What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 17:47

အသက် (၄၀) ကျော် အမျိုးသမီးများ အတွက် အကောင်းဆုံး အစားစာ (၅) မျိုး

အသက် ၄၀ ကျော်၊ အသက် ၄၀ ပတ်ဝန်းကျင်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် သတိထား ဆင်ခြင်ရမယ့်အရာတွေထဲမှာ အစားအသောက်တွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် အသက်ရွယ် ရလာတဲ့အခါ ဒီလိုအစားအသောက်တွေကို များများ စားသုံးပေးဖို့ မမေ့နဲ့နော်.....

 

ထောပတ်သီး

Image result for ထောပတ်သီး"

ထောပတ်သီးက အသက်(၄၀) ကျော်အမျိုးသမီးတွေနေနဲ့ အမှန်တကယ် စားသုံးပေးသင့်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ထောပတ်သီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်သော အဆီဓာတ်များ ပါဝင်ယုံသာမက အသားရေကိုလည်း စိုပြေလန်းဆန်းစေပါတယ်။ ဒါ့အပြင် အရေပြား အရေးအကြောင်းထခြင်း ၊ ဆံကေများကို သန်မာလာစေခြင်း နဲ့ သွေးဖိအားနည်းခြင်း စတဲ့ ပြဿနာတွေကို ကူညီပေးနိုင်ပါတယ်။ ထောပတ်သီးက အဆီဓာတ် ပြည့်ဝစွာ ပါဝင်တာကြောင့် ပိန်လျတဲ့ သူတွေ ဒါမှမဟုတ် ဝိတ်တတ်လိုသူတွေ အတွက်ပါ အထောက်အကူဖြစ်စေနိုင်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

 

အခွံမာသီး

Image result for အခြံမာသီး"

အခွံမာအသီးများကို သရေစာအနေဖြင့်စားသုံးခြင်းက ခန္ဓာကိုယ်ကို ပြန်လည် ဖြည့်တင်ပေးရုံ သာမက ပရိုတင်းဓာတ်များကို တိုးလာခြင်း ၊ ကောင်းမွန်တဲ့အဆီများ နှင့် အမျှင်အတတ်များ မြောက်များစွာ ပါဝင်ပါသေးတယ်။ အခွံမာအသီးများက ဆီးချိုရောဂါ ၊ နှလုံးရောဂါ နဲ့ အခြားရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

 

ကြက်သွန်ဖြူ

Image result for ကြက်သွန်ဖြူ"

ကြက်သွန်ဖြူ ကတော့ အသက် ၄၀ ကျော် အမျိုးသမီးများ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အသီးတစ်မျိုးဆိုတာ အားလုံးသိရှိပြီးဖြစ်မယ်ထင်ပါတယ်။ ။ " လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူ စားသုံးခြင်း အက်ထရိုဂျင် ကို တိုးပွားစေပြီး အရိုးများ ထိခိုက်လွယ်ခြင်း နဲ့ ပျက်စီကးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူတွင် ကယ်လိုရီများ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အစားအသောက်တွေအတွက် အရသာရှိဖို့နဲ့ အာဟာရပြည့်ဝစေဖို့အတွက် ပေါင်းထည့်စားသုံးနိုင်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

 

ဂျင်း

Image result for ဂ်င္း"

ဂျင်းကို တစ်ပတ်ကို ဇွန်းတစ်ဇွန်းစာ စားခြင်းက ခန္ဓာကိုယ် အတွင်းရှိ သွေးလွှတ်ကြော လည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် အစာအိမ် ပြသာနာများဖြစ်ပေါ်က ဂျင်းကို လက်ထဲမှာ ကိုင်ထားပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဂျင်းက အစားချေဖျက်မှုဆိုင်ရာ ကိစ္စရပ်များ နဲ့ ပျို့အန်ခြင်း စတဲ့ ပြဿနာများအတွက် အကောင်းဆုံး သဘာဝဆေး တစ်ခွက်လည်းဖြစ်တယ်။ မနက်ပိုင်းတွင် ဂျင်းပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် အူလမ်းကြောင်းကို သန့်စင်စေပါတယ်။

 

ခရမ်းချဉ်သီး

Image result for ခရမ်းချဉ်သီး"

ခရမ်းချဉ်သီး စားသုံးခြင်းက အသားရေကိုစိုပြေခြင်းနဲ့ အသားရေးလှပခြင်းတို့ကို အထောက်အကူ ဖြစ်စေပါတယ်။ ခရမ်းချဉ်းသီးမှာ ဘီတာမင် စီ များစွာပါဝင်တဲ့အပြင် အသားရေကို အထောက်အကူ ဖြစ်စေတဲ့အပြင် ဖော်စထွိုက် ၊ ဘီတာမင် ကေ ၊ ပိုတတ်စီယမ် တို့ ပါဝင်တာကြောင့် သင့်အသားရေကို များစွာ အထောက်အကူ ဖြစ်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

----------

အသက္ (၄၀) ေက်ာ္ အမ်ိဳးသမီးမ်ား အတြက္ အေကာင္းဆံုး အစားစာ (၅) မ်ိဳး

 

အသက္ ၄၀ ေက်ာ္၊ အသက္ ၄၀ ပတ္ဝန္းက်င္ဆိုရင္ေတာ့ စိတ္ေရာကိုယ္ပါ က်န္းမာဖို႔အတြက္ သတိထား ဆင္ျခင္ရမယ့္အရာေတြထဲမွာ အစားအေသာက္ေတြလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ အသက္ရြယ္ ရလာတဲ့အခါ ဒီလိုအစားအေသာက္ေတြကို မ်ားမ်ား စားသံုးေပးဖို႔ မေမ့နဲ႔ေနာ္.....

 

ေထာပတ္သီး

Image result for ထောပတ်သီး"

ေထာပတ္သီးက အသက္(၄၀) ေက်ာ္အမိ်ဳးသမီးေတြေနနဲ႔ အမွန္တကယ္ စားသံုးေပးသင့္တဲ့ အစားအစာ တစ္မ်ိဳးျဖစ္ပါတယ္။ ေထာပတ္သီးမွာ က်န္းမာေရးအတြက္ ေကာင္းမြန္ေသာ အဆီဓာတ္မ်ား ပါ၀င္ယံုသာမက အသားေရကိုလည္း စိုေျပလန္းဆန္းေစပါတယ္။ ဒါ့အျပင္ အေရျပား အေရးအေၾကာင္းထျခင္း ၊ ဆံေကမ်ားကို သန္မာလာေစျခင္း နဲ႔ ေသြးဖိအားနည္းျခင္း စတဲ့ ျပႆနာေတြကို ကူညီေပးႏိုင္ပါတယ္။ ေထာပတ္သီးက အဆီဓာတ္ ျပည့္ဝစြာ ပါဝင္တာေၾကာင့္ ပိန္လ်တဲ့ သူေတြ ဒါမွမဟုတ္ ဝိတ္တတ္လိုသူေတြ အတြက္ပါ အေထာက္အကူျဖစ္ေစႏုိင္တဲ့ အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

 

အခြံမာသီး

Image result for အခြံမာသီး"

အခြံမာအသီးမ်ားကို သေရစာအေနျဖင့္စားသံုးျခင္းက ခႏၶာကိုယ္ကို ျပန္လည္ ျဖည့္တင္ေပးရံု သာမက ပရိုတင္းဓာတ္မ်ားကို တိုးလာျခင္း ၊ ေကာင္းမြန္တဲ့အဆီမ်ား ႏွင့္ အမွ်င္အတတ္မ်ား ေျမာက္မ်ားစြာ ပါဝင္ပါေသးတယ္။ အခြံမာအသီးမ်ားက ဆီးခ်ိဳေရာဂါ ၊ ႏွလံုးေရာဂါ နဲ႔ အျခားေရာဂါမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။

 

ၾကက္သြန္ျဖဴ

Image result for ကြက်သွန်ဖြူ"

ၾကက္သြန္ျဖဴ ကေတာ့ အသက္ ၄၀ ေက်ာ္ အမ်ိဳးသမီးမ်ား က်န္းမာေရးအတြက္ အလြန္ေကာင္းမြန္တဲ့ အသီးတစ္မ်ိဳးဆိုတာ အားလံုးသိရွိၿပီးျဖစ္မယ္ထင္ပါတယ္။ ။ " ေလ့လာေတြ႕ရွိခ်က္အရ ၾကက္သြန္ျဖဴ စားသံုးျခင္း အက္ထရိုဂ်င္ ကို တိုးပြားေစၿပီး အရိုးမ်ား ထိခိုက္လြယ္ျခင္း နဲ႔ ပ်က္စီကးျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴတြင္ ကယ္လိုရီမ်ား ႂကြယ္ဝစြာ ပါဝင္တဲ့အျပင္ အစားအေသာက္ေတြအတြက္ အရသာရွိဖို႔နဲ႔ အာဟာရျပည့္ဝေစဖို႔အတြက္ ေပါင္းထည့္စားသံုးႏိုင္တဲ့ အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

 

ဂ်င္း

Image result for ဂ်င္း"

ဂ်င္းကို တစ္ပတ္ကို ဇြန္းတစ္ဇြန္းစာ စားျခင္းက ခႏၶာကိုယ္ အတြင္းရွိ ေသြးလႊတ္ေၾကာ လည္ပတ္မႈကို အားေကာင္းေစပါတယ္။ ဒါ့အျပင္ အစာအိမ္ ျပသာနာမ်ားျဖစ္ေပၚက ဂ်င္းကို လက္ထဲမွာ ကိုင္ထားေပးျခင္းျဖင့္ သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဂ်င္းက အစားေခ်ဖ်က္မႈဆိုင္ရာ ကိစၥရပ္မ်ား နဲ႔ ပ်ိဳ႕အန္ျခင္း စတဲ့ ျပႆနာမ်ားအတြက္ အေကာင္းဆံုး သဘာ၀ေဆး တစ္ခြက္လည္းျဖစ္တယ္။ မနက္ပိုင္းတြင္ ဂ်င္းျပဳတ္ရည္ကို ေသာက္သံုးေပးျခင္းျဖင့္ အူလမ္းေၾကာင္းကို သန္႔စင္ေစပါတယ္။

 

ခရမ္းခ်ဥ္သီး

Image result for ခရမ်းချဉ်သီး"

ခရမ္းခ်ဥ္သီး စားသံုုးျခင္းက အသားေရကိုစိုေျပျခင္းနဲ႔ အသားေရးလွပျခင္းတို႔ကို အေထာက္အကူ ျဖစ္ေစပါတယ္။ ခရမ္းခ်ဥ္းသီးမွာ ဘီတာမင္ စီ မ်ားစြာပါဝင္တဲ့အျပင္ အသားေရကို အေထာက္အကူ ျဖစ္ေစတဲ့အျပင္ ေဖာ္စထိြဳက္ ၊ ဘီတာမင္ ေက ၊ ပိုတတ္စီယမ္ တို႔ ပါဝင္တာေၾကာင့္ သင့္အသားေရကို မ်ားစြာ အေထာက္အကူ ျဖစ္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)