What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 January 2019 17:49

ပဋိဇီဝပိုးသတ်ဆေး မှီဝဲချိန် ဆောင်ရန်၊ ရှောင်ရန်များ

ပဋိဇီဝ ပိုးသတ်ဆေးတွေကို မှီဝဲတဲ့အခါ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် အရင် ဖျားနာစဉ်က ဆရာဝန်ပေးခဲ့တဲ့ ဆေးကို အခု ဖျားနာစဉ်မှာ ကိုယ့်ဘာသာ သောက်တာ၊ ဆေးပတ်မလည်ခင် ကိုယ့်သဘောနဲ့ ကိုယ်ရပ်တာတို့ မလုပ်သင့်ပါ။ ပဋိဇီဝ ပိုးသတ်ဆေးတွေကို နည်းမှန် လမ်းမှန် မသုံးစွဲတဲ့အတွက် ဆေးယဉ်ပါးတဲ့ ပြဿနာတွေ အဖြစ်များနေပါတယ်။

 

ပြောသည့်အတိုင်း လိုက်နာပါ

ပဋိဇီဝ ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း မှန်ကန်တဲ့ ပမာဏကို သောက်သုံးဖို့ အရေးကြီးပါတယ်။ တချို့ဆေးတွေက အစာစားပြီးမှသောက် သင့်ပေမယ် တခြားဆေးတွေက ဗိုက်ထဲ အစာမရှိချိန်မှာ သောက်သင့်တာ ဖြစ်ပါတယ်။ ဆရာဝန်ပြောတဲ့အတိုင်း ဆေးတွေကို နည်းလမ်းတကျ သောက်မှသာ ဆေးအာနိသင် အပြည့်အဝ ရရှိမှာပါ။

 

မှန်ကန်စွာ သိမ်းဆည်းပါ

ဆေးတွေကို မှန်ကန်တဲ့ အပူချိန်မှာ သိမ်းဖို့ လိုပါတယ်။ အထူးသဖြင့် နေပူဒဏ်မကျတဲ့ နေရာ၊ စိုထိုင်းဆမများတဲ့ နေရာမှာ သိမ်းပါ။

 

မိမိဘာသာ ဆေးမကုပါနှင့်

ပဋိဇီဝ ပိုးသတ်ဆေးတွေကို ကိုယ့် သဘောနဲ့ ကိုယ်မှီဝဲတာက အလွန်အန္တရာယ်များပါတယ်။ ဘက်တီးရီးယားပိုး ဝင်တဲ့ အကြောင်းရင်း၊ ပိုးအမျိုးအစား၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်တုံ့ပြန်မှုစတဲ့ အခြေအနေတွေကို ချိန်ထိုးစဉ်းစားပြီးမှ သင့်တော်တဲ့ ဆေးကိုမှီဝဲရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ ဆေးသောက်ပါ။

 

ဆေးကို အကြိမ်မကျော်ပါနှင့်

ပဋိဇီဝပိုးသတ်ဆေးတွေကို ပုံမှန် အချိန်အတိုင်းအတာအတွင်း သောက်သင့်ပါတယ်။ ဥပမာ တစ်နေ့ သုံးကြိမ် သောက်ရမယ့် ဆေးကို အကြိမ်ရေ ကျော်သောက်တာမျိုး၊ ဆေးပတ်မလည် ခင်ဆေးကို ရပ်ပစ်တာမျိုး မလုပ်သင့်ပါ။ ဒီလို လုပ်တာကြောင့် ဘက်တီးရီးယားပိုးတွေက ဆေးယဉ်ပါးတဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ နောက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့ အခြေအနေကို ကုသရ ခက်ခဲသွားနိုင်ပါတယ်။ အအေးမိခြင်းအတွက် ပဋိဇီဝ ပိုးသတ်ဆေးမသုံးစွဲပါနှင့် ပဋိဇီင်္ဝပိုးသတ်ဆေး မှီဝဲတာနဲ့ ပတ်သက်ပြီး အတွေ့ရအများဆုံး အယူအဆ မှားတစ်ခုက ဗိုင်းရပ်စ်ပိုးဝင်တဲ့ အခြေအနေတွေဖြစ်တဲ့ အအေးမိတာ၊ လည်ချောင်းနာတာ အစရှိတာတွေမှာ ပဋိဇီဝ ပိုးသတ်ဆေး သုံးတာပဲ ဖြစ်ပါတယ်။ မှားယွင်းတဲ့ ကုထုံးကြောင့် ဘေးထွက်ဆိုးကျိုး ရရှိကာ နာမကျန်းမှုကို ပိုဆိုးစေနိုင်ပါတယ်။

 

ဘေးထွက်ဆိုးကျိုးများကိုသတိပြုပါ

ပဋိဇီဝ ပိုးသတ်ဆေး အများစုမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဒါကို သတိပြုပါ။ အတွေ့ရများတဲ့ ဘေးထွက် ဆိုးကျိုးတွေက ဗိုက်အောင့်တာ၊ ရေလို အရည်ဝမ်းသွားတာ၊ ဗိုက်ရစ်တာ၊ အန်တာ၊ လျှာမှာ အဖြူကွက်ပေါ်တာ၊ မိန်းမ ကိုယ်ယားယံတာ၊ အဖြူဆင်းတာ၊ နှုတ်ခမ်း၊ မျက်နှာနဲ့ လျှာရောင်တာ၊ အသက် ရှူမဝတာနဲ့ သတိလစ်ချင်သလို ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ဒီလို ဘေးထွက်ဆိုး ကျိုးတွေ ဖြစ်ပေါ်တာနဲ့ ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။


Source: GOOD HEALTH

 

Read: သွေးတိုးခြင်းနှင့် ပတ်သက်၍ ဆရာဝန် မပြောသော်လည်း သိနေသင့်သည့် အချက်များ

သွေးတိုးခြင်းနှင့် ပတ်သက်၍ ဆရာဝန် မပြောသော်လည်း သိနေသင့်သည့် အချက်များ

Read times Last modified on Wednesday, 27 February 2019 14:49
Rate this item
(0 votes)