What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 September 2021 21:12

စတုတ္ထအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် အစ္စရေး အသင့်ပြင်ဆင်

ကျန်းမာရေး အရာရှိများက ပြောကြားသည်မှာ Covid-19 ကနဦး ထိုးနှံခြင်းများ၏ ထိရောက်မှုသည် ဆေးထိုးပြီးနောက် ၅ လအကြာတွင် အားပျော့သွားသဖြင့်

အားမြှင့်တင်ရန် လိုအပ်နေစေသည်။ ထို့အတွက် စတုတ္ထအကြိမ် ထိုးနှံခြင်း လိုအပ်လာပါက ထိုးနှံသည့်အခါ ထိုးဆေး အလုံအလောက် ရရှိနိုင်သည်မှာ သေချာစေရန် အသင့်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်.

“ဘယ်တော့လောက်မှာ ထပ်ထိုးဖို လိုမလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ခြောက်လအတွင်းမှာတော့ မလိုအပ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုလို တတိယအကြိမ် ထိုးနှံသလိုမျိုး ၅ လတော့ ခံမယ်ထင်ပါတယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန ညွန်ချုပ် Nachman Ash က ပြောကြားသည်။

အစ္စရေးနိုင်ငံသည် Pfizer Inc-BioNTech SE ကိုဗစ်ကာကွယ်ရေး ထိုးဆေးကို အဓိကထား သုံးစွဲသည်။ အားမြှင့်တင်ထိုးနှံခြင်း ဖြစ်သည့် တတိယအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ်လတွင် စတင်ခဲ့ပြီး ယခုအခါ လူဦးရေ ၂.၈ သန်း ထိုးနှံခဲ့ပြီးပြီ ဖြစ်သည်။

အမေရိကန်နှင့် ယူကေတို့သည်လည်း တတိယအကြိမ် ထိုးနှံခြင်းကို ယခုစက်တင်ဘာလ အနှောင်းပိုင်းတွင် စတင်ရန် အစီအစဉ် ရှိသည်။ ဥရောပသည် ထိုးသင့်မထိုးသင့် စဉ်းစားဆဲ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တတိယအကြိမ် ထိုးနှံခြင်းကို တရားဝင် ဆိုင်းငံ့ထားပေးကြရန် ပန်ကြားထားသည်။ အနည်းဆုံးအနေဖြင့် စက်တင်ဘာလကုန်အထိ စောင့်ဆိုင်းပေးခြင်းဖြင့် ပိုဆင်းရဲသော နိုင်ငံများ ကိုဗစ်ကာကွယ်ရေး ထိုးဆေးကို လက်လှမ်းမီစေမည် ဖြစ်သည်ဟု ဆိုသည်။

အစ္စရေးဆေးထိုးနှံမှု အခြေအနေမှာ တတိယအကြိမ်ထိုးနှံပြီးသူများအပြင် နှစ်ကြိမ်သာ ထိုးပြီးသူ ၂.၇ သန်း ရှိနေသည်။ တစ်ကြိမ်သာ ထိုးပြီးသူ ၅၀၀, ၀၀၀ ရှိနေသေးသည်။ ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသူ တစ်သန်းနီးပါး ရှိနေသေးသည်။
ယခုအခါ အသက် ၁၈ နှစ်အထက် ဆေးထိုးသူများကို Moderna ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်။


straitstimes.com

Read times
Rate this item
(0 votes)