What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 July 2020 15:26

ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်များတွင် COVID-19 ဗိုင်းရပ်စ်ကိုသေစေနိုင်သည့် အာနိသင်ရှိကြောင်း အတည်ပြု

Mundipharma ကုမ္ပဏီမှ ၎င်း၏ ဘီတာဒိုင်း ပိုးသတ်ဆေး ထုတ်ကုန်များတွင် COVID-19 ရောဂါ ဖြစ်စေနိုင်သော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို သေစေနိုင်သည့် အာနိသင်ရှိကြောင်း စင်ကာပူနိုင်ငံရှိ Duke-NUS Medical School တွင် ပြုလုပ်ခဲ့သော ဓာတ်ခွဲခန်း စစ်ဆေးမှုအရ အတည်ပြုနိုင်ခဲ့ပြီဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။

 

ဘီတာဒိုင်း ထုတ်ကုန် ပစ္စည်းများကို Mundipharma ကုမ္ပဏီမှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင် MEGA LIFESCIENCES မှ တရားဝင် တင်သွင်းဖြန့်ချိလျက် ရှိပါသည်။

 

BETADINE_Throat_Spray_Credit_to_Mundipharma_Myanmar.png

 

ဓာတ်ခွဲစမ်းသပ်ချက်များအရ ဘီတာဒိုင်းသည် SARS-CoV-2 ဗိုင်းရပ်စ်ကို စက္ကန့် (၃၀) အတွင်း ၉၉.၉၉% သေစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ စစ်ဆေးခဲ့သော ဘီတာဒိုင်း ပိုးသတ်ဆေး ထုတ်ကုန်များမှာ ဘီတာဒိုင်း ပိုးသတ်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၁၀%)၊ ဘီတာဒိုင်း သန့်စင်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၇.၅%)၊ ဘီတာဒိုင်း အာလုပ်ကျင်းဆေးနှင့် ခံတွင်းသန့်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၁.ဝ%)၊ ဘီတာဒိုင်း လည်ချောင်းနာသက်သာဖြန်းဆေး (ပိုဘီဒုန်း-အိုင်အိုဒင်း ဝ.၄၅%) တို့ ဖြစ်ပါသည်။

 

BETADINE_Antiseptic_Solution_Credit_to_Mundipharma_Myanmar.jpg

 

အဆိုပါ တွေ့ရှိချက်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က နာမည်ဂုဏ်သတင်း ကြီးမားသော ကူးစက်ရောဂါနှင့် ကုထုံးစာစောင် (Infectious Disease and Therapy Journal) တွင် ဖော်ပြခံခဲ့ရပြီး ဖြစ်ပါသည်။ “ဒီလေ့လာတွေ့ရှိချက်တွေက COVID-19 အပါအဝင် ကူးစက်ရောဂါတွေ ပျံ့နှံ့ဖြစ်ပွားမှုကို လျှော့ချရာမှာ PPE လိုမျိုး ကာကွယ်ရေး အစီအမံတွေအပြင် ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်တွေကိုပါ သင့်တော်သလို ထိရောက်စွာ တွဲဖက် သုံးနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယူဆချက်ကို အတည်ပြုပေးလိုက်တာပါ” ဟု Mundipharma ကုမ္ပဏီ CEO ဖြစ်သူ Raman Singh က ပြောသည်။

 

BETADINE_Surgical_Scrub_Credit_to_Mundipharma_Myanmar.jpg

 

“အခုလို အတည်ပြုနိုင်ခဲ့တဲ့အတွက် ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်း တင်မက သုံးစွဲသူတွေအနေနဲ့ပါ သူတို့ သုံးနေတဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုဟာ COVID-19 ကို ကာကွယ်နိုင်တယ်ဆိုတဲ့ ဆေးသိပ္ပံနည်းအရ အာမခံချက် တစ်ခု ရှိထားပြီးသား ဖြစ်သွားပါတယ်” ဟု သူက ထပ်လောင်းပြောကြားသည်။

 

BETADINE_Gargle_and_Mouthwash_Credit_to_Mundipharma_Myanmar.jpg

 

Duke-NUS တွင် စတင်ပြုလုပ်ခဲ့သော လေ့လာမှုကို ပိုမို တိကျသေချာမှုရှိစေရန် မလေးရှားနိုင်ငံ၊ Malaya တက္ကသိုလ်ရှိ အပူပိုင်းဒေသ ကူးစက်ရောဂါများဆိုင်ရာ သုတေသနနှင့် သင်ကြားရေးစင်တာ (TIDREC) ၌ ဓာတ်ခွဲစမ်းသပ်မှု ထပ်မံပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် စမ်းသပ်ချက်များအရ ဘီတာဒိုင်း အာလုပ်ကျင်းဆေးနှင့် ခံတွင်းသန့်ဆေးရည်တွင် ပါဝင်သော ပိုဘီဒုန်း-အိုင်အိုဒင်း ၁.ဝ% မှာ SARS-CoV-2 ဗိုင်းရပ်စ်ကို (၁၅) စက္ကန့်အတွင်း ၉၉.၉၉% အထိ ထိရောက်စွာ သေစေနိုင်ကြောင်း တွေ့ရှိရသည်။ TIDREC ၏ စစ်ဆေးတွေ့ရှိချက်ကို ဗြိတိန် သွားဘက်ဆိုင်ရာစာစောင် (BDJ) မှ လက်ခံအတည်ပြုခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အတည်ပြုစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

 

အဆိုပါ စာစောင်ကို ဗြိတိန် သွားဘက်ဆိုင်ရာ အဖွဲ့အစည်း၏ကိုယ်စား Springer Nature မှ ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ယခင်ကလည်း ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်များတွင် ပါဝင်သည့် ပိုဘီဒုန်း-အိုင်အိုဒင်း (PVP-I) သည် ကိုရိုနာဗိုင်းရပ်စ် အပါအဝင် မားစ်ရောဂါ (MERS)၊ ဆားစ်ရောဂါ (SARS) ကဲ့သို့ ပြင်းထန်သည့် ကူးစက်ရောဂါများ ဖြစ်ပွားစေနိုင်သော ဗိုင်းရပ်စ် အမျိုးအစားများစွာကို ထိရောက်စွာ သေစေနိုင်ကြောင်း စမ်းသပ်အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်များတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှို အစရှိသည့် ရောဂါပိုးမွှား အမျိုးအစားများစွာအား ထိရောက်စွာ သေစေနိုင်သည့် ပိုဘီဒုန်း-အိုင်အိုဒင်း (PVP-I) ပါရှိပြီး ဆေးရုံ၊ ဆေးခန်းများတွင် ပုံမှန် အသုံးပြုလေ့ရှိပါသည်။

 

Mundipharma အကြောင်း

Mundipharma ၏ သီးခြားရပ်တည်နေသည့် ပုဂ္ဂလိကပိုင်လုပ်ငန်းများအား စုစည်းထားသော ကုမ္ပဏီများမှာ ကမ္ဘာတစ်ဝန်းရှိ ဆေးဝါးဈေးကွက်များကို ဖြန့်ကျက်ထားလျက်ရှိသည်။ Mundipharma သည် ကုမ္ပဏီမှ အလေးထားသည့် တန်ဖိုးများကို ထိန်းသိမ်းပြီး အရည်အသွေးမြင့် ထုတ်ကုန်များကို စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီတစ်ခု၏ စံနမူနာကောင်းတစ်ခု ဖြစ်ပါသည်။

 

ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကင်ဆာနှင့် အခြားသော နာကျင်မှုဝေဒနာ ခံစားနေရသည့် လူနာများ သက်သာ ပျောက်ကင်းစေရေးနှင့် ပျော်ရွှင်ကျန်းမာသော ဘဝအရည်အသွေးများ သိသိသာသာ တိုးတက်လာစေရေး ဖြစ်ပါသည်။ Mundipharma သည် ထိခိုက်နာကျင်မှု၊ ကင်ဆာ၊ ကင်ဆာရောဂါအတွက် ထောက်ပံ့ကုသမှု၊ မျက်စိရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု စသည့် ကုသမှုနယ်ပယ်များတွင် ရောဂါ ပြင်းထန်စွာ ခံစားနေရသည့် လူနာများအား အကျိုးရှိစေမည့် ကုသမှုပုံစံ အမျိုးမျိုး ပေးအပ်သွားရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါသည်။

 

BETADINE® အကြောင်း

ဘီတာဒိုင်းထုတ်ကုန်ပစ္စည်း အမျိုးမျိုးသည် ရောဂါ ကာကွယ်၊ ကုသမှုများအတွက် ကမ္ဘာတစ်ဝန်းရှိ ဆေးရုံ၊ ဆေးခန်းများနှင့် သုံးစွဲသူများမှ ယုံကြည်အားထား သုံးစွဲလာခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော် ရှိပြီဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ Mundipharma သည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါ၊ ထိခိုက်ဒဏ်ရာမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါ၊ မိန်းမကိုယ်သန့်ရှင်းရေးနှင့် မိန်းမကိုယ်မှတဆင့် ကူးစက်နိုင်သော ရောဂါ၊ လက်သန့်ရှင်းရေးနှင့် တစ်ဦးမှတစ်ဦး ကူးစက်နိုင်သောရောဂါ စသည့် အခြေအနေ အမျိုးမျိုးတွင် ကာကွယ်၊ ကုသမှု အမျိုးမျိုးပြုလုပ်နိုင်ရန်အတွက် ပိုဘီဒုန်း-အိုင်အိုဒင်း ပါရှိသော ဘီတာဒိုင်း ထုတ်ကုန်များနှင့် ပိုဘီဒုန်း-အိုင်အိုဒင်း မပါရှိသော ထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ် ခဲ့ပါသည်။

 

ဓာတ်ခွဲခန်းနှင့် လက်တွေ့ စမ်းသပ်စစ်ဆေးချက်များအရ BETADINE® ပိုဘီဒုန်း-အိုင်အိုဒင်းသည် ပဋိဇီဝပိုးသတ်ဆေးများကို ယဉ်ပါးနေသည့် ပိုးမွှားများအပါအဝင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှို အမျိုးအစား ပေါင်းများစွာကို သေစေနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

အသေးစိတ်သိရှိလိုပါက >>> Clicker Here <<<

Read times
Rate this item
(4 votes)