What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 December 2020 11:52

Mask များအား ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လျှောက်ထားရန် လိုအပ်ကြောင်း ပြောင်းလဲသတ်မှတ်

ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask, Medical Use Respirator) များအား ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လျှောက်ထားရန် လိုအပ်ကြောင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ထုတ်ပြန်ကြေညာထားပါသည်။ 

 ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask, Medical Use Respirator) များအား ယခင်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့်လျှောက်ထားရန် မလိုသောစာရင်း၌ ပါဝင်ခဲ့သော်လည်း ယခုအခါ အရည်အသွေးပြည့်ဝသည့် ကာကွယ်ရေးဆေးပစ္စည်းများ အများပြည်သူသုံးစွဲခွင့်ရရှိရေးအတွက် လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပိုမိုစိတ်ချရသည့် အရည်အသွေးစံနှုန်းပြည့်မီစေရန်အတွက်လည်းကောင်း  Surgical Mask, Medical Use Respirator (eg: N-95, KN-95 စသည်) များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့် ထောက်ခံချက် လျှောက်ထားရန်လိုအပ်သော ဆေးပစ္စည်းအဖြစ် (၂၄-၁၂-၂၀၂၀) ရက်နေ့မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ  ထောက်ခံချက်ရရှိပြီးမှသာ တင်သွင်းဖြန့်ဖြူးခွင့်ရှိတော့မည် ဖြစ်သည်။ 

 

အကြောင်းကြားစာ အပြည့်အစုံကို ဖော်ပြအပ်ပါသည်။ 

 


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန 

စာအမှတ်။အစဆ/(လကဆပစ)၂၀၂၀/ ၂၀၁၀ 

ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ( ၄ )ရက်

အကြောင်းအရာ။ ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask, Medical Use Respirator) များအား ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လျှောက်ထားရန်ကိစ္စ။ 

 

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ COVID-19 ရောဂါအတွက် အဓိကရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆေးပစ္စည်းဖြစ်သော  Surgical Mask, Medical Use Respirator (eg: N95, KN-95 စသည်) များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့်လျှောက်ထားရန် မလိုသောစာရင်း၌ ပါဝင်ခဲ့သော်လည်း ယခုအခါ အရည်အသွေးပြည့်ဝသည့် ကာကွယ်ရေးဆေးပစ္စည်းများ အများပြည်သူသုံးစွဲခွင့်ရရှိရေးအတွက် လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပိုမိုစိတ်ချရသည့် အရည်အသွေးစံနှုန်းပြည့်မီစေရန်အတွက်လည်းကောင်း  Surgical Mask, Medical Use Respirator (eg: N-95, KN-95 စသည်) များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့်

ထောက်ခံချက် လျှောက်ထားရန်လိုအပ်သော ဆေးပစ္စည်းအဖြစ် (၂၄-၁၂-၂၀၂၀) ရက်နေ့မှစ၍ သတ်မှတ်ပါကြောင်းနှင့် ထောက်ခံချက်ရရှိပြီးမှသာ တင်သွင်းဖြန့်ဖြူးခွင့်ရှိကြောင်း အကြောင်းကြား အပ်ပါသည်။

 

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

 (ဒေါက်တာခင်ချစ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)

 

mask.jpg

 
Read times Last modified on Thursday, 24 December 2020 11:55
Rate this item
(0 votes)