What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 March 2020 15:43

ကျန်းမာအောင် နေထိုင်နည်း

90251442 832926683874316 4730726126572273664 n

ခန္ဓာကိုယ်အနေအထား မှန်ကန်စွာနေထိုင်ခြင်းကလည်း ကျန်းမာရေးအတွက် အလွန်အရေးကြီးလှပါတယ်။ ခန္ဓာကိုယ်တွင် တစ်နေ့တာ လှုပ်ရှားနေထိုင်မှုက အရိုးအဆစ်များကို ရောင်ရမ်းနာကျင်တာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခါးမတ်မတ်ထိုင်တာ ၊ အလေးအပင်မချိန် ကိုယ်အနေအထားမှန်ကန်စွာဖြင့် မ ပေးခြင်းဖြင့် ခါး ၊ လက်ပြင်ကြော ၊ ပခုံး များနာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါအပြင် အစားအသောက်များကြောင့်လည်း ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်စေသော အစားအစာများကို ရွေးချယ်စားသုံးဖို့ ကလည်းအလွန်အရေးကြီးလှပါတယ်။

 

ဖိနပ်မစီဘဲ (သို့) ပေါ့ပါးသော ဖိနပ်စီးခြင်းဖြင့် လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်တာ

ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သွားလာလှုပ်ရှားနိုင်ရန် အဓိကထိန်းချုပ်ပေးတဲ့အပြင် ခြေထောက်အတွင်းရှိ အရိုးအဆစ်များ ဖွံ့ဖြိုးဖို့ရန်နဲ့ ကိုယ်အနေအထားမှန်ကန်အောင် လုပ်ဆောင်ပေးနေရပါတယ်။ ဒါကြောင့် ပေါ့ပါးသောဖိနပ် (သို့) ဖိနပ်မပါ လမ်းလျှောက်လေ့ကျင့်ခန်းက ခြေတောက်အတွင်းရှိ ကြွက်သားများ ၊ အရိုးအဆစ်များကို သန်မာကြံ့ခိုင်စေပါတယ်။

 

ကယ်လ်ဆီယမ်ပါဝင်သော အစားအစာများစားသုံးခြင်း

ကယ်လ်ဆီယမ်က ခန္ဓာကိုယ်ရှိအရိုးအဆစ်များကို သန်မာစေပါတယ်။ ဒါကြောင့် နို့ထွက်ပစ္စည်းများ၊ အခွံမာအသီးများ၊ ပဲအမျိုးမျိုး များကဲ့သို့ ကယ်လ်ဆီယမ်ပါဝင်သော အစားအသောက်များကို များများစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အရိုးအဆစ်များကိုသန်မာစေပြီး ကိုအနေအထားဖွဲ့စည်းပုံကို လည်းမှန်ကန်စေပါတယ်။

 

Dentists & Dental Clinics (သွား နှင့် ခံတွင်း ဆေးကုခန်းပေါင်း ၇၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dentists & Dental Clinics

 

အလေးမခြင်း

လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် GYN သွားကစားရန်၊ အားကစားသီးသန့်အချိန်ပေးနိုင်မှ လုပ်ဆောင်နိုင်တာတော့မဟုတ်ပါ။ တစ်တိုင်း သွားလာနေတဲ့ ရုံး ၊ အလုပ်ထည့်တွင် ပုံမှန်လမ်းလျှောက်သွားတာ ၊ ဈေးသွားချိန်များတွင် ပုံမှန်ဈေးခြင်းတောင်းမခြင်းကလည်း သင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းတစ်မျိုး ပင်ဖြစ်ပြီး အသက်အရွယ် အိုမင်းလာတဲ့အခါတွင် အဆစ်များရောင်ရမ်းတာ၊ နာကျင်ကိုက်ခဲ့ ခြင်းများကိုလျော့ချနိုင်ပါတယ်။

 

ထိုင်နည်း

ကုလားထိုင်ပေါ် ထိုင်ရာတွင် ခါးကို မတ်မတ်ထားထိုင်တာ၊ ဒူးကို ၉၀ ဒီဂရီထားပြီးထိုင်တာ ၊ အသက်ပြင်းပြင်းရှူနိုင်တဲ့ ပုံစံဖြင့်ထိုင်တာ၊ ခါးမတ်မတ်ထား ဒူးကို၉၀ ဒီဂရီထားပြီး အသက်ပြင်းပြင်း ၄ကြိမ်ရှူချပြီးထိုင်ခြင်းနည်းကို ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း ၊ ခါးနာခြင်းများနဲ့ ခန္ဓာကိုယ်အနေအထားပုံစံကို မှန်ကန်စေပါတယ်။

Written By Health Products Directory

 

90165828 212716063139335 1462378197545910272 n


(Zawgyi)

====

က်န္းမာေအာင္ ေနထိုင္နည္း

 

ခႏၶာကိုယ္အေနအထား မွန္ကန္စြာေနထိုင္ျခင္းကလည္း က်န္းမာေရးအတြက္ အလြန္အေရးႀကီးလွပါတယ္။ ခႏၶာကိုယ္တြင္ တစ္ေန႔တာ လႈပ္ရွားေနထိုင္မႈက အရိုးအဆစ္မ်ားကို ေရာင္ရမ္းနာက်င္တာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္ ခါးမတ္မတ္ထိုင္တာ ၊ အေလးအပင္မခ်ိန္ ကိုယ္အေနအထားမွန္ကန္စြာျဖင့္ မ ေပးျခင္းျဖင့္ ခါး ၊ လက္ျပင္ေၾကာ ၊ ပခံုး မ်ားနာက်င္ကိုက္ခဲျခင္းကို သက္သာေစႏိုင္ပါတယ္။ ဒါအျပင္ အစားအေသာက္မ်ားေၾကာင့္လည္း က်န္းမာေရးကို ထိခုိက္ႏိုင္တဲ့အတြက္ က်န္းမာေရးအတြက္ေကာင္းမြန္ေစေသာ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးဖို႔ ကလည္းအလြန္အေရးႀကီးလွပါတယ္။

 

ဖိနပ္မစီဘဲ (သို႕) ေပါ့ပါးေသာ ဖိနပ္စီးျခင္းျဖင့္ လမ္းေလွ်ာက္ေလ့က်င့္ခန္းျပဳလုပ္တာ

ေျခေထာက္က ခႏၶာကိုယ္တစ္ခုလံုးရဲ႔ သြားလာလႈပ္ရွားႏိုင္ရန္ အဓိကထိန္းခ်ဳပ္ေပးတဲ့အျပင္ ေျခေထာက္အတြင္းရွိ အရိုးအဆစ္မ်ား ဖြံ႔ၿဖိဳးဖို႔ရန္နဲ႔ ကိုယ္အေနအထားမွန္ကန္ေအာင္ လုပ္ေဆာင္ေပးေနရပါတယ္။ ဒါေၾကာင့္ ေပါ့ပါးေသာဖိနပ္ (သုိ႕) ဖိနပ္မပါ လမ္းေလွ်ာက္ေလ့က်င့္ခန္းက ေျခေတာက္အတြင္းရွိ ႀကြက္သားမ်ား ၊ အရိုးအဆစ္မ်ားကို သန္မာႀကံ႔ခိုင္ေစပါတယ္။

 

ကယ္လ္ဆီယမ္ပါ၀င္ေသာ အစားအစာမ်ားစားသံုးျခင္း

ကယ္လ္ဆီယမ္က ခႏၶာကိုယ္ရွိအရိုးအဆစ္မ်ားကို သန္မာေစပါတယ္။ ဒါေၾကာင့္ ႏို႔ထြက္ပစၥည္းမ်ား၊ အခြံမာအသီးမ်ား၊ ပဲအမ်ိဳးမ်ိဳး မ်ားကဲ့သို႕ ကယ္လ္ဆီယမ္ပါ၀င္ေသာ အစားအေသာက္မ်ားကို မ်ားမ်ားစားသံုးေပးျခင္းျဖင့္ ခႏၶာကိုယ္အတြင္းရွိ အရိုးအဆစ္မ်ားကိုသန္မာေစၿပီး ကိုအေနအထားဖြဲ႔စည္းပံုကို လည္းမွွန္ကန္ေစပါတယ္။

 

Dentists & Dental Clinics (သြား ႏွင့္ ခံတြင္း ေဆးကုခန္းေပါင္း ၇၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Dentists & Dental Clinics

 

အေလးမျခင္း

ေလ့က်င့္ခန္းလုပ္ဖို႔ဆိုရင္ GYN သြားကစားရန္၊ အားကစားသီးသန္႔အခ်ိန္ေပးႏိုင္မွ လုပ္ေဆာင္ႏုိင္တာေတာ့မဟုတ္ပါ။ တစ္တိုင္း သြားလာေနတဲ့ ရံုး ၊ အလုပ္ထည့္တြင္ ပံုမွန္လမ္းေလၽွာက္သြားတာ ၊ ေစ်းသြားခ်ိန္မ်ားတြင္ ပုံမွန္ေစ်းၿခင္းေတာင္းမျခင္းကလည္း သင့္ေလ့က်င့္ခန္းျပဳလုပ္ျခင္းတစ္မ်ိဳး ပင္ျဖစ္ၿပီး အသက္အရြယ္ အိုမင္းလာတဲ့အခါတြင္ အဆစ္မ်ားေရာင္ရမ္းတာ၊ နာက်င္ကိုက္ခဲ့ ျခင္းမ်ားကိုေလ်ာ့ခ်ႏိုင္ပါတယ္။

 

ထိုင္နည္း

ကုလားထိုင္ေပၚ ထိုင္ရာတြင္ ခါးကို မတ္မတ္ထားထိုင္တာ၊ ဒူးကို ၉၀ ဒီဂရီထားၿပီးထုိင္တာ ၊ အသက္ျပင္းျပင္းရွဴႏိုင္တဲ့ ပံုစံျဖင့္ထိုင္တာ၊ ခါးမတ္မတ္ထား ဒူးကို၉၀ ဒီဂရီထားၿပီး အသက္ျပင္းျပင္း ၄ႀကိမ္ရွဴခ်ၿပီးထုိင္ျခင္းနည္းကို ျပဳလုပ္ေပးျခင္းျဖင့္ ခႏၶာကုိယ္အတြင္းရွိ အရိုးအဆစ္မ်ား နာက်င္ကိုက္ခဲျခင္း ၊ ခါးနာျခင္းမ်ားနဲ႔ ခႏၶာကိုယ္အေနအထားပံုစံကို မွန္ကန္ေစပါတယ္။

Written By Health Products Directory

Read times Last modified on Wednesday, 25 March 2020 15:56
Rate this item
(1 Vote)