What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 29 August 2020 18:55

Fully Online စနစ်ဖြင့် ဆေးနှင့်ဆေးပစ္စည်းပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုအတွက် အသိပေးခြင်း

COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် အတွက်

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်များအား အွန်လိုင်းစနစ်ဖြင့်တိုးချဲ့ထုတ်ပေးဆောင်ရွက်လျက်ရှိရာ (၁-၄-၂၀၂၀) မှ (၃၁-၈-၂၀၂၀) ရက်နေ့ထိ (၄)လတာကာလအတွင်း ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ (၁၅၃၆၂) တန်ဖိုးအမေရိကန် ဒေါ်လာ ၅.၂၅ ဘီယံကျော်ဖိုးအား အွန်လိုင်းစနစ်ဖြင့်ထုတ်ပေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါထုတ်ပေးမှုများအနက် ဆေးနှင့်ဆေးပစ္စည်းကုန်ကြမ်း လိုင်စင်များအတွက် သွင်းကုန် လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုထား ပြီးဖြစ်သကဲ့သို့ ဆေးနှင့်ဆေးပစ္စည်းလိုင်စင်လျောက်ထားရာတွင် Item တစ်ခုချင်းအလိုက် ပူးတွဲတင်ပြရသည့်အထောက်အထားအများ အပြားရှိသည့်အတွက် Item အရေအတွက်ကိုကန့်သတ်ခြင်းမပြုဘဲ ပူးတွဲတင်ပြရသည့်အထောက်အထားများအား လိုင်စင် တစ်စောင်တွင် သတ်မှတ်ထားသည့်ပူးတွဲတင်ပြနိုင်သည့် Attachement တစ်ခုလျင် (5)Mb နှုန်းဖြင့် Attachement (၁၀)ခု (50) MB အထိအကျုံးဝင်သည့် Item အကြောင်းရေအားဌာနမှလျောက်ထား ခွင့်ပြုထားပြီးဖြစ်ပါသည်။
ဆေးနှင့်ဆေးပစ္စည်းကုန်ကြမ်းလုပ်ငန်းရှင်များအနေဖြင့်သိရှိဆောင်ရွက်နိုင်ပါရန် ထပ်မံအသိပေးအပ်ပါသည်။
ကုန်သွယ်ရေးဦးစီးဌာန

Read times
Rate this item
(0 votes)