What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 November 2018 13:10

ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ပညာပေး ဟောပြောပွဲ

Grand Hantha International Hospital နှင့် MMDA တို့ ပြုလုပ်တဲ့ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ပညာပေး ဟောပြောပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

ဆီးချို ရောဂါ အစပျိုးချိန်မှာ ဆီးချို ရောဂါ ၏ လက္ခဏာ အားလုံးကိုမသိရှိနိုင်ပေမယ့် သွေးတွင်း သကြားဓာတ်စစ်ဆေးကြည့်သောအခါ တိတိကျကျအဖြေထွက်ခြင်းမရှိသော်လည်း တစ်ခါတရံ များသည့်ဘက်သို့ ရောက် နေခြင်းတွေ ဖြစ်စေတက်ပါတယ်။ ဆီးချို ရောဂါအစပျိုးအဆင့်သည် ရောဂါတစ်ခုမဟုတ်သေးသော် လည်း ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ ၊ လေဖြတ်ရောဂါ တို့တစ်ချိန်ဖြစ်ရန် အလားအလာ အလွန်များစေသော ရှေ့ ပြေးနိမိတ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါနှင့် ပတ်သက်တဲ့ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ပညာပေး ဟောပြောပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ဆီးချို ရောဂါကြောင့် စိတ်ညစ်နေရသူများ ၊ ဆီးချိုရောဂါနှင့် ပတ်သက်တဲ့ ဆောင်ရန် ၊ ရှောင်ရန်များကို ဆရာဝန်များ နှင့် ဆွေးနွေးတိုင်ပင်လိုသူများ အတွက် သတင်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

 

"ဆီးချိုကြောင့် ခြေထောက်ရောဂါဖြစ်ပေါ်လာပုံ"နှင့် ပက်သတ်ပြီးတော့ "ပါမောက္ခ သန်းသန်းအေး" မှလည်းကောင်း ၊ "ဆီးချိုခြေထောက်ရောဂါ စစ်ဆေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း" ခေါင်းစဉ်ဖြင့် "ပါမောက္ခ ခင်စောသန်း" မှလည်းကောင်း ၊ "ဆီးချိုခြေထောက်ရောဂါ ကုသခြင်း" ခေါင်းစဉ်ဖြင့် "ပါမောက္ခ အောင်သိန်းဌေး" တို့မှ ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။

 

ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ပညာပေး ဟောပြောပွဲကို ၂၅.၁၁.၂၀၁၈ (တနင်္ဂနွေနေ့) ၊ နေ့လည် ၁နာရီ မှ ၃ နာရီအချိန်ထိ ၊ ဂရန်း(ဒ်) ဟံသာ အင်တာနေရှင်နယ် ဆေးရုံ၊ အမှတ် ၃၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းထောင့်၊ ရန်ကုန်မြို့ တွင် ကျင်းပ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်းနံမှတ်များကတော့ - 01523000, 01523111, 01523222 ။

ကြွရောက်လာသော လူကြီးမင်းများအတွက် Lucky Draw နှင့် Promotion အစီအစဉ်များကိုလဲ ပြုလုပ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ကိတ်ချင်၊ ထွားချင်သူတွေ စားပေးသင့်တဲ့ အစားအစာများ

ကိတ်ချင်၊ ထွားချင်သူတွေ စားပေးသင့်တဲ့ အစားအစာများ

Read times
Rate this item
(0 votes)