What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 December 2020 15:56

COVID-19 ကာကွယ်ဆေးဝယ်ယူရေး မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသို့ရောက်ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲတွင် -

COVID-19 ကာကွယ်ဆေးဝယ်ယူရေးနှင့် ပတ်သက်၍ • အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး နေသည့်ကိစ္စနှင့် အိန္ဒိယနိုင်ငံ၊ Serum Institute of India မှ COVID-19 ကာကွယ်ဆေးများကို မြန်မာနိုင်ငံမှ ဝယ်ယူလိုသည့် ကိစ္စတို့ကို ဆွေးနွေးပြောဆိုခဲ့ကြပါသည်။
ထို့နောက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်တင်ပို့မှု ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးအတွက် Joint Task Force တစ်ရပ်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးကြရာ၌ မြန်မာနိုင်ငံတွင် ဆေးဝါးများ အထူးသဖြင့် အရည်အသွေးပြည့်ဝသည့် ပဋိဇီဝဆေးဝါးများထုတ်လုပ်ရန် အတွက် မြန်မာနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ ကုမ္ပဏီများနှင့် အိန္ဒိယနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုများအတွက် ချိတ်ဆက်ပံ့ပိုးပေးရန် ကိစ္စကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် လက်ရှိတွင် ရောဂါကာကွယ်ဆေး (၁၃) မျိုးကိုထိုးနှံပေးလျက်ရှိရာ မြန်မာနိုင်ငံတွင် ရောဂါ ကာကွယ်ဆေးများ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံရှိ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်လေ့လာဆောင်ရွက်လိုသည့်ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် နေပြည်တော်တွင် အဆင့်မြင့်ဆေးရုံကြီးတစ်ခု ထူထောင်ရေး အမြန်ဆုံးဆက်လက် ဆောင်ရွက်ရန်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

MOHS

healthproducts.com.mm

Read times
Rate this item
(0 votes)