What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 September 2021 09:10

COVID-19 ကာကွယ်ဆေး Sinopharm ၂၄ သန်း ရောက်ရှိပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံပေးမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ်အတွင်း လူအုပ်စုများပါဝင်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆို ဝယ်ယူထားသည့် ကာကွယ်ဆေးများ ရောက်ရှိလာပါက

လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ် အတွင်း လူအုပ်စုများ ပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ချုပ်ဆိုဝယ်ယူထားသည့် ကာကွယ်ဆေး ၂၄ သန်းအနက် လေးသန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၂ ရက်ညနေ ၄ နာရီခွဲတွင် ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထပ်မံရောက်ရှိလာသည့် COVID-19 ကာကွယ်ဆေးများကို ဦးတည်ဦးစားပေးအုပ်စုများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲရှောင်စခန်းများတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအပြင် ယခင်က အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအုပ်စုကို အသက် ၅၅ နှစ်နှင့်အထက်သို့ တိုးချဲ့ခြင်း၊ ထပ်မံ၍ ဦးတည်အုပ်စုအသစ်များ တိုးချဲ့ခြင်းအနေဖြင့် မသန်စွမ်းသူများအုပ်စု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအုပ်စု၊ နာတာရှည်ရောဂါအခံရှိသူများအုပ်စု၊ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲ ရှောင်စခန်းများတွင်ရှိသူများအုပ်စုတို့ကို ထပ်မံထည်သွင်းထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၁၄ ရက်အထိ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၃၃၆၅၉၁၅ ဦး (၃ ဒသမ ၃၆၅ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသူ ၁၆၂၄၈၄၃ ဦး (၁ ဒသ မ ၆၂၄ သန်း) ၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၄၉၉၀၇၅၈ ဦး (၄ ဒသမ ၉၉ သန်း) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

news-eleven.com/

Read times
Rate this item
(2 votes)