What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 October 2022 10:03

ကလေးငယ်များသေဆုံးခြင်းအပေါ် သောက်ဆေးရည်အားလုံး အင်ဒိုနီးရှား တားမြစ်ပိတ်ပင်

ကလေးငယ်များသေဆုံးခြင်းအပေါ် သောက်ဆေးရည်အားလုံး အင်ဒိုနီးရှား တားမြစ်ပိတ်ပင် The Jakarta Post

ကလေးငယ်များသေဆုံးပြီးနောက် သောက်ဆေးရည်အားလုံး အင်ဒုိနီးရှားနိုင်ငံတွင် တားမြစ်ပိတ်ပင်လိုက်ပါသည်။ အင်ဒိုနီးရှားတွင် ပြင်းထန်သော ကျောက်ကပ်ဒဏ်ရာကြောင့် ကလေးငယ်များ သေဆုံးမှု အရေအတွက် တိုးလာချိန်တွင် အဆိုပါတားမြစ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ယခုနှစ်အတွင်း ကျောက်ကပ် ဒဏ်ရာကြောင့်ကလေး ၁၀၀ ဦး နီးပါး သေဆုံးခဲ့ကြသည့်အတွက် အင်ဒိုနီးရှားအစိုးရက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၉) တွင် ဆေးစာလိုအပ်နှင့် ဆေးစားမလို ကောင်တာတွင် ရောင်းချခွင့်ရှိသည့် နှစ်မျိုးစလုံးအတွက် ဆေးရည်ပျစ်နှင့် ဆေးရည်များ အားလုံးတားမြစ်ကြောင်း ကြေညာခဲ့သည်။

 

"ယနေ့အထိ ပြည်နယ် ၂၀ မှ အစီရင်ခံတင်ပြချက် ၂၉၆ ခုကို လက်ခံရရှိပြီး ၉၉ ဦး သေဆုံးခဲ့သည်" ဟုကျန်းမာရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ Syahril Mansyur က သတင်းစာစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။



“ကြိုတင်ကာကွယ်မှုအနေနဲ့ ဝန်ကြီးဌာနက ကျန်းမာရေးဌာနမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို ဆေးရည်ပျစ် ဒါမှမဟုတ် ဆေးရည်တွေကို ယာယီအားဖြင့် မညွှန်းဖို့ အမိန့်ပေးထားပါတယ်။ စုံစမ်းစစ်ဆေးမှု မပြီးမချင်း ဆေးဆိုင်များတွင် ဆေးစာမလိုတဲ့ ဆေးအရည်ပျစ် သို့မဟုတ် ဆေးရည်များ ရောင်းချခြင်းကို ယာယီရပ်တန့်ထားရန်လည်း ကျွန်တော်တို့ အမိန့်ပေးထားပါတယ်" ဟု ၎င်းကပြောကြားသည်။

 

ပြင်းထန်သောကျောက်ကပ်ဒဏ်ရာ acute kidney injury (AKI) ကြောင့် ကလေးသေဆုံးမှု အရေအတွက်မှာ ဇန်နဝါရီလမှ စတင်၍ တိုးမြင့်လာပြီး ဩဂုတ်လကုန်ပိုင်းတွင် ပိုများများလာသည်ကို ကျန်းမာရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးနေစဉ် တားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် AKI ဖြစ်ပွားရသည်ကိုရှင်းရှင်းလင်းလင်း မသိရသေးပေ။

 

အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေး လေးမျိုးနှင့် ဆက်စပ်သည့် ဖြစ်ရပ်တွင် ဂမ်ဘီယာနိုင်ငံတွင် ယခုနှစ်အစောပိုင်းက ကလေး ၇၀ နီးပါး AKI ဖြင့် သေဆုံးခဲ့ကြသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးများ အင်ဒိုနီးရှားတွင် မရနိုင်ကြောင်း အင်ဒိုနီးရှားအစားအ‌သောက် နှင့် ဆေးဝါးအေဂျင်စီ Food and Drugs Agency FDA က ပြောကြားသည်။ AKI ဖြစ်ပွားသည့် ကလေးများမှာ အသက် ၁၈ နှစ်အောက် ဖြစ်ပြီး အများစုမှာ အသက် ၅ နှစ်အောက် လမ်းလျှောက်တတ်ခါစ ကလေးများ ဖြစ်သည်ဟု ကျန်းမာရေးဌာနက ပြောကြားသည်။

 

Source straittimes

Myanmar Health Products Guide

Read times
Rate this item
(0 votes)