What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 December 2020 20:31

အာရှသို့ Pfizer-BioNTech Covid-19 ကာကွယ်ရေးထိုးဆေး ပထမဆုံးအသုတ် စတင်သယ်ဆောင်

စင်ကာပူ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (SIA)မှ ကုန်တင်လေယာဉ်ဖြင့် Pfizer-BioNTech Covid-19 ကာကွယ်ရေးထိုးဆေး ပထမဆုံးအသုတ် စတင်သယ်ဆောင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါလေကြောင်းခရီးဖြင့် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် စတင်သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

SIA မှ ထုတ်ပြန်ချက်အရ SIA ၏ Boeing 747-400 ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကုန်တင်လေယာဉ်သည် ဒီဇင်ဘာလ ၂၀ ရက်တွင် ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှ ထွက်ခွာခဲ့ပြီး စင်ကာပူသို့ ဒီဇင်ဘာလ ၂၁ ရက် စင်ကာပူစံတော်ချိန် ည ၈ နာရီခန့်တွင် ဆိုက်ရောက်သည်။
ဘရပ်ဆဲမြို့တွင် ဦးစားပေးအဖြစ် ထိုးဆေးများကို တင်ခွင့် ရရှိခဲ့ပြီး အလားတူပင် စင်ကာပူတွင်လည်း ဦးစားပေးအဖြစ် ကုန်ချပေးခဲ့သည်။
လေယာဉ်မှ အအေးပေးကုန်သယ်ကွင်းဆက်၏ သိုလှောင်ရုံဖြစ်သော Coolport သိုလှောင်ရုံသို့ အမြန်ဆုံး သယ်ပို့ခဲ့သည်။
ယခု ခရီးစဉ်မတိုင်ခင်က အဆိုပါလေယာဉ်ဖြင့် အစမ်းလေ့ကျင့်သည့် ခရီးစဉ်ကို ဒီဇင်ဘာလ ၁၉ ရက်တွင် လေ့ကျင့် ပျံသန်းခဲ့သည်။
ကိုဗစ်ကာကွယ်ရေး ထိုးဆေးများ သယ်ဆောင်ရန်အတွက် SIA တွင် ရှိသော Boeing 747-400 ကုန်တင်လေယာဉ် ၆ စီးစလုံးကို အသုံးပြုမည် ဖြစ်သည်။ ထို့အပြင် ခရီးသည်တင်လေယာဉ်များကိုလည်း ကုန်တင်လေယာဉ်အဖြစ် အသုံးပြုသွာမည် ဖြစ်သည်။

Pfizer-BioNTech ထိုးဆေးသည် -70°C တွင် မဖြစ်မနေ ထားရှိရန် လိုအပ်သည်။ သို့ဖြစ်ရာ ခရီးစဉ်တစ်လျှောက်တွင် ရေခဲခြောက်များဖြင့် အအေးဓာတ် တောက်လျှောက်ပေးထားရသည်။

Pfizer ၏ ညွှန်ကြားချက်တွင် သာမန် ရေခဲသေတ္တာတွင် 2-8°C ဖြင့် ထားသိုပါက ၅ ရက်သာ အထားခံသည်။ ထို့ထက် ကျော်လွန်သွားပါက ထိုးဆေးသည် ပြန်လည်အေးခဲခြင်း မရှိတော့ချေ။ အအေးလွန် အအေးချိန်အောက်တွင် ထား၍လည်း အကြောင်း မထူးတော့ချေ။

 

Read times
Rate this item
(0 votes)