What's New




Monday, 02 October 2023 22:13

mRNA Covid ကာကွယ်ဆေး သုတေသီများကို နိုဘယ်ဆု ချီးမြှင့်

mRNA Covid ကာကွယ်ဆေး သုတေသီများကို နိုဘယ်ဆု ချီးမြှင့်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

Katalin Kariko နှင့် Drew Weissman တို့သည် Covid-19 ကာကွယ်ဆေး အစွမ်းကို အထွတ်အထိပ်ရောက်အောင် ပြုလုပ်ပေးသည့် messenger RNA (mRNA) နည်းပညာဆိုင်ရာအတွက် တနင်္လာနေ့(အောက်တိုဘာ ၂)တွင် ဆေးဝါးနိုဘယ်ဆုကို ရရှိခဲ့ကြသည်။

mRNA ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် သုံးစွဲရန်အတွက် အတည်ပြုခဲ့သည်။

 

33XA8AJ-highres.jpg

 

"သန်းပေါင်းများစွာသော အသက်များကို ကယ်တင်ခဲ့သည်အပြင် ပြင်းထန်သောရောဂါကို ကာကွယ်တားဆီးနိုင်ခဲ့သည်" ဟု ဆုအတွက် အကဲဖြတ်သူက မှတ်ချက်ပြုသည်။

 

၆၈ နှစ်အရွယ် Kariko နှင့် ၆၄ နှစ်အရွယ် Weissman တို့သည် အမေရိကန်ရှိ Pennsylvania တက္ကသိုလ်တွင် ကာလရှည်ကြာ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။

 

ယခုနှစ်တွင် ၎င်းတို့နှစ်ဦးအား ဆုချီးမြှင့် ဂုဏ်ပြုလိုသဖြင့်  စတော့ဟုမ်းမြို့ရှိ နိုဘယ်ကော်မတီသည် သက်တမ်း အနည်းဆုံး ၁၀ နှစ် သုတေသန လုပ်ထားမှသာ ဆုချီးမြှင့်သည့် အစဉ်အလာကို ချိုးဖောက်ပြီး ၎င်းတို့ နှစ်ဦးကို ဆေးဝါးနိုဘယ်ဆု ချီးမြှင့်ပေးခဲ့သည်။

 

သုတေသနကို ၂၀၀၅ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ပြီး ကာကွယ်ဆေးအဖြစ် ပထမဆုံး လက်တွေ့သုံးစွဲခဲ့သည်မှာ Pfizer/BioNTech နှင့် Moderna တို့ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ရေး ထိုးဆေးများတွင် ဖြစ်သည်။

သမားရိုးကျ ကာကွယ်ဆေးများသည် ဗိုင်းရပ်စ်ကို ဖြစ်စေ၊ ဗိုင်းရပ်စ်၏ အခရာကျသည့် ပရိုတင်းအစအနကိုဖြစ်စေ အား‌ချည့်နဲ့အောင် ပြုပေးသည်။

 

messenger RNA (mRNA) ကာကွယ်ဆေးများသည် ဆဲလ်များကို မည်သို့သော ပရိုတင်းဓာတ်များ ပြုလုပ်ရမည်ကို ပြောပြသော မျိုးရိုးဗီဇမော်လီကျူးများကို ပံ့ပိုးပေးသည်၊ တနည်းဆိုသော် ဗိုင်းရပ်စ် အားပြုသည့် ပရိုတင်းကို ပြုလုပ်ခိုင်းခြင်း ဖြစ်သည်။ ဆဲလ်များက ပြုလုပ်ပေးသော ဗိုင်းရပ်စ် အားပြုသည့် ပရိုတင်းဖြင့် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးသည်။ ထိုအခါ ကိုယ်ခံအားစနစ်က ၎င်းပရိုတင်းကို မည်သို့ချေမှုန်းရမည်ကို တတ်မြောက်သွားသည်။ တကယ့်ဗိုင်းရပ်စ်ကို ရင်ဆိုင်ရသောအခါ ကိုယ်ခံအားစနစ်က မည်သို့ ချေမှုန်းရမည် ဆိုသည်ကို သိထားပြီးသား ဖြစ်နေသည်။ 

 

၎င်းတို့၏ mRNA နည်းပညာကို ယခုအခါတွင် ကင်ဆာ၊ တုပ်ကွေးနှင့် နှလုံးဖောက်ပြန်မှုကဲ့သို့သော ရောဂါများနှင့် ဖျားနာမှုများအတွက် ကုသနည်းများကို တီထွင်ရန် အသုံးပြုလျက်ရှိသည်။

 

၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ဟုမ်းတွင် တရားဝင်အခမ်းအနားဖြင့်  King Carl XVI Gustaf ထံမှ ဒီပလိုမာ၊ ရွှေတံဆိပ်တစ်ခုနှင့် ဒေါ်လာ ၁ သန်း ချက်လက်မှတ် ပါဝင်သော နိုဘယ်လ်ဆုကို ရရှိမည်ဖြစ်သည်။

 

ဒီဇင်ဘာ ၁၀ ရက်သည်  နိုဘယ်ဆုကို ချီးမြှင့်ပေးရန် သေတမ်းစာရေးပြီး စီစဉ်ခဲ့သူ သိပ္ပံပညာရှင် အဲလ်ဖရက် နိုဘယ်လ် (Alfred Nobel) ကွယ်လွန်ခြင်း ၁၈၉၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 02 October 2023 22:14
Rate this item
(0 votes)