What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 October 2021 14:44

ကိုဗစ်ကာကွယ်ဆေးထိုးရေးဗျူဟာသစ် ကန် FDA အတည်ပြုဖွယ်ရှိ

Moderna နဲ့ Johnson & Johnson ထုတ် ကိုဗစ်ကာကွယ်ဆေး ဆေးရရှိပြီးသူများအတွက် ထပ်တိုးကာကွယ်ဆေး တလုံးပေးဖို့

အမေရိကန် အစားအသောက်နဲ့ဆေးဝါး စစ်ဆေးရေးဌာန FDA က ထောက်ခံလိုက်သလို မဟာဗျူဟာအသစ်တရပ်ကိုလည်း ကြေညာလိုက်ပါတယ်။

အမေရိကန် အမျိုးသားကျန်းမာရေးသုတေသနဌာန National Institutes of Health ရဲ့ လေ့လာချက်တရပ်အရ ခုလို သဘောတူလိုက်တာပါ။ Johnson & Johnson ကာကွယ်ဆေး ရပြီးသူတွေကို Moderna ကာကွယ်ဆေးထပ်ထိုးပေးတဲ့အခါ သူတို့ရဲ့ခုခံအားက ၇၆ ဆ တက်လာတာကို ဒီ လေ့လာချက်မှာ တွေ့ရှိရပါတယ်။ ဖိုင်ဇာရပြီးသူကို ဖိုင်ဇာကာကွယ်ဆေး ထပ်တိုးပေးတဲ့အခါ ၃၅ ဆ တက်ပြီး၊ ဂျွန်ဆန်ရပြီးသူကို ဂျွန်ဆန်ကိုပဲထပ်ပေးတဲ့အခါ ၄ ဆ တက်တာကို တွေ့ရပါတယ်။ ဒီလေ့လာချက်ကို သောကြာနေ့က FDA ကို တင်ပြခဲ့တာပါ။ဒါကြောင့် ရောထိုး မဟာဗျူဟာတရပ်ကိုလည်း ဒီ လေ့လာချက်ပေါ် အခြေခံပြီး FDA က အကြံပြုလိုက်တာ ဖြစ်ပါတယ်။
Pfizer ကိုဗစ်ကာကွယ်ဆေးအတွက် တတိယတလုံးကို လူတချို့ထိုးဖို့ အမေရိကန် ကူးစက် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန စီဒီစီ က သဘောတူပြီး ဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံကတော့ ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး Sputnik V ကို လက်မခံကြောင်း ကြေညာလိုက်ပါတယ်။ဒီ ကာကွယ်ဆေးဟာ အမျိုးသားတွေကြားမှာ HIV ကူးစက်နိုင်ခြေ အန္တရာယ်ရှိတဲ့အတွက် လက်မခံတာပါ။

အမေရိကန်နိုင်ငံ ဝါရှင်တန် ပြည်နယ်မှာတော့ အစိုးဝန်ထမ်းတွေ ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်ထားပါတယ်။ဒါပေမဲ့ ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုတာကြောင့် ပြည်နယ် အမေရိကန် ဘော်လုံးနည်းပြချုပ် Nick Rolovich ကို ပြည်နယ်အစိုးရက အလုပ်က ထုတ်လိုက်ပါတယ်။သူက ပြည်နယ် အစိုးရဝန်ထမ်းတွေထဲမှာ လစာအများဆုံး တနှစ်ကို လစာ ၃.၂ မီလီယံ ရရှိတာပါ။

ဗီအိုအေ

Read times Last modified on Friday, 22 October 2021 09:11
Rate this item
(0 votes)