What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 July 2021 12:44

လက်ထိပ်မှာ စွပ်တဲ့ Pulse Oximeter အောက်ဆီမီတာ ဆိုတာဘာလဲ ? ဘယ်လိုအလုပ်လုပ်သလဲ ?

Pulse Oximeter အောက်စီမီတာ ဆိုတာ Fingertip pulse oximeter လို့ခေါ်ပါတယ်။

Pulse Oximeter အောက်စီမီတာ ကို လက်ချောင်းရဲ့တဖက်ကနေ အလင်းလွှတ်ပြီး လူရဲ့သွေးကြောမျှင်ထဲကိုဖြတ်ကာ သွေးထဲကအောက်ဆီဂျင်ပြည့်ဝမှုပမာဏကို တဖက်ကနေတိုင်းတာတာဖြစ်ပါတယ်။

လက်ချောင်းမှာ စက်လေးကိုအံကျတပ်ပြီး ခလုတ်နှိပ်လိုက်ပါ။ ဂဏန်း (၂) မျိုးပေါ်ပါမယ်။

တစ်ခုက အောက်စီဂျင်ပမာဏဖော်ပြတဲ့ (Saturation percent of Oxygen = SPO2 (%) ) နဲ့ နောက်တစ်ခုက သွေးခုန်နှုန်းဖော်ပြတဲ့ (Pulse Rate =(PR)bpm) တို့ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ SPO 2 အကြောင်း ပြောပါမယ်။

သာမန်လူတွေအနေနဲ့ SpO2 အောက်ဆီမီတာကိုသုံးစွဲရာမှာ --- 100 % မှ 95% သည် ပုံမှန် အခြေအနေတစ်ရပ်ဖြစ်ပြီ 94 % မှ 91% သည် အရေးပေါ်အခြေအနေဖြစ်ပါတယ်။ 90 % အောက်သည် အလွန်အမင်းအသက်အန္တရာယ်ကိုစိုးရိမ်ရသောအခြေအနေဖြစ်ပါတယ်။ 94% ဆိုတာနဲ့ ဆရာဝန်ရဲ့အကူအညီကိုလိုအပ်လာအခြေနေဖြစ်ပါတယ်။

ပုံမှန်အိမ်သုံးအောက်ဆီမီတာများဟာ (4 %) အထိမှားယွင်းတတ်ပါတယ်။ 90% ဆိုလျှင် 86% မှ 94% အတွင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ် 94% ဆိုလျှင် 90% မှ 98% အထိဖြစ်နိုင်ပါတယ်။ အဲ့ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

အမေရိကန် FDA မှ အကြံပေးချက်အရ အောက်ဆီမီတာအမှန်ဆုံးအခြေအနေသည် လူနာ၏သွေးထဲ saturation ဟာ 90 ရာနှုန်းအထက်မှာ အတိကျဆုံးဖြစ်ပြီး 90 ရာနှုန်းအောက်ရောက်လေ တိကျမှုလျော့သွားလေဖြစ်ပါတယ်။

နောက်တစ်ခုကတော့ နှလုံးခုန်နှုန်း(သို့)သွေးခုန်နှုန်း Pulse Rate =(PR)bpm အကြောင်း ဖြစ်ပါတယ်။

Pulse Rate =(PR)bpm ဆိုတာက လူတစ်ယောက်ရဲ့ ​နှလုံးခုန်နှုန်း(သို့)သွေးခုန်နှုန်း ကို တိုင်းတာပေးတာဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ နှလုံးခုန်နှုန်း (သို့) သွေးခုန်နှုန်းက အကြိမ် ၇၀ ရှိပါတယ်။ ကလေးငယ်တွေမှာ နှလုံးခုန်နှုန်း (သို့) သွေးခုန်နှုန်းက ၇၀ ထက်များနိုင်ပါတယ်။

လူကြီးတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းက ၁မိနစ်ကို 50 မှ 90 beats/minကြားက ပုံမှန်အခြေနေဖြစ်တယ်။

ကလေးတွေရဲ့ ၁မိနစ် ပုံမှန် နှလုံးခုန်နှုန်း ကတော့

၁နှစ်မှ၂နှစ် (80 မှ 130 beats/minကြား)

၃နှစ်မှ၄နှစ် (80 မှ 120 beats/minကြား)

၅နှစ်မှ၆နှစ် (75 မှ 115 beats/minကြား)

၇နှစ်မှ၉နှစ် (70 မှ 110 beats/minကြား) တို့ဖြစ်ပါတယ်။ 

 

>>> (COVID-19) ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်သော ပုဂ္ဂလိကဆေးရုံများ <<<

>>> ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အောက်စီဂျင် အရေးပေါ်လိုအပ်ပါက ဆက်သွယ်နိုင်မည့် အသင်း အဖွဲ့အစည်းများ <<<

Read times Last modified on Friday, 09 July 2021 12:53
Rate this item
(1 Vote)