What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 31 December 2020 18:01

တရုတ် COVID-19 ကာကွယ်ဆေးများ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း အစောဆုံး ကာလတွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိမည့် အခြေအနေရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ COVID-19 ကာကွယ်ဆေး ထုတ်လုပ်သည့် စက်ရုံသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစဉ်(ဓာတ်ပုံ - MOFA) တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ COVID-19 ကာကွယ်ဆေး ထုတ်လုပ်သည့် စက်ရုံသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစဉ်(ဓာတ်ပုံ - MOFA)

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ၂၀၂၁ ခုနှစ်၏ နှစ်ဆန်းပိုင်း အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည့် အခြေအနေအထိ

ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် နှစ်ဖက် ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်သစ်ကူး သတင်းကောင်းအဖြစ် ယနေ့ အသိပေး ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများအား အရေးပေါ်သုံးစွဲမှု (Emergency Use) အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ခွင့်ပြုပေးခဲ့ပြီးနောက် အရေးပေါ်သုံးစွဲမှု (Emergency Use) အနေဖြင့် စတင်သုံးစွဲခဲ့ကြောင်း ၊ ထိုအချိန်မှစ၍ ပေကျင်းမြို့၊ မြန်မာသံရုံးအနေဖြင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် သုံးစွဲမှုများအား သေချာစွာစောင့်ကြည့် လေ့လာခဲ့ကြောင်း ၊ ဩဂုတ်လမှစတင်၍ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ပေးပို့နိုင်ရေး အတွက် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် COVID-19 ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်မှုနှင့် အဆင့်အလိုက် စမ်းသပ်မှုများတွင် အောင်မြင်မှုများ ရရှိလျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက အသိအမှတ်ပြုကာ အရေးပေါ်သုံးစွဲမှု (Emergency Use) ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် China National Pharmaceutical Group Co., Ltd (Sinopharm) နှင့် Sinovac Botech (Hong Kong) Limited တို့သို့ ဆက်သွယ်၍ မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံ ဆွေးနွေးကာ ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပေကျင်းမြို့၊ မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီးအနေဖြင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ Sinopharm ၊ Sinovac နှင့် အခြားသော ရောဂါ ကာကွယ်ရေး သုတေသနဌာနများ၊ လူပုဂ္ဂိုလ်များနှင့် ဒီဇင်ဘာ ၃၀ ရက်အထိ တွေဆုံဆွေးနွေးမှုပေါင်း ၃၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
(Xinhua)

 

Read times
Rate this item
(0 votes)