္ ႀကီးထြားလာမယ္၊ ထိလွ်င္ မနာက်င္ပါ၊ ႐ုတ္တရက္ေပၚေပါက္လာမယ္ စသည္အေျခအေနမ်ားေၾကာင့္ ယူဆရပါမယ္။ အလုံးရဲ႕ အ႐ြယ္အစားက တေျဖးေျဖး ႀကီးထြားလာတတ္ပါတယ္။ ရင္သား ၊ ေဝွးေစ့ႏွင့္ လည္ပင္းစေသာ ကိုယ္ခႏၶာ အျပင္ဘက္တြင္ စမ္းမိတတ္ပါတယ္။

ကင္ဆာအက်ိတ္မ်ားသည္ အလ်င္အျမန္ ႀကီးထြားအျမစ္တြယ္ေသာေၾကာင့္ အနီးအနားရွိ ကိုယ္အဂၤါအစိတ္အပိုင္း လုပ္ေဆာင္မႈအေပၚတြင္ အႏၲရာယ္ျပဳတတ္ပါတယ္။ အလုံးအက်ိတ္ကို အဆင့္ ၃ ဆင့္သတ္မွတ္ခြဲျခားႏိုင္ပါတယ္။ ကင္ဆာမဟုတ္ေသာအဆင့္ ၊ ကင္ဆာျဖစ္ႏိုင္ေခ်ရွိေသာအဆင့္ ၊ ကင္ဆာအဆင့္ ဆိုၿပီး သုံးမ်ိဳးရွိပါတယ္။ ကင္ဆာအက်ိတ္မ်ားသည္ ပြားႏူန္းျမန္၍ အ႐ြယ္အစားႀကီးထြားမႈျမန္ၿပီး တစ္နရာႏွင့္ တစ္ေနရာ ကူးစက္မႈႏူန္းျမန္ကာ ေဘးပတ္ဝန္းက်င္ရွိ တစ္႐ူးအေကာင္းမ်ားကိုလည္း ဖ်က္ဆီးတတ္ပါတယ္။

 

အေရးႀကီးဆုံးအခ်က္ကေတာ့ မိမိစမ္းမိေသာ အလုံးအက်ိတ္သည္ ႏွစ္လက္မထက္ ပိုႀကီးျခင္း ၊ မည္သည့္ အလုံးအက်ိတ္မဆို ႐ုတ္တရက္ ပိုႀကီးလာျခင္းမ်ား ရွိလွ်င္ နာက်င္ျခင္းမ်ား ရွိ မရွိ မစဥ္းစားပဲ ဆရာဝန္နဲ႔ စမ္းသပ္စစ္ေဆးမႈ ခံယူပါ။ ကင္ဆာအက်ိတ္ ျဖစ္ေစႏိုင္ေသာ အခ်က္မ်ားကေတာ့ ၊ ဓာတ္ေရာင္ျခည္မ်ား ၊ ပတ္ဝန္းက်င္ညစ္ညမ္းမႈမ်ား ၊ က်န္းမာေရးႏွင့္ ညီၫြတ္စြာ ေနထိုင္မႈမရွိျခင္းႏွင့္ ကိုယ္လက္ေလ့က်င့္မႈမရွိျခင္း ၊ အဝလြန္ျခင္း ၊ ေဆးလိပ္ေသာက္ျခင္းႏွင့္ ေရာဂါပိုးကူးစက္ျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ေခ်ရွိပါတယ္။


ကင္ဆာအက်ိတ္လကၡဏာမ်ားရွိပါက လိုအပ္ေသာ စစ္ေဆးမႈမ်ား ျပဳလုပ္သင့္ပါတယ္။ ကင္ဆာဟုအတည္ျပဳႏိုင္ရန္ အသားစစစ္ေဆးမႈ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ကင္ဆာအက်ိတ္ ျဖစ္ခဲ့လွ်င္ ခြဲစိတ္ျခင္း၊ ေဆးသြင္းျခင္းႏွင့္ ဓာတ္ကင္ျခင္း ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ကင္ဆာအက်ိတ္ ေပ်ာက္ကင္းမႈကေတာ့ ကင္ဆာအမ်ိဳးအစား၊ တည္ေနရာႏွင့္ ေရာဂါအတိမ္အနက္ ေပၚမူတည္ပါတယ္။ လိုအပ္လွ်င္အသားစ စစ္ေဆးအတည္ျပဳရမွာ ျဖစ္ပါတယ္။ ကင္ဆာမဟုတ္ေသာ အလုံးအက်ိတ္မ်ားစြာ ရွိပါတယ္။ အရည္အိတ္မ်ားသည္ အ႐ြယ္အစားမ်ိဳးစုံ တည္ေနရာမ်ိဳးစုံေပၚ မူတည္ရ်္ အေရးႀကီးပါတယ္။

 

မိမိအေရျပားေပၚတြင္ျဖစ္ေလ့ရွိေသာ အက်ိတ္မ်ားကေတာ့ အရည္ျပားအရည္အိတ္မ်ား ၊ ခ်ယ္ရီ အမ္ဂ်ီးရွိမားလို႔ေခၚတဲ့ အနီေရာင္ေခ်ာေခ်ာ အဖုေလးမ်ား ၊ ခ်ိဳင္းႏွင့္ ေျခေထာက္မ်ားတြင္ ျဖစ္ေလ့ရွိေသာ အႏၲရာယ္မေပးေသာ နီညိဳေရာင္လုံးဝန္းေသာ အဖုမ်ား (dermatofibromas) ၊ အဆီက်ိတ္မ်ား ၊ ကင္ဆာမဟုတ္ေသာ ရင္သားအက်ိတ္မ်ား (FIBROADENOMA) ၊ ေမႊးကြၽတ္နာအဖုမ်ား ၊ ေမြးရာပါ ကိုယ္ခႏၶာအာ႐ုံေၾကာမ်ားတြ င္ျဖစ္ေလ့ရွိေသာ အက်ိတ္မ်ား (neurofibroma)တို႔ပဲ ျဖစ္ပါတယ္။ မည္သည့္အလုံးအက်ိတ္မဆို လိုအပ္လွ်င္ အသားစ စစ္ေဆးမွသာ ကင္ဆာ အက်ိတ္ျဖစ္တယ္ဟု အတိအက် ေျပာႏိုင္ပါလိမ့္မယ္။

 

မိမိကိုယ္ထဲတြင္ေရာဂါပိုးရွိလွ်င္ အက်ိတ္မ်ား ေပၚေပါက္တတ္ပါတယ္။ (ဥပမာ တီဘီအက်ိတ္မ်ား) ကင္ဆာအက်ိတ္ မဟုတ္ေသာ အလုံးအက်ိတ္ျဖစ္ေစကာမူ လိုအပ္လွ်င္ ခြဲစိတ္ဖယ္ရွားကာ အသားစစစ္ရေလ့ ရွိပါတယ္။ ထို႔ေၾကာင့္ အက်ိတ္အလုံး စမ္းမိလွ်င္ စိုးရိမ္စိတ္ ဖယ္ရွားကာ ဆရာဝန္ ႏွင့္ေသခ်ာစစ္ေဆးစမ္းသပ္မႈ ခံယူျခင္းသာ အေကာင္းဆုံးျဖစ္ပါတယ္။

Dr. ျပည့္ရွင္း

Read times Last modified on Friday, 03 January 2020 15:53
Rate this item
(3 votes)