What's New



×

Warning

JUser: :_load: Unable to load user with ID: 62

လူတွေရဲ့ နေ့စဉ်ဘ၀မှာ အပျော်ပဲဖြစ်ဖြစ်၊ စာလေ့လာဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ လပ်တော့တွေ၊ အိုင်ပတ်တွေကို အသုံးပြုတဲ့အချိန်က များလာကြပါတယ်။ ဒီလို Screen-time များလာတဲ့အခါမှာ မျက်စိစပ်တာ၊ မျက်ရည်ကျတာ၊  မျက်ရိုးကိုက်တာ၊ အမြင်အာရုံဝေဝါးတာ စသဖြင့် မျက်လုံးအတွက် ထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ 

ဒါကြောင့် Screen-time များတဲ့သူတွေ ပုံမှန်လုပ်ပေးသင့်ပြီး မျက်မှန်တပ်ရတဲ့သူတွေလည်း ဒီထက်ပါဝါ မတိုးလာဖို့ လုပ်ပေးသင့်တဲ့ မျက်လုံးလေ့ကျင့်ခန်း (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Eyes Rotation

သက်သောင့်သက်သာ အနေအထားနဲ့ ထိုင်ပြီး မျက်လုံးအတွင်းထဲက မျက်ဆံကို အပေါ်၊ အောက်၊ ဘယ်၊ ညာ ၅ စက္ကန့် (သို့) သုံးကြိမ်လောက် လှုပ်ရှားပေးလိုက်ရင် မျက်လုံးအညောင်းပြေစေပါတယ်။

(၂) Get Palming

လက်ဖဝါး နှစ်ဖက်ကို ခပ်နွေးနွေးလေး ဖြစ်အောင် ပွတ်ပြီး မျက်လုံးပေါ်မှာ အုပ်ထားတာက မျက်လုံးတဝိုက်က ကြွက်သားတွေကို ပြေလျော့စေပြီး မျက်လုံးညောင်းတာကို သက်သာစေနိုင်ပါတယ်။ ဒီလို အုပ်ထားချိန်မှာ အပူရှိန် လျော့သွားတဲ့အထိ မျက်လုံးကို အုပ်ထားရပါမယ်။ ၅ မိနစ်ကြာအောင် အုပ်ထားပြီး အသက်ကိုလည်း မှန်မှန် ရှူနေဖို့ လိုပါမယ်။

     Advertisement

Click Here > Htun Tauk

(၃) 20-20-20 Rule

ဒီလေ့ကျင့်ခန်းလေးကတော့ အရမ်းကို ရိုးရှင်းလွယ်ကူပါတယ်။ သူက Screen-time မိနစ် ၂၀ ကြာတဲ့အခါ ပေ ၂၀ အကွာက မြင်ကွင်းတစ်ခုခုကို စက္ကန့် ၂၀ လောက် ကြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် Screen-time တောက်လျှောက်ကြည့်ခြင်းကို လျှော့ချပေးတဲ့အပြင် မျက်လုံးကိုလည်း အနားပေးပြီးသား ဖြစ်သွားပါတယ်။

(၄) Blinking

ကွန်ပျူတာတွေ၊ ဖုန်းတွေကို အချိန်အကြာကြီး အာရုံစိုက် ကြည့်ရတဲ့အခါမှာ မျက်လုံးက အလိုအလျောက် ခမ်းခြောက်လာတတ်ပါတယ်။ ဒါကြောင့် မျက်တောင်ခတ်ပေးခြင်းဖြင့် မျက်လုံးခြောက်တာကို သက်သာစေပါတယ်။မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်ရပါမယ်။ ဒီလေ့ကျင့်ခန်းကို လုပ်တဲ့အခါ မျက်လုံးကို ၂ စက္ကန့်လောက် ပိတ်ထားပြီးမှာ ပြန်ဖွင့်ပေးပါ။ ပြီးရင် ပြန်ပိတ်ပါ။ ဒီလိုမျိုး ၁၀ ကြိမ်ကနေ ၁၅ ကြိမ်လောက် လုပ်ပေးပါ။

(၅) Pencil Push-Ups

Pencil Push-Ups လုပ်တာက အနီးမှုန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ခဲတံကို အသုံးပြုကြတာ များပေမယ့် ခဲတံမဟုတ်တဲ့ တခြားအရာဝတ္ထု တစ်ခုခုကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

အရင်ဆုံး ခဲတံကို ဖြည်းဖြည်းချင်း နှာဖျားဆီကို ရွှေ့ပါ။ ပြီးရင် လက်မောင်း တစ်ဆန့်စာကို ရွှေ့ပေးပါ။ ပြီးရင် နှာဖျားဆီကို ပြန်ရွှေ့ပါ။ ဒီလိုမျိုး နီးလိုက် ဝေးလိုက် လုပ်ပေးပါ။ ခဲတံအပေါ်မှာပဲ အကြည့်ကို ထားဖို့တော့ လိုပါမယ်။ ၅ ကြိမ်ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။

(၆) Near And Far Focus

မျက်လုံး ကြွက်သားတွေ တင်းနေတာ ပြေလျော့စေဖို့နဲ့ အာရုံစူးစိုက်မှု ကောင်းစေဖို့အတွက် လုပ်ဆောင်ပေးရတဲ့ မျက်လုံး လေ့ကျင့်ခန်းပါ။ လက်မကို မျက်နှာနဲ့ ၁၀ လက်မ အကွာမှာ ထားပါ။ အဲ့လက်မအပေါ်ကို ၁၅ စက္ကန့် အာရုံစိုက်ထားပါ။ ပြီးရင် ပေ ၂၀ မှာ ရှိတဲ့ အရာတစ်ခုကို စိုက်ကြည့်ပေးပါ။ ပြီးရင် ဒီထက်အဝေးမှာ ရှိတဲ့ ပစ္စည်းတစ်ခုခုကို ၁၅ စက္ကန့် အာရုံစိုက် ကြည့်ထားပါ။ ဒီလိုမျိုး ၅ ကြိမ်ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။

မျက်လုံးလေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းဖြင့် အမြင်အာရုံကြည်လင်ခြင်း၊ မျက်လုံးကြွက်သားသန်မာခြင်း၊ မျက်လုံးခြောက်တာ သက်သာခြင်း၊ မျက်စိအားကောင်းခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တာကြောင့် လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းတွေကို အပေါ်မှာ မျှဝေပေးထားတဲ့ နည်းလမ်းအတိုင်း အချိန်အနည်းငယ်ပေးပြီး နေ့စဉ်ပုံမှန် လုပ်ဆောင်သင့်ပါတယ်။

Published in Health Benefits

အသက် ၄၀ ကျော်၊ အသက် ၄၀ ပတ်ဝန်းကျင်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် သတိထား ဆင်ခြင်ရမယ့်အရာတွေထဲမှာ အစားအသောက်တွေလည်း ပါဝင်ပါတယ်။

Published in Health Benefits

သူများတွေအိုက်လို့ အဲကွန်းလေးနဲ့ အိပ်နေစဉ်မှာ စောင်အထူကြီးအောက်မှ


ရင်သားကင်ဆာရောဂါဆိုတာဟာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ကျန်းမာရေးပြဿနာတွေထဲက တခုဖြစ်ပြီး ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး သိထားတဲ့ တချို့သော အယူအဆတွေဟာ မှားယွင်းနေတာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။


အရက်အလွန်အကျွံသောက်ပြီးနောက် ခေါင်းကိုက်ခြင်း၊ နေမကောင်းဖြစ်ခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရေငတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ နေ့တစ်နေ့ရဲ့ မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်သော်လည်း များသောအားဖြင့် ညဘက်တွင် အရက်အလွန်အကျွံသောက်ပြီး နောက်တစ်နေ့ မနက်တွင် ဖြစ်လေ့ရှိပါတယ်။


ရုံးပတီသီးဟာ လူတိုင်းသိတဲ့အတိုင်း ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိတဲ့ အသီးအနှံ တစ်မျိုးပါ။


ပန်းသီးအခွံတွေက ၀ါးစားရတာမကောင်းဘူး၊အခွံခွာစားမယ်ဆိုတဲ့သူတွေရှိသလို ရေစင်စင်ဆေးပြီးအခွံမခွာပဲစားတဲ့သူတွေရှိပါတယ်။


Grand Hantha International Hospital နှင့် MMDA တို့ ပြုလုပ်တဲ့ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ပညာပေး ဟောပြောပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

Page 8 of 47