What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 September 2020 17:31

သားအိမ် နှင့် သားဥပြွန်လမ်းကြောင်းကို စစ်ဆေးကြည့်ရှုနိုင်သည့် သားဥပြွန်လမ်းကြောင်းဓာတ်မှန် ( Hystero-salpingography )

သားအိမ် နှင့် သားဥပြွန်လမ်းကြောင်းကို စစ်ဆေးကြည့်ရှုနိုင်သည့် သားဥပြွန်လမ်းကြောင်းဓာတ်မှန် ( Hystero-salpingography ) Sakura Hospital

သားဥပြွန်လမ်းကြောင်းဓာတ်မှန်သည် အမျိုးသမီး၏ သားအိမ်နှင့် သားဥပြွန်များကို စစ်ဆေးကြည့်ရှုရန် အသုံးပြုနိုင်သည့် ဓာတ်မှန်နည်းပညာတစ်ခုဖြစ်ပြီး သားဥပြွန်များတွင် ပိတ်ဆို့နေခြင်းရှိမရှိနှင့် သားအိမ်တွင် တည်ဆောက်ပုံအရ ချို့ယွင်းချက်တစ်စုံတစ်ရာရှိမရှိကို သိရှိဖို့အတွက် ရိုက်ကူးနိုင်ပါတယ်။

 

ဒါ့အပြင် ကိုယ်ဝန်ဆောင်ရန် အခက်အခဲရှိနေသူများ၊ ကိုယ်ဝန်ရသော်လည်း ပြဿနာတစ်စုံတစ်ရာကြောင့် ပျက်ကျသွားသူများ ဖြစ်ရသောအကြောင်းအရင်းကိုသိရန် သားဥပြွန်လမ်းကြောင်းဓာတ်မှန်ရိုက်၍ ရှာဖွေနိုင်တဲ့အပြင် သားသမီးမရနိုင်သော ပြဿနာကြုံတွေ့နေရသူများလည်း သားဥပြွန်လမ်းကြောင်းဓာတ်မှန်ရိုက်၍ အကြောင်းအရင်းကို ရှာဖွေနိုင်ပါတယ်။

 

သားဥပြွန်လမ်းကြောင်းဓာတ်မှန်ရိုက်ကူးမည့် သူများအနေဖြင့် အောက်ပါအချက်များကို သိရှိဖို့လည်းလိုအပ်ပါတယ်။

 

ရာသီစလာသည့်ရက်မှ ၁၀ ရက်အတွင်းရိုက်ကူးရမည် (ကိုယ်ဝန်ရှိမနေကြောင်းသေချာစေရန်ဖြစ်သည်၊ ကိုယ်ဝန်ရှိချိန်တွင်ရိုက်ကူးပါက သန္ဓေသား အတွက်အန္တရာယ်ဖြစ်နိုင်သောကြောင့်ဖြစ်သည်)

 

မည်သည့်အကြောင်းရင်းကြောင့်မသိပဲ မိန်းမကိုယ်မှသွေးဆင်းခြင်း၊ တင်ပါးဆုံကွင်းတွင်းအင်္ဂါရောင်ရမ်းသောရောဂါရှိသူများ ရိုက်ကူးရန်မသင့်ပါ (အခန့်မသင့်လျှင်ပိုးဝင်နိုင်၍ ဖြစ်သည်)

 

ရိုက်ကူးချိန်တွင် လက်ကောက်၊ လက်စွပ် အစရှိသည့် သတ္ထုပစ္စည်းများဝတ်ဆင်ထားခြင်းမပြုရပါ

 

ရိုက်ကူးမည့်နေ့ မတိုင်ခင် ည ၁၂ နာရီနောက်ပိုင်းအစာစားခြင်းမပြုရပါ

 

ရိုက်ကူးမည့်နေ့တွင် တီဗွီဓာတ်မှန်ရိုက်ကူးထားသည့်အဖြေပါ တစ်ပါတည်းယူဆောင်လာရမည်ဖြစ်သည်

 

သားဥပြွန်ဓာတ်မှန်သည် ရိုက်ကူးရာတွင် dye အသုံးပြုသောကြောင့် အကယ်၍ လူနာအနေဖြင့် barium သို့မဟုတ် contrast dye ကို ဓာတ်မတည့်သော ပြဿနာရှိပါက ကြိုတင်ပြောပြထားရန်လိုအပ်ပါတယ်။

 

ဆာကူရာဆေးရုံကြီးတွင် အထက်ပါ သားဥပြွန်လမ်းကြောင်း ဓာတ်မှန်ရိုက်ကူးခြင်းအပြင် တခြားသောပုံရိပ်ဖော် ရောဂါရှာဖွေခြင်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို ပိတ်ရက်မရှိဝန်ဆောင်မှုပေးလျက်ရှိ ပါတယ်။


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ဖုန်း

01-512668

01-512669

09-424405952

09-424405953

 

ဆာကူရာဆေးရုံ

အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

 

Website

www.sakurahospital.com.mm

Read times
Rate this item
(1 Vote)