ဒီလ ၂၀၂၂ ဇွန်လ ဟာ ကင်ဆာရောဂါလူနာတွေအတွက် အထူးခြားဆုံးလ ဝမ်းသာပျော်ရွှင်စေရဆုံးလဖြစ်ပါတယ်.
ဘာလို့လဲဆိုတော့ New England Journal of Medicine ရဲ့ ဒီတပတ်ထုတ်ပြန်ချက်အရ ကင်ဆာဆေးတမျိုးဖြစ်တဲ့ new version of Dostarlimab ဒိုးစတာလီးမက်ဗားရှင်း အသစ် ဟာ ကင်ဆာရောဂါများတွင် စမ်းသပ်ကုသတဲ့အခါ ၁၀၀% အောင်မြင်မူရရှိခဲ့ပါတယ်.
ကနဦးလူနာ ၁၈ ဦးစမ်းသပ်ကုသရာ ၁၈ ဦးလုံး ၆ လအတွင်း ကင်ဆာရောဂါအရှင်းပျောက်ကင်းသွားတာကိုတွေ့ရှိရပါတယ်.
ဒါဟာ ကင်ဆာရောဂါလူနာတွေအတွက် နှစ်ပေါင်း ၁၀၀ အတွင်း အအောင်မြင်ဆုံး စမ်းသပ်ကုသမူဖြစ်သည်ဆိုပီး ကမ္ဘာ့အထင်ကရမီဒီယာတွေဖြစ်တဲ့ New York Times နှင့် The Washington Post မီဒီယာများက အကျယ်တဝင့်ဂုဏ်ပြုရေးသားကြပါတယ်.
အဆိုပါစမ်းသပ်မူကို ကင်ဆာရောဂါအထူးကုပညာရှင် Ms Andrea Cercek ဒေါက်တာ အန်ဒရီယာ ကဦးဆောင်ပီး နယူးယော့မြို့မှာရှိတဲ့ Memorial Sloan Kettering ကင်ဆာစင်တာမှာ စမ်းသပ်ကုသမူကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်.
စမ်းသပ်ကုသမူအရ အဆိုပါကင်ဆာဆေးဟာ အူလမ်းကြောင်းအဆုံးနှင့်စအိုဝကင်ဆာ၊ ပန်းကရိယကင်ဆာ၊ အစာအိမ်ကင်ဆာ နှင့် ဆီးအိမ်ကင်ဆာရောဂါများအတွက် အင်မတန်ထိရောက် ကောင်းမွန်တဲ့ကုသဆေးဖြစ်တယ်လို့ဆိုပါတယ်.
အခြားသောကင်ဆာရောဂါများအတွက်လည်းကောင်းမွန်သော ဆေးတလက်ဖြစ်မည်လို့ ယုံကြည်နေကြပီး အခြားသောကင်ဆာရောဂါများအတွက်လည်း ၁၀၀% ပျောက်ကင်းအောင်ကုသနိုင်ခြင်းရှိမရှိကိုလည်း ဆက်လက်စမ်းသပ်ကုသနေကြပါတယ်.
ကင်ဆာရောဂါလူနာများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပီး ရောဂါအမြန်သက်သာပျောက်ကင်းနိုင်ကြပါစေ…
Dostarlimab ကင်ဆာဆေးလဲ ပိုမိုကောင်းမွန်ထိရောက်သော ရလဒ်များရရှိနိုင်ပါစေ…
Maung Thaing (facebook)