What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 13 September 2018 13:07

အကိုက်အခဲပျောက်ဆေး ရေရှည်သုံးစွဲတာက အကြားအာရုံဆုံးရှုံးစေနိုင်

အကိုက်အခဲပျောက်ဆေးကို ကာလအတော်ကြာ သုံးစွဲလာခဲ့တဲ့ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးရှုံးမှု ခံစားရနိုင်ခြေ ပိုများနေပါတယ်။

ဒီဇင်ဘာ ၁၅ - Acetaminophen ဒါမှမဟုတ် ibuprofen လိုမျိုး စတီးရွိုက်  မပါဝင်တဲ့ အရောင်ကျဆေးဝါးတွေကို ခြောက် နှစ်နဲ့ အထက် သောက်သုံးခဲ့တဲ့ အမျိုးသမီးတွေဟာ   အကိုက်အခဲပျောက်ဆေးကို တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်နည်းတဲ့ ကာလ သောက်သုံးခဲ့သူတွေထက် အ ကြားအာရုံဆုံးရှုံးနိုင်ခြေ တော်တော်လေး များနေတာကို တွေ့ရှိရပါတယ်။
သုတေသီတွေဟာ သည်သုတေသန တွေ့ရှိချက်ကို American Journal of Epidemiology မှာ ဖော်ပြခဲ့ပါတယ်။

“အကိုက်အခဲပျောက်ဆေးကို ကာလအတော်ကြာ သုံးစွဲလာခဲ့တဲ့ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးရှုံးမှု ခံစားရနိုင်ခြေဟာ ပုံမှန်ထက် ပိုများနေပါတယ်”လို့ သုတေသန ကို ဦးဆောင်တဲ့ ဟားဗတ်ဆေးတက္ကသိုလ် ပါမောက္ခဂရေးချာဟန် က ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ အက်စပရင်နဲ့ စတိရွိုက်မပါဝင်တဲ့ အရောင်ကျဆေးဝါး (NS-AID)တွေလိုမျိုး အကိုက်အခဲ ပျောက် ဆေးတွေကို အသုံးပြုမှုဟာ သိသိသာသာ မြင့်တက်လာခဲ့သလို ပြီးခဲ့တဲ့နှစ် ၂၀ အတွင်းမှာ အကိုက်အခဲ ပျောက်ဆေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စုက အသက် ၆၀ ကျော် အမျိုးသမီး သုံးပုံနှစ်ပုံခန့်ဟာ အ ကြားအာရုံချို့ယွင်းမှုကို ခံစားနေရတာကို တွေ့ရှိရပါတယ်။   သုတေသီတွေဟာ အမျိုးသမီးတွေရဲ့အကြားအာရုံနဲ့အကိုက်အခဲပျောက်ဆေး သောက်သုံးမှုကာလကြားက ဆက်စပ်မှုကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ သူတို့ရဲ့ လေ့လာသုံးသပ်မှု အသစ်အတွက် သုတေသီတွေဟာ Nurses' Health Study မှာ အမည်စာရင်းသွင်းထားတဲ့ အမျိုးသမီး ၅၅,၈၅၀ ဦးရဲ့ အ ချက်အလက်တွေကို လေ့လာခဲ့ပါတယ်။

လေ့လာမှုရလဒ်မှာတော့ အကိုက် အခဲပျောက်ဆေးတွေကို ခြောက်နှစ်နဲ့ အထက် သောက်သုံးလာခဲ့တဲ့ အမျိုးသမီးတွေမှာ အခြားအမျိုးသမီးတွေထက် အကြားအာရုံ ဆုံးရှုံးနိုင်ခြေ ပိုများနေတာကို တွေ့ရပါတယ်။

Ibuprofen သောက်သုံးသူအမျိုးသမီးတွေမှာ အကြားအာရုံဆုံးရှုံးနိုင်ခြေဟာ ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းပိုများနေ ပြီး acetaminophen သောက်သုံးသူ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးရှုံးနိုင်ခြေဟာပုံမှန်ထက် ကိုးရာခိုင်နှုန်း ပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

source:mcf.org.mm

Read:အစာအိမ်ကင်ဆာဖြစ်စေနိုင်သောအကြောင်းအရာများ

အစာအိမ်ကင်ဆာဖြစ်စေနိုင်သောအကြောင်းအရာများ

Read times Last modified on Thursday, 13 September 2018 13:20
Rate this item
(1 Vote)